ဖက်ဒရယ်မူနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အကြောင်း
၁။ ဖက်ဒရယ်မူနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အကြောင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ့ မဟာတိုင်းရင်းသားဝါဒီတွေ သဘောပေါက်ဖို့လိုတာက အခုတစ်ဆို့နေတဲ့ ကိစ္စဟာ ဖက်ဒရယ်မူ နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရေး မပေးရေးမှာ တစ်ဆို့နေတာမဟုတ် ။
ဘယ်လို ဖက်ဒရယ်မူလဲ ၊ ဘယ်လိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လဲဆိုတဲ့အကြောင်းဆွေးနွေးမယ့် ယန္တရားမှာ လာတစ်ဆို့နေတာဖြစ်တယ် ။
----------------------------------
၂။ ဒီထက်ရှင်းအောင် အရပ်ပြောပြောရလျှင် ဖက်ဒရယ်မူလား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လား အေး ... မင်းတို့ပြောတာ ငါတို့ပေးမယ် ။ သို့သော် ဒီဖက်ဒရယ်မူမှာ ပြည်ထောင်စု ဘာတွေကိုင်ထားမလဲ ၊ ပြည်နယ်တွေက ဘာတွေယူကြမလဲ ။ ဒါတွေက အသေးစိတ်ညှိရမယ် ။
ညှိမယ်ဆိုတဲ့အထဲ ပြည်ထောင်စုနဲ့တင် ညှိလို့မရဘူး ။ ပြည်နယ်ချင်းလဲ အကြေအလည်ညှိရမယ့် ကိစ္စတွေ အများကြီးရှိတယ် ။ ဥပမာအားဖြင့် ဆိုရလျှင် ရှမ်းနဲ့ တအောင်းဝ် နဲ့ ညှိရမှာတွေရှိတယ် ။ ရှမ်းနဲ့ ၀နဲ့ ညှိရမှာတွေ ရှိတယ် ။ ဝြပည်နယ်တောင်းတယ် ။ ရှမ်းက သဘောတူလား ။ တအောင်းဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးရမယ်ဆိုလျှင်ရော တကယ်ပေးနိူင်ပြီလား ။ ပအို့ဝ် နဲ့ ရှမ်းရော နယ်မြေခွဲခြားသတ်မှတ်ရေးကိစ္စတွေ အကြေအလည်ဖြစ်ပြီလား ။
ဒါတွေ အရင်ဆုံးဆွေးနွေးဖို့လိုတယ် ။ ဒီကိစ္စကို ရှင်းမှ ခင်ဗျားတို့ကို ဘယ်လောက်ပေးပြီး ခင်ဗျားတို့က ဘယ်လောက်ပြဋ္ဌာန်းမယ်ဆိုတဲ့ ကိစ္စတွေကို အတည်ပြုနိူင်မယ် ။
---------------------------------
၃။ ကောင်းပြီ ဘယ်လို ဆွေးနွေးကြမလဲ ။ ဆွေးနွေးမယ့် ယန္တရား Machanism က ဘာလဲ ။
အစိုးရနဲ့တပ်က ပြောနေတာက NCA ထိုးလိုက် ၊ အပစ်အခတ်အရင်ရပ်လိုက် ။ ပြီးလျှင် Political Frame Work ဆွဲမယ် ။ ဒီ Frame Work အတွင်းမှာ ဆက်ဆွေးနွေးမယ် ။ ဒီ Mechanism ယန္တရားကို အဆိုပြုတယ် ။
အဲဒီယန္တရားကို အဖွဲ ့ဆယ်ဖွဲ ့က လက်ခံတယ် ။ FPNCC မြောက်ပိုင်းမဟာမိတ်အဖွဲ ့ဆိုတဲ့ အဖွဲ ့ရှစ်ဖွဲ ့က လက်မခံဘူး ။ ကပြားဇာတ်ပျက် ယန္တရားတစ်ခု ထပ်အဆိုပြုတယ် ။
အဲဒီ ဇာတ်ပျက်ယန္တရားက ဘာကိုဆိုလဲဆိုတော့ သူတို့က တစ်ဖွဲ့ချင်း မဆွေးနွေးဘူး ။ FPNCC ဆိုပြီး အဖွဲ ့ရှစ်ဖွဲ ့ပါတဲ့ စုပေါင်းအဖွဲ ့အနေနဲ့ပဲ ဆွေးနွေးမယ်လို့ဆိုတယ် ။
--------------------------------
၄။ ကောင်းပြီ ... အဲဒီ စုပေါင်းအဖွဲ ့ရှစ်ဖွဲ ့ရဲ ့ ဘုံ နိူင်ငံရေး သဘောတူညီချက်က ဘာလဲ ။ တစ်ဖွဲ ့နဲ့ တစ်ဖွဲ ရော ဘယ်လောက်အထိ အကျေအလည် ဆွေးနွေးသဘောတူထားနိူင်လဲ ။
KIA နဲ့ ၀က ဘယ်လောက်များ သွေးစည်းညီညွတ်နေလဲ ။ ၀ နဲ့ တအောင်းဝ် ကရော တစ်သက်မခွဲစတမ်း လည်ပင်းဖက်သွားမယ့် အဖွဲ ့နှစ်ဖွဲ့ လား ။ SSPP ကရော ရှမ်းကို ကိုယ်စားပြု ဆွေးနွေးမှာလား ဒါမှမဟုတ် အဲဒီ FPNCC ရဲ့အကျိုးစီးပွားပေါ် အခြေပြုဆွေးနွေးမှာလား ။ အခုနောက်ဆုံး အေအေ က ဖက်ဒရယ်ထက် ကွန်ဖက်ဒရေးရှင်းပုံစံ လိုချင်တယ်ပြောတယ် ။ဒါကရော အေအေရဲ့သဘောထားလား FPNCC ရဲ ့ သဘောထားလား ။
ဒီမေးခွန်းတွေရဲ ့ အဖြေကို ဘယ်သူသိလဲ ။ ဘယ်သူမှ မသိဘူး ။ ဘယ်သူမှ မသိဘဲ အစိုးရ နဲ့ တပ်က စောက်ပေါမို့လို့ အဖွဲ ့လိုက်ပဲ လာဆွေးနွေးမယ် ၊ တစ်ဖွဲ ့ချင်း မဆွေးနွေးနိူင်ဘူးဆိုတဲ့ ယန္တရားကို လက်ခံရမလား ။
မနေ့တစ်နေ့က ထပေါင်း ၊ ဒီနေ့စိတ်ကောက်လျှင် ဒီနေ့ထပျက် ၊ အဖွဲ့ထဲက ဖုတ်ဖက်ခါထထွက်သွားမယ့်အဖွဲ ့တွေက အရပ်ရပ် နေပြည်တော် ကြားလို့မှ မသင့်တော် အဖွဲ ့လိုက်ပဲ ဆွေးနွေးနိူင်မတဲ့ 😫😫😫
-----------------------------
၅။ ကဲပါ ။ အဲဒီအဖွဲ ့လိုက်ပဲ ဆွေးနွေးတဲ့ ယန္တရား ၂၁ ပင်လုံရောက်လာပြီပဲ ထားပါတော့ ။ ပထမယန္တရား နဲ့ ဒုတိယ ယန္တရားကြားမှာ အစိုးရ နဲ့ တပ်က ဘာလုပ်ပေးရမလဲ ။
အရင်လက်မှတ်ထိုးပြီး ပထမယန္တရားအတိုင်းသွားနေတဲ့ အဖွဲ ့ဆယ်ဖွဲ ့ကိုပဲ ဆောရီးနော် ငါတို့ကို ခွင့်လွှတ်ပါဆိုပြီး ဘွာတေးပြောရမှာလား ။ ဒါမှမဟုတ် ငါတို့သဘောတူထားတဲ့ ပထမယန္တရားအတိုင်း မလုပ်တော့ဘူး ။ အခု ၂၁ ပင်လုံက သဘောတူညီမှုရထားပြီးတဲ့ နိူင်ငံရေးအခြေခံမူတွေလဲ FPNCC ကျေနပ်အောင် ပြန်ဆွေးနွေးမယ် ထကြေငြာရမလား ။
အဲဒီမေးခွန်းရဲ ့ အဖြေကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တွင်တွင်ပြောနေတဲ့ ငတိ ငတတွေ လာဖြေကြည့် ။ အစိုးရနဲ့တပ်က ဘာဆက်လုပ်ပေးရမလဲ ။
----------------------------
၆။ အဆုံးသတ်မှာ ဘာဖြစ်လဲဆိုတော့ ပထမယန္တရားတုံ့ဆိုင်းသွားတယ် ။ ပထမယန္တရားမှာပါတဲ့ KNU လို အဖွဲ ့တွေကလဲ အခြေအနေစောင့်ကြည့်ရမလိုလို အစည်းအဝေးပဲ ပြန်ထိုင်ရတော့မလိုလို ဖြစ်ကုန်တယ် ။
တစ်ခါ ဒုတိယ ယန္တရားက အတည်ဖြစ်လားဆိုတော့လဲ မဖြစ်ဘူး ။ ဘယ်ဖြစ်မလဲ ။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ပါ့မယ် ။ တစ်ဖွဲ ့ချင်းရဲ ့ လိုလားချက်တွေ ဆွေးနွေးပါဆိုမှ အကျိုးစီးပွားနဲ့လိုလားချက်မတူတဲ့အဖွဲ့တွေက တစ်ဖွဲ ့ချင်း မဆွေးနွေးဘူး ။ အဖွဲ ့လိုက်ပဲ ဆွေးနွေးနိူင်မယ် ထလုပ်တော့ ကိုယ့်စိတ်ထဲ မြင်သလို ဆိုရလျှင် FPNCC ကလာပြောတဲ့ ဒုတိယယန္တရားဟာ ဖျက်မြင်းလို့ပဲ မြင်တယ် ။
အမှန်က ယန္တရားလို့တောင် အမည်မတပ်သင့် တကယ်က ပထမယန္တရားကို တုံ့ဆိုင်းသွားရုံလုပ်တဲ့ ဖျက်မြင်းသက်သက် ။
---------------------------
၇။ ဖျက်မြင်းက ဘာကို ဖျက်တဲ့ဖျက်မြင်းလဲ ။
ပြည်ထောင်စုက ခွဲမထွက်ရပါဘူးလို့စာနဲ့ကတိတောင်းနေတဲ့ ယန္တရားကို ဖျက်ချင်တယ် ။ တစ်ခုတည်းသော တပ်မတော်မူကို လက်ခံခိုင်းနေတဲ့ယန္တရားကို ဖျက်ချင်တယ် ။
ဒါနဲ့ ဒီ မဖြစ်နိူင်တဲ့ အဖွဲ ့လိုက်ဆွေးနွေးမယ်ဆိုတဲ့ ဖျက်မြင်းကို အဆိုလာတင်တာ ။
ဒီလိုနဲ့၂၁ ပင်လုံကြီးက ဆက်လုပ်ရမှာလိုလို ခဏနားပြီးအမောဖြေရမှာလိုလို ဖြစ်သွားရော ။
---------------------------
၈။ အထက်က ဖြစ်စဉ်တွေကို ကြည့်လျှင် ပထမယန္တရား အရှိန်အဟုန်နဲ့လည်ပတ်လာမှာ ၊ တကယ့်တကယ် ဖက်ဒရယ်စနစ်ဖြစ်လာမှာကို ကြောက်တဲ့ သူတွေဟာ ဘယ်သူတွေလဲဆိုတာ ထင်ထင်ရှားရှားတွေ့ရမယ် ။
ဖက်ဒရယ်ထက် လက်ရှိရနေတဲ့ အနေအထားက အနေချောင်တာကိုး ။
ထွန်းမြတ်နိူင်လိုကောင် အာထချောင်လိုက်တာဟာ ဘယ်သူက ဖက်ဒရယ် စနစ်ပီပီပြင်ပြင် ဖြစ်လာမှာကို ကြောက်နေလဲဆိုတာ ပိုပေါ်လွင်တယ် ။
-----------------------------
၉။ တစ်ခါတစ်လေ စိတ်ပေါက်ပေါက်နဲ့ တွေးမိတယ် ။ ကိုယ်တွေသာ တန်ခိုးရှင်ဆိုလျှင် ငွေကြေးစနစ် ၊ နိူင်ငံခြားရေးတွေ မပါသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တစ်နှစ်လောက် အစမ်းပေးလိုက်ချင်တယ် ။
ရော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ။ သင်ကြကွာ ကိုယ့်စာနဲ့ကိုယ် ခုချက်ချင်းသင် အခုဆို အခုသင် ။ သင်မယ့်ကောင် အလုံအလောက် ရှိလား မရှိဘူး ။ ဘယ်ရှိမတုန်း ကိုယ့်စာနဲ့ကိုယ် သင်ရမယ်လို့စောက်ဖောင်းထိုင်ထုနေတဲ့ကောင်က ပြည်ပမှာကိုး ။ သူပြန်လာပြီး သင်လားဆိုတော့လဲ မသင်ဘူး ။
ဆက်သွယ်ကြကွာ တစ်ပြည်နယ်နဲ့တစ်ပြည်နယ် ကိုယ့်စာနဲ့ကိုယ် ။ တစ်ပြည်နယ်နဲ့တစ်ပြည်နယ် မပြောနဲ့ ။ ကိုယ့်ပြည်နယ်တွင်းတောင် ကိုယ်ပြောတာ နားမလည်ဘူး ။ ဘယ်နားလည်မလဲ ပြည်နယ်တစ်ခုမှာ လူမျိုးတစ်မျိုးပဲ နေတာမှ မဟုတ်တာ ။ လူမျိုးတွေ အများကြီးနေတာ ။
ဒါတောင် ဂျိန်းဖောစာကို ပြည်နယ်စာ သတ်မှတ်လို့ လီဆူး နဲ့ ရ၀မ်က ထ ကလန်မယ့် ကိစ္စမျိုး ဥပမာ မပေးသေးဘူး ။
-------------------------------
၁၀။ ထားကြကွာ ကိုယ့်ပြည်နယ် စစ်တပ်နဲ့ကိုယ် ။ အံမယ် တပ်မတော်သာ စောက်ဖောင်းထိုင်ထုနေတာ ကိုယ့်ဖာသာကိုယ်တော့ အတော် ညီညွတ်ကြသကိုး ။
တစ်ပြည်နယ် နဲ့ တစ်ပြည်နယ် ၊ တစ်ဒေသနဲ့ တစ်ဒေသ တိုက်လိုက်ကြမယ့် စစ်တွေ ။ ပစ်လိုက်ကြမယ့် သေနတ်တွေ ။ အခု ပြည်နယ်ငါးခုမှာ တပ်က စစ်ရေးလှုပ်ရှားမှုရပ်တော့ သေနတ်သံတွေ စဲသွားလား အချင်းချင်း ထသတ်နေလား မညာတန်းဖြေကြည့် 😏😏😏
ထုတ်ကြကွာ ကိုယ့်ပြည်နယ်နဲ့ကိုယ်သယံဇာတ ။ ငါ့လခွမ်း တောင်ဇလပ်ပန်း နဲ့ အောက်ချင်းငှက်ပဲ ရှိတဲ့ ချင်းပြည်က နားကားရော ။ ကယားက ဘာတွေထွက်တုန်း ။ ထွက်တဲ့ပြည်နယ်က ကိုယ်ထွက်တာ ကိုယ်ယူကြေးဆို ချင်းတို့ကယားတို့က အငတ်နေရမလား ။
တစ်လက်စတည်းမေးပါရစေအုန်း ။ အဖွဲ ့လိုက်ပဲ ဆွေးနွေးမယ်ဆိုတဲ့ FPNCC ရဲ ့ ခေါင်းကိုင်ဖခင်ကြီး ၀ကရော ခင်ဗျားဒေသမှာ ဘာတွေ ထွက်တုန်း 😛😛😛
-----------------------------------
၁၁။ လိုရင်းကို ပြန်ချုပ်ရလျှင် ဖက်ဒရယ် နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဘယ်သူမှမငြင်း ။ ရော့ အင့်လို့ ယူသွားတော့လို့ တန်းပေးလို့ရတဲ့ ပစ္စည်းမျိုး မဟုတ်လို့ညှိနေရတာ ။
ဒဲ့ပြောရလျှင် ငါ့လက်ကလွတ် ဗြွတ်ဆိုပြီး ပေးလိုက်လျှင် မောင်ရင်တို့ ပြည်နယ်တွင်းတွေမှာကို အားကြီးတဲ့ကောင်က အားနည်းတဲ့ကောင်ကို ဖျင်တက်ချကုန်မှာစိုးလို့ ညှိနေရတာ ။
ဘယ်လိုဖက်ဒရယ်လုပ်မယ် ။ ဘယ်ဟာကို ပြည်ထောင်စုက ယူပြီး ဘယ်ဟာကို ပြည်နယ်တွေက ကိုင်မယ် ။
ဒီကိစ္စကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းလို့ရပေမယ့် လတ်တလော မင်းတို့မှာ အရင်းအမြစ်တွေ မရှိသေး ။ ဒါကြောင့် လောလောဆယ် ဒါကို ခဏထား ။ မင်းတို့အဆင်ပြေချိန် ကိုယ့်ဖာသာကိုယ်လုပ်တော့ ။ ဒါမျိုးတွေ လုပ်ချင်လွန်းလို့ကို လာကြပါဟ ၂၁ ပင်လုံ ၊ ထိုးကြပါဟ NCA လုပ်နေရတာ 😫
အခု ရှင်းပြတာကို ရှင်းကြလား ....ဂွခပ်ကျကျ ကိုယ့်လူ ဖက်ဒရယ်ဝါဒီ ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဝါဒီတို့ ☺️☺️☺️
------------------------------------
ရဲမိုး
21.Jan.2019 က စတေးတပ်အဟောင်း

Comments
Post a Comment