ဖက်ဒရယ်မူနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အကြောင်း
၁။ ဖက်ဒရယ်မူနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အကြောင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ့ မဟာတိုင်းရင်းသားဝါဒီတွေ သဘောပေါက်ဖို့လိုတာက အခုတစ်ဆို့နေတဲ့ ကိစ္စဟာ ဖက်ဒရယ်မူ နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရေး မပေးရေးမှာ တစ်ဆို့နေတာမဟုတ် ။ ဘယ်လို ဖက်ဒရယ်မူလဲ ၊ ဘယ်လိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လဲဆိုတဲ့အကြောင်းဆွေးနွေးမယ့် ယန္တရားမှာ လာတစ်ဆို့နေတာဖြစ်တယ် ။ ---------------------------------- ၂။ ဒီထက်ရှင်းအောင် အရပ်ပြောပြောရလျှင် ဖက်ဒရယ်မူလား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လား အေး ... မင်းတို့ပြောတာ ငါတို့ပေးမယ် ။ သို့သော် ဒီဖက်ဒရယ်မူမှာ ပြည်ထောင်စု ဘာတွေကိုင်ထားမလဲ ၊ ပြည်နယ်တွေက ဘာတွေယူကြမလဲ ။ ဒါတွေက အသေးစိတ်ညှိရမယ် ။ ညှိမယ်ဆိုတဲ့အထဲ ပြည်ထောင်စုနဲ့တင် ညှိလို့မရဘူး ။ ပြည်နယ်ချင်းလဲ အကြေအလည်ညှိရမယ့် ကိစ္စတွေ အများကြီးရှိတယ် ။ ဥပမာအားဖြင့် ဆိုရလျှင် ရှမ်းနဲ့ တအောင်းဝ် နဲ့ ညှိရမှာတွေရှိတယ် ။ ရှမ်းနဲ့ ၀နဲ့ ညှိရမှာတွေ ရှိတယ် ။ ဝြပည်နယ်တောင်းတယ် ။ ရှမ်းက သဘောတူလား ။ တအောင်းဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးရမယ်ဆိုလျှင်ရော တကယ်ပေးနိူင်ပြီလား ။ ပအို့ဝ် နဲ့ ရှမ်းရော နယ်မြေခွဲခြားသတ်မှတ်ရေးကိစ္စတွေ အကြေအလည်ဖြစ်ပြီလာ...