Performance Based Design
Performance Based Design ဆိုသည်မှာ။ အခုတလော မြန်မာပြည်မှာ ရေပန်းစားနေတာက Performance Based Design ပါ။ ဒီတော့ Performance Based Design ဆိုတာ ဘာလဲ? Performance Based Design ဆိုတာကတော့ Performance ကို အခြေခံတဲ့ Design ပဲပေါ့။ ဘယ်အခြေအနေမှာဖြစ်တဲ့ Performance လဲဆိုတော့ ငလျင်လှုပ်တဲ့အချိန်မှာ ဖြစ်လာတဲ့ အဆောက်အအုံရဲ့ Performance ကိုပြောတာပါ။ တနည်းအားဖြင့်ဆိုသော် ငလျင်ဒဏ်တွေကို Design လုပ်တဲ့ နည်းစနစ် တစ်မျိုးဖြစ်ပါတယ်။ ဒါဆို ငလျင်ဒဏ် ခံနိုင်အောင် အရင်က ဘယ်လို Design လုပ်ခဲ့ကြသလဲ? Code Based နဲ့ Design လုပ်ခဲ့ကြပါတယ်။ Code Base နဲ့ Design လုပ်တဲ့အခါ Building Code တွေမှာ သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း လိုက်နာဆောက်ရွက် တွက်ချက်ကြရတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေကို ဘေးတိုက်တွန်းအား ခံနိုင်ရည် တွက်ချက်ရာမှာ စဉ်းစားတဲ့ အချက် ၂ ခု ရှိပါတယ်။ အဲဒါတွေက လေ နဲ့ ငလျင်ပါ။ အထပ်မြင့် အဆောက်အအုံတွေမှာ လေတိုက်နှုန်းခံနိုင်ရည် တွက်ချက်တဲ့အခါ Strength ထက် Serviceability ကို ပို ဦးစားပေးရပါတယ်။ ဘာလို့လဲဆိုတော့ လေပြင်း တိုက်ခတ်တဲ့အခါ မပြိုကျအောင်ထက် နေတဲ့သူတွေ ဒုက္ခ မရောက်ရအောင် စဉ်းစားပေးရတာမျိုးပါ။ လေတိုက်လ...