ဗုဒ္ဓဝါဒီ အနာခီ


ရှေးရိုးစွဲဝါဒနှင့် ကျွနု်ပ်ရဲ့စာကိုဖတ်ရင် အဆင်ပြေနိုင်ခြင်းရှိမှာမဟုက်ပါဘူး။ လွတ်လပ်တဲ့အတွေးအခေါ် မြင့်မားတဲ့ နားလည်နိုင်မှု မှန်ကန်တဲ့ ရပ်တည်ချက်ရှိတဲ့ စိတ်သန္တာန်တွေနဲ့အတူ ပါဝင်မှသာ ကျွန်တော့စာတွေက မိတ်ဆွေတို့နဲ့ ထပ်တူကျမှာပါ။ သို့မဟုက်ရင်တော့ ဝေဘန်စရာနဲ့ အမြင်လွဲစရာတွေက ရသကို ပျက်ပြယ်သွားစေပါလိမ့်မယ်။ ဗုဒ္ဓက လူသားပီပီ ချို့ယွင်းချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်လည်း လူသားပီပိ မကွယ်မဝှက် ရိုးစင်းစွာတင်ပြတာပါ။ ဖတ်ရှုမှုအတွက် ကျေးဇူးတင်ရှိပါတယ်။ 

နမော တဿ ဘဂဝတော အရဟတော သမ္မသမ္ဗုဒ္ဓဿ   

အားလုံးကို သိသူ အမှန်တရားကို ရှာတွေ့သူ ဖြောင့်မတ်သူကြိးကို ငါသည် လေးစားပါ၏။



အရာအားလုံးရဲ့အစ

(ပထမအပိုင်း)



လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်ကာလက ပေါ်ပေါက်ခဲ့တဲ့ အမှန်တရားကို ရှာဖွေသူကြီးတစ်ယောက်ရှိခဲ့ပါတယ်။ သူကတော့ အာဏာနဲ့အတူ အုပ်ချုပ် တက်တဲ့ မင်းဧကရာဇ် တစ်ယောက်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ မိခင်ဖြစ်သူက အသက်အလွန်ကြီးမှ ရခဲ့တဲ့သားဆိုတော့ သားဥိးလည်းဖြစ်သလို ဘုရင်ရဲ့ သားဆိုတော့ ရတနာလေးတစ်ယောက်ပေါ့။ အသက်၁၈နှစ်မှာ မိန်းမပေးစားတာခံလိုက်ရပြီး သားဦးတစ်ယောက်ပြန်ရတော့ မိန်းမနဲ့သားကို ပစ်ထားခဲ့ပြီး တောထဲကို အသိပညာရှာဖို့ဆိုပြီး အာဏာနဲ့တကွ အားလုံးကို ပစ်ထားခဲ့တယ်။ ပြီးတော့နှစ်ပေါင်း များစွာ တောထဲမှာ ဟိုလူဆရာတင် ဒီလူ ဆရာတင်နဲ့ ပညာရှာခဲ့ပေမယ့် သူသိချင်ခဲ့တဲ့ အဖြေ သူမေးနေတဲ့ပြဿ နာတွေက တစ်ခု မှ အဖြေမရတာမို့ ကိုယ့်ဘာသာကိုယ် ရှာဖယ်ဆုံးဖြတ်ပြီး အသားကုန်ကြိုးစားတွေးခေါ်ရင်းမှ သူလိုချင်တဲ့ အဖြေကို ခြောက်နှစ်ပြည့်တိတိမှ ရတော့တယ်။ အဲ့တာနဲ့ သူ သူသိတာကို ပြောပြဖို့ ကြိုးစားတော့တယ်။ သူစဉ်းစားတာက ငါ ဒါတွေကို သူများတွေကိုပြောရင် သူတို့လက်ခံနိုင်ပါ့မလားပေါ့။ 



လက်မခ့နိုင်လောက်ပါဘူးဆိုပြီး သူက မပြောဖို့ ဆုံးဖြတ်တယ်။ အဲတာနဲ့ ချီတုံချတုံပြန်ဖြစ်တယ်။ ငါပြောရင်လက် ခံနိုင်တဲ့သူေ တွအတွက် ကောင်းမှာပဲဆိုပြီး အဆုံးသတ် ဆုံးဖြတ်ပြီး သူ ထိုင်ရာကထပြီး သူ့ဘဝရဲ့ ပထမဥိးဆုံး သတင်းကောင်းပါးဖို့ စတော့တယ်။ အဲ့တာနဲ့ လမ်းဆုံမှာ အဘိုးအို တစ်ယောက်နဲ့တိုးတာပေါ့။ အဘိုးကြိးက အိုနေတော့ တုတ်ကောက်နဲ့ လမ်းလျောက်နေတာပေါ့လေ။ ဗုဒ္ဓ(သူကိုယ်သူ အသိပညာရခဲ့လို့ နိုးထခဲ့ပြီဆိုပြီး ဗုဒ္ဓလို့ဘွဲ့ခံလိုက်တာပါ။)က လမ်းလည်ရပ်ပြိး အဘိုးကြီးကို ငါက အသိပညာပြည့်စုံသူပါလို့ပြောတယ်။ ဘိုးတော်က ဂရုမစိုက်ပဲ လမ်းဖယ် ပါဟဆိုပြီး ငေါက်တယ်။ ထပ်ပြောတယ် ထပ်ဟောက်တယ် နောက်ဆုံး တုတ်ကောက်နဲပ ဗုဒ္ဓကို လမ်းဖယ်ပြိးထွက်သွားတော့တယ်။ ပထဥိးဆုံး အကြိမ်အဖြစ် ဗုဒ္ဓရဲ့ ကြိုးစားမှု ကျဆုံးခဲ့တယ်။ ဒါပေမယ့်လက်မလျော့ဘူး သူနဲ့အတူ တောထွက်ခဲ့တဲ့ သူငယ်ချင်းငါးယောက်ကို သတိရတာနဲ့သူတို့ဆီကို သွားဖို့ဆုံးဖြတ်လိုက်တယ်။ ဗုဒ္ဓက သူတွေးမိခဲ့တဲ့ အသိပညာတွေကို ဝမ်းသာလွန်းလို့ တစ်နေရာနဲ့တစ်နေရာပြောင်းတာ ခုနှစ်နေရာေ လာက်တိတိ တွေးရင်းကျေန်ပနေလိုက်တယ်။ အဲ့တာနဲ့ ၄၅ရက်လောက် သူကျေန ပ်နေတာ နောက်ဆုံး သူ သူ့သူငယ်ချင်တွေဆီသွားတော့တာပါပဲ။ 



သူလာနေတာကို ကောဏ္ဍညဆိုတဲ့ သူနဲ့အတိမ်းမယိမ်း ကြိးသူက သူ့ဆီပြေးလာပြီး ကြိုတော့တာပေါ့။ သူပျော်သွားတယ်လေ။ နွေးထွေးစွာကြိုဆိုခံရတာ ကိုး။ အဲ့တာနဲ့ သူတို့ တစ်နေကုန်လုံး အာလ္လာပ သလ္လပတွေပြောရင်း ညလောက်ကျတော့ အနားယူ နံနက်အားရုံဦးလောက်မှာ ဗုဒ္ဓက သူသိတာတွေ ကို ပြောပြဖို့ပြင်ဆင်တာပေါ့။ သူငယ်ချင်းတို့ရေ သူကပြောတယ် သူငယ်ချင်းတို့ရေ လောကမှာ အမှန်တရားက လေးမျိုးရှီတယ်။ သိထားရမယ့် နိယာမက သုံးခုရှိတယ် ဆိုပြီး သူက စလိုက်တယ်။ ကောဏ္ဍညက စိတ်ဝင်စားတော့ မေးတယ် ဘာတွေလဲ ရှင်းပြပေါ့။ အဲ့တာနဲ့ ဗုဒ္ဓက နိယာမ သုံးခုကို ရှင်းပြတယ်။ 



(၁)အနိစ္စ။ ဘယ်အရာကမှ တည်မြဲမနေဘူး

(၂)ဒုက္ခ။ဘယ်အရာကမှ လွယ်ကူခြင်းမရှိဘူး

(၃)အနတ္တ။ဘယ်အရာကမှ အစိုးမရဘူး

နိယာမ (၃)ခုကို သူက ပြောပြပေမယ့် သူတို့၅ယောက်လုံးနားမလည်ဘူး။အေဲ့တာနဲ့ ကောဏ္ဍညက ဆက်မးတယ် ဘာတွေလဲပေါ့။ သူက ရှေ့နှစ်ခုကိုနာား လည်ပေမယ့် အနတ္တဆိုတာဘာလဲပေါ့။ ဗုဒ္ဓက ပြုံးတယ်။ အဲ့တာအချက်ပဲ ကောဏ္ဍညဆိုပြီး ကောဏ္ဍည သဘောပေါက်နေပြီလို့ပြောပြတယ်။ ကောဏ္ဍည ကပိုစိတ်ဝင်စားလာတာနဲ့ သေချာနားထောင်တော့တာပေါ့။ ဗုဒ္ဓက အကျယ်ရှင်းပြတော့တာပဲလေ။ 

နိယာမ(၃)ခုကို ထိန်းချုပ်ဖလှယ်နေတာ (၄)မျိုးရှိတယ်။ အဲ့တာတွေက 

(၁)လောဘ။လိုချင်တဲ့စိတ်

(၂)ဒေါသ။မခံနိုင်တဲ့စိတ်

(၃)မောဟ။မသိတဲ့စိတ်

(၄)မာန။အထင်အမြင်ကြီးတဲ့စိတ်တွေပဲ။ 



အဲ့စိတ်တွေက အခြေခံပြီး တို့လူတွေ နိယာမ(၃)ခုထဲ မျက်စိလည်နေတာ တို့တွေ နည်းလမ်းကို ပျောက်နေတာ။ အကယ်လို့ ဒီ(၄)ခုနဲ့နိယာမတွေကို ရ်ပချင်တယ်ဆိုရင် တို့တွေ အမှန်တရားလေးခုကို နားလည်မှရမှာလေ။ အဲ့ဒီအမှန်တရားလေးခုက။

(၁)ဒုက္ခသစ္စာ။အစအဆုံးဖြစ်အောင်လုပ်နေတာကိုသဘောပေါက်တဲ့အမှန်တရား

(၂)သမုဒယသစ္စာ။ဖြစ်သမျှအရာအားလုံးက ပြန်ပြန်ဖြစ်နေတာကိုသဘောပေါက်တဲ့အမှန်တရား

(၃)မဂ္ဂသစ္စာ။ရှင်သန်နေထိုင်တဲ့တစ်လျောက်လုံးပြုကျင့်သင့်တဲ့အမှန်တရားနည်းလမ်း(၈)ခုကိုသိတဲ့အမှန်တရား

(၄)နိရောဓသစ္စာ။အားလုံးကိုသဘောပေါက်ပြီး လွတ်ထွက်နိုင်တာကိုသိတဲ့အမှန်တရား

ဒါတွေပါပဲ။ ဒါတွေကို နားလည်ပြီဆိုရင် တစ်ကယ်လုပ်ရမယ် လုပ်နိုင်ခဲ့ရင် တို့လူသားအားလုံး လိုအပ်နေတဲ့ စစ်မှန်တဲ့ သန္တိကို ရပြီပဲ ။ 

ကောဏ္ဍညက ခေါင်းရှုပ်သွားတယ်။ အမှန်တရားလေးခုနဲ့ သန္တိကိုပေါ့။ အဲ့တာနဲ့ ဆက်မေးတယ်။ ပထမအမှန်တရားကဘာလဲပေါ့။ 

ဆိုတော့ ဗုဒ္ဓက ကောဏ္ဍညနားမလည်တာကို သဘောပေါက်တာနဲ့ အရင်ဆုံး သန္တိကို လူတိုင်းဘာလို့လိုအပ်တာလဲ အရင်ရှင်းပြတာပေါ့။ 



လူတိုင်း လူတိုင်း နေ့စဉ်နဲ့အမျှ ကြုံနေကြရတာက ထိန်းချုပ်ထားတဲ့ စိတ်လေးမျိုးကြောင့် အကြောင်းဖြစ်လားပြီး နောက်ဆက်တွဲက နိယာမထဲအကျုံးဝ င်သွားတော့တယ်။ အဲဒီအခါမှာ လူတွေက လွတ်လမ်းကို ရှာကြရတော့တယ်။ အကျိုးဆက်ကို ကြောက်လာကြတယ်။ ရှက်လာကြတယ်။ အဲ့တာနဲ့ မျော်လင့်လာတာက ငါတို့ဒီခံစားရတာတွေက လွတ်မြောက်ရာရှိပါ့မလားပေါ့။ ကိုယ်ဆီ တို့ရှေးလူတွေရှာခဲ့ကြတယ်။ ငါလည်း ရှာတယ်။ ခြောက်နှစ်တိတိ ငါမတွေ့ခဲ့ဘူး။ သိပ်ပြင်းထန်လွန်းရင်လည်း မမှန်ဘူး။ သိပ်နုနယ်လွန်းရင်လည်း အဲ့တာကြောင့် ငါ အလယ်အလတ်လောက်ကို ကြိုးစားပြိး ထိန်းချုပ် ကြည့်ေ တာ့မှ ငါ တိုတွေပအားလုံး လိုအပ်နေတဲ့ အဖြေစစ်ကို ရှာတွေ့ခဲ့တယ်။ ငါကိုယ်တိုင်လည်း ရခဲ့ပြီ။ အေးချမ်းတဲ့ ဒီ အရာ ပန်းတိုင်းကို လူတိုင်းရနိုင် တယ်။ ကေဏ္ဍည အဲ့တာကို သန္တိလို့ခေါ်တယ်။ သန္တိကို နိဝါန လို့ခေါ်တယ် နိဝါနက အစစ်မှန်ဆုံးသော ငြိမ်းချမ်းခြင်းပဲ။ နိဝါနကို ရချင်တဲ့ သတ္တဝါတိုင်းက အမှန်တရားလေးမျိုးကို သဘောပေါက်ပြီး လုပ်ကိုင်နိုင်ရမယ် အဲ့တာဆိုရင် နိဝါနတရားကို ရပြီ ကောဏ္ဍညရေ။ 



အမှန်တရား လေးမျိုးမှာ အကြောင်းဖြစ်စေတာက ပထမအမှန်တရားဖြစ်ပြိး အကျိုးက ဒုတိယအမှန်တရားပဲ တတိယအမှန်တရားနဲ့ ကျင့်ကြံမယ်ဆိုရင် စတုတ္ထအမှန်တရားက ပီပြင်လာပြိး နိဝါနကို ရပြီ။ 



အကျယ်ရှင်းပြလိုက်တော့မှ ကောဏ္ဍညသဘောပေါက်နားလည်သွားပြီး ကျေနပ်တော့တယ်။ ကျန်တဲ့လေးယောက်က နားမလည်သေးတာမို့ နောက် ၄ရက် လောက်ပြန်ရှင်းပြလိုက်ရတယ်။ ခြောက်ရက်မြောက်နေ့မှာ အကျယ်သဘောနဲ့ အနတ္တကို ရှင်းပြတော့တယ်။ အဲဒီအခါမာျ ဗုဒ္ဓအပါအဝင် ၅ယောက် လုံး နိဝါနရဲ့ အရသာကိုခံစားနိုင်ကြတော့တာပေါ့။ ဗုဒ္ဓက ကျေနပ်တဲ့စိတ်နဲ့ ကောဏ္ဍညတို့ကို ခဏထာခဲ့ပြီး တစ်ခြားလူတွေသွားရှာတော့တာပါပဲ နောက်ဆုံး ရက်ပေါင်း ၁၀ရက်နဲ့ လူပေါင်း ၈၀ကျော်ကို ရှင်းပြနိုင်ခဲ့တယ်လေ။ အားလုံးကို ပြန်စုလိုက်ပြိး သူကပြောပြတော့တယ်။ ငါတို့ဒီလိုသိသလို သူမျာတွေကိုလည်းသိအောင်လုပ်ရအောင်ဆိုပြိး အရပ်ရှစ်မျကနှာလုံးကို အဆုံးအမလွတ်လိုက်တော့တယ်။ ဒါက ဗုဒ္ဓရဲ့ သာသနအစပါပဲ။ တစ်ကယ်တော့ ဗုဒ္ဓသာသနကို လက်ခံခြင်းက ဘာသာတရားတစ်ခုလိုမျိုးလက်ခံရမှာမဟု်ကပါဘူး။ ဘာသာတရားတစ်ခုလိုလက်ခံနေမိရင် လွဲနေတာပါ။ ဗုဒ္ဓကို ကန့်တော့ စရာမလိုပါဘူး။ ကန်တော့ရအောင်လည်းသူက ဘာမှမဟုက်ပါဘူး။ သူက ရိုးရိုးလူတစ်ယောက်ပါပဲ။ သူလည် းအကန်တော့မခံလိုပါဘူး။ သူ့ကို ရိုသေရင် သူကျေနပ်ပါတယ်။ သူက ယောက်ကျားမပီသခဲံပါဘူး။ ထားခဲ့တဲ့ မိန်းမကိုလည်း ပြန်မထာက်ပံ့သလို ကိုယ်သွေးသား ကလေးကိုလည်း ကြိုက်ကြိုက် မကြိုက် အတင်းဇွတ် သူ့လို လုပ်ပစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချက်တွေကလွဲရင် ဗုဒ္ဓက လူသားအားလုံးအတွက် အရမ်းကောင်းမွန်တဲ့ အဆုံးအမ လမ်းညွန်တွေကို ပေးနိုင်ခဲ့ပါတယ်။ 



သူက သူမတူတဲ့ သူတစ်ယောက်ပါ။ ရှုပ်ထွေးတာတွေကို မုန်းတီးပြီး တိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူ အသက်ရှင်သန် သွားသူ တစ်ယောက်ပါ။ သိပ်လူသားဆန်ပြီး သိပ်တိရစ္ဆာန်ဆန်သူတစ်ယောက်ပါ။ ဘာပဲပြောပြော သိပ်ပြီး သဘာဝကျခဲ့သူတစ်ယောာက်ဆို မမှားပါဘူး။ သူ့ကိုယ်သူ တော်တယ်တက်တယ် မာနကြိး ဖင်ခေါင်းကျယ်ခဲ့ပေမယ့် ဘယ်တော့မှ မမောက်မာခဲ့သူပါ။ တောထဲမှာပဲ သဘာဝနဲ့ ထပ်တူ အေးချမ်းတဲ့ စိတ်နဲ့ ပျော်ပျော်နေတက်သူပါ။ ဘဝရှင်သန်ရခြင်းအကြောင်းတွေ ဘဝဖြစ်တည်ရခြင်းအကြောင်းတွေ မေးခွန်းတွေ အဖြေတွေနဲ့ ပျေ်ာနေတက်သူပါ။ သိပ် ပျော် တက်သူတစ်ယောက်ဖြစ်သလို သိပ်လည်း စကားများလေကြောရှေည် လူလည်တစ်ယောက်ပေါ့။ သူ့ကိုမေးခွန်းမေးရင် ကွေ့ဝိုက်ပြီးဖြေတက်ပေ မယ့် သူ့ရဲ့အသိကိုဖြန့်ဝေတက်တဲ့ သူတစ်ယောက်ပါ။ မရိုးသားသလို သိပ်ပွင့်လင်းတဲ့သူ၊ လိမ်တက်သလို မညာတဲ့သူ၊ ပြောပြတက်သလို ဖွက်တက်တဲ့သူ မေးတက်သလို ဖြေတက်တဲ့သူ၊ စိန်ခေါ်ရဲသလို ဖြန်ဖြေနိုင်တဲ့သူ သူရဲကောင်းမဆန်သလို ကယ်တင်ရှင်လည်းမဟုက်တဲ့သူ၊ အမှန်တရား ကိုရှာဖွေနေသလို မှန်တဲ့တရားကို တွေ့သွားတဲ့သူ၊ လူသားတစ်ယောက်ဖြစ်သလို လူသားဆန်တဲ့သူ တစ်ကယ်တော့ ဗုဒ္ဓဟာ တစ်ကယ်ကို တော်တဲ့ လူသားတစ်ယောက်ပါပဲ။ 



သူဟာ ယောက်ကျားမိန်းမ မခွဲခြားတက်သလို လူသားတိုင်းကိုလည်း တန်းတူအဖြစ်သတ်မှတ်တဲ့သူ သတ္တဝါအားလုံးမှမှ လူသားက အမြင့်ဆုံးသောသူ အဖြစ်လက်ခံတဲ့သူ တစ်ခါတစ်လေ အရင်းရှင်ဆန်တက်သလို တစ်ခါတစ်လေ ကွန်မြူနစ်ဆန်တဲ့သူ တစ်ခါတစ်လေ အနာခီကျကျနေတက်တဲ့သူ သူမထိန်းနိုင်တဲ့အခါ ရှောင်ထွက်တက်တဲ့ အကျင့်ဆိုးရှိသလို သူစိတ်ပါတဲ့အခါလုပ်တက်ပြီး စိတ်မပါရင် လျစ်လျူရှုတက်သူ သူက လူသားပဲလေ ဘုရားမှ မဟုက်တာ။ ဒါပေမယ့် စိတ်မကောင်းစရာက သူ့ရဲ့ မတည်ထောင်ခဲ့သော သာသနာကြိးက သူ့ရဲ့ အလိုနဲ့ ဆန့်ကျင်ဘက်လုပ်လိုက်ပြီလေ။ သူ ရှိရင်တော့ ကြေကွဲမှာ အသေအချာပါပဲ။ အော် ဗုဒ္ဓ သနားစရာပုဂ္ဂိုလ် သင့်ကိုငါလေးစားပေမယ့် သင့်ရဲ့ အုသာသနာကြီးကိုတော့ ငါ ရွံ့မုန်းမိတယ်။ သင့်စကားတွေက စံ ဖြစ်ခဲ့ပေမယ့် အခု သင့်စကားတွေနဲ့ တည်ထောင်ထားတဲ့ သာသနာကြိးက ဘာစံမှ မရှိပဲ အလကား ဖြစ်နေတယ်။ သင့်ကို ကျုပ် သနားမိတယ်။ လူတန်းစားမခွဲခြားတဲ့သင့်ဆန္ဒက တစ်လွဲဖြစ်လို့ လူတန်းစားတွေခွဲနေပြီလေ။ သင့်ကိုကျုပ်သနးလွန်းတယ်ဗုဒ္ဓရယ်။ မင်းစကားကို သူ့စကားလုပ် မင်းမပြောတာကို မင်းပြောလုပ် လုပ်ချင်တိုင်းလုပ် ရမ်းချင်တိုင်းရမ်း မင်းသာသနာကို က ရစရာမရှိဖြစ်နေပြီ။ ဒါပေမယ့်လည်း တိုပကတော့ မင်းစကားကိုရအောင်ရှာ မင်းအတွေးကိုထပ်တူတွေး မင်းအေးချမ်းမှုကို ထပ်တူပြု ကြိုးစားပါတယ် ဗုဒ္ဓရယ်။ မင်းက သိပ်တော်လွန်းတယ်။ ဒါပေမယ့် မင်း ညံ့ခဲ့တယ်။ မင်းသူတို့ကို မထားခဲ့သင့်ဘူး။ မင်း စည်းမျဉ်းတွေထက် လမ်းပြမှုတွေကို ပိုပေးခဲ့သင့်တယ်။ မင်း လူပေါ်လူစော် အတန်းအစားထားခဲ့တာက မင်းရဲ့ အမှားကြီးပဲ ဗုဒ္ဓရေ မင်း သိပ်မှားခဲ့တယ်။ 



ဗုဒ္ဓသေခါနီး မှာခဲ့တယ် ။ 



မင်းတို့ ငါချပေးခဲ့တဲ့ စည်းမျဉ်းတွေကို သေးတာရှိတာတွေကို ဖြုတ်ချင်ဖြုတ်ကွာ သတိကပ်ပြီးအသက်ရှင် မပေါ့ဆနဲ့တဲ့။ ပြီးတော့ သူ လောကကြီးကနေ ထွက်သွားခဲ့တယ်။ 

သူသေခဲ့ပေမယ့် သူ့အတွေးတွေက လောကကြီးထဲ စီးမျောနေဆဲပါ။ သူတစ်ခါက ပြောခဲ့တယ်။ 



ငါ့ညီအားနန္ဒာ ငါ့တရားတွေက ငါ့ဟာငါ ရှာကြံဟောနေတာမဟုက်ဘူးကွ ငါသဘာဝကြီးထဲရှိတာကို ရှိတဲ့အတိုင်းပြောတာကွ တဲ့ သူရှိတဲ့အတိုင်းပြောခဲ့ ပေမယ့် သူမပြောခဲ့တာတွေကို သူပြောခဲ့တယ်လုပ်ပြီး သူအတုလုပ်တာတွေက ဗုဒ္ဓရေ မင်သာသနာထဲမှာ အများကြီးဟေ့။ သူမှာခဲ့တယ်။ နောက်ပိုင်းကျ ရင် သူ့စကားတွေက ပျောက်ပြီး အစားထိုးခံရလိမ့်မယ် အမှားအမှန်ခွဲခြားရခက်မယ်တဲ့ သူပြောတဲ့အတိုင်းပါပဲ မင်းပြောခဲ့တာကို ငါ တစ်ကယ် ဒီနေ့ အထိ ရှာဆဲပါကွာ။ မင်းအေးချမ်းနေပေမယ့် ငါမအေးချမ်းနိုင်သေးဘူး ဗုဒ္ဓရေ။  





ဆက်ပါဥိးမည်။

Leonere Deolr 



Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )