ဗုဒ္ဓဝါဒီ အနာခီ
 ရှေးရိုးစွဲဝါဒနှင့် ကျွနု်ပ်ရဲ့စာကိုဖတ်ရင် အဆင်ပြေနိုင်ခြင်းရှိမှာမဟုက်ပါဘူး။ လွတ်လပ်တဲ့အတွေးအခေါ် မြင့်မားတဲ့ နားလည်နိုင်မှု မှန်ကန်တဲ့ ရပ်တည်ချက်ရှိတဲ့ စိတ်သန္တာန်တွေနဲ့အတူ ပါဝင်မှသာ ကျွန်တော့စာတွေက မိတ်ဆွေတို့နဲ့ ထပ်တူကျမှာပါ။ သို့မဟုက်ရင်တော့ ဝေဘန်စရာနဲ့ အမြင်လွဲစရာတွေက ရသကို ပျက်ပြယ်သွားစေပါလိမ့်မယ်။ ဗုဒ္ဓက လူသားပီပီ ချို့ယွင်းချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်လည်း လူသားပီပိ မကွယ်မဝှက် ရိုးစင်းစွာတင်ပြတာပါ။ ဖတ်ရှုမှုအတွက် ကျေးဇူးတင်ရှိပါတယ်။ နမော တဿ ဘဂဝတော အရဟတော သမ္မသမ္ဗုဒ္ဓဿ အားလုံးကို သိသူ အမှန်တရားကို ရှာတွေ့သူ ဖြောင့်မတ်သူကြိးကို ငါသည် လေးစားပါ၏။ အရာအားလုံးရဲ့အစ (ပထမအပိုင်း) လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်ကာလက ပေါ်ပေါက်ခဲ့တဲ့ အမှန်တရားကို ရှာဖွေသူကြီးတစ်ယောက်ရှိခဲ့ပါတယ်။ သူကတော့ အာဏာနဲ့အတူ အုပ်ချုပ် တက်တဲ့ မင်းဧကရာဇ် တစ်ယောက်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ မိခင်ဖြစ်သူက အသက်အလွန်ကြီးမှ ရခဲ့တဲ့သားဆိုတော့ သားဥိးလည်းဖြစ်သလို ဘုရင်ရဲ့ သားဆိုတော့ ရတနာလေးတစ်ယောက်ပေါ့။ အသက်၁၈နှစ်မှာ မိန်းမပေးစားတာခံလိုက်ရပြီး သားဦးတစ်ယောက်ပြန်ရတော့ မိန်း...