CD Shelter ဆိုတာ
CD Shelter ဆိုတာ
Shelter ဆိုတာက ပတ်ဝန်းကျင်ရဲ့ လေဒဏ် မိုးဒဏ် နေရောင်ဒဏ်တွေ တိုက်ရိုက်ထိတွေ့တာတွေကနေ အကာအကွယ်ပေးဖို့၊ သူ့အရိပ်အာဝါသကို ခိုလှုံပြီး သက်ရှိတွေ၊ လူတွေ နေထိုင်နိုင်ဖို့၊ တည်းခိုဖို့၊ ခိုအောင်းဖို့ အမိုးအကာရှိတဲ့ အဆောက်အဦ ဒါမှမဟုတ် အကာအကွယ် ပေးတဲ့ နေရာလေးတစ်ခုပါ။
ကျွန်တော်တို့တွေ နေထိုင်နေတဲ့ နေအိမ်၊ တိုက်တာ အဆောက်အဦ တွေကလည်း Shelter တွေပါပဲ ဒါပေမယ့် ဒါတွေက သာမန် ရာသီဥတုဒဏ် လေဒဏ် မိုးဒဏ်လောက်ပဲ ကာကွယ်ပေးတဲ့ ပုံမှန် shelter အမျိုးအစားတွေပေါ့။
ဒါတွေထဲကမှ အရေးပေါ်အခြေအနေတွေ ဖြစ်တဲ့ ငလျင်တွေ မုန်တိုင်းတွေ ပေါက်ကွဲမှု ဒဏ်တွေ ခံနိုင်ရည် ရှိစေဖို့ သေချာ ကြိုတင် စဉ်းစား ဒီဇိုင်းလုပ် တည်ဆောက်ထားတဲ့ ကာကွယ်ရေး shelter တွေလည်း ရှိပါတယ်။
စင်္ကာပူမှာဆိုရင် Civil Deference Act အရ ပြည်သူလူထုကို ကာကွယ်ဖို့ ရည်ရွယ် တည်ဆောက်ထားတဲ့ shelter တွေ ဖြစ်လို့ CD Shelter လို့ ခေါ်ပါတယ်။
အရေးပေါ် အခြေအနေ တစ်ခုခုမှာ ဥပမာ စစ်ဖြစ်လို့ ပစ်ကြခတ်ကြ ဗုံးကြဲကြပြီဆို သာမန် အဆောက်အဦတွေ နေရာတွေက လျင်လျင်မြန်မြန် ပျက်စီးပြိုလဲတတ်ကြတော့ ပိုပြီး ဘေးကင်းကင်းနဲ့ ခိုအောင်းနေနိုင်ဖို့ CD shelter တွေကို design လုပ် တည်ဆောက်ထားပါတယ်။
ဒီ CD Shelter တွေကို ၁၉၈၃ ခုနှစ်က စပြီး မြေအောက် ရထားဘူတာရုံတွေမှာ ထည့်သွင်းတည်ဆောက်ခဲ့ကြပါတယ်၊ နောက်တော့ စင်္ကာပူအစိုးရရဲ့ Housing Development Board (HDB) က ဆောက်တဲ့ တိုက်တွေရဲ့ void deck နေရာတွေ၊ စာသင်ကျောင်းတွေ၊ community center တွေ စသဖြင့် public တွေ အတွက် အရေးပေါ် အခြေအနေမှာ ယာယီ ခိုအောင်းစရာနေရာတွေ ဖန်တီး တည်ဆောက်ခဲ့ကြပါတယ်။
၁၉၉၆ ခုနှစ်ကစပြီး တည်ဆောက်တဲ့ HDB လူနေ အဆောက်အဦတွေရဲ့ တိုက်ခန်းတွေတိုင်းမှာ မိသားစု တစ်စုစာ ခိုအောင်းနိုင်ဖို့ အကြမ်းဖျင်းအားဖြင့် 3m2 လောက် အကျယ်ရှိတဲ့ Household shelter တွေ ထည့်သွင်းတည်ဆောက်လာတယ်။
ဒီ household shelter တွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရေးပေါ်အခြေအနေတစ်ခုမှာ လူတွေဟာ public shelter တွေအထိ ရောက်အောင် မသွားနိုင်ရင် ကိုယ့်အိမ်မှာပဲ ယာယီ ခိုအောင်းနိုင်ဖို့ စဉ်းစားပြီး ဒီဇိုင်းလုပ် တည်ဆောက်ခဲ့ကြတာပါ။
နောက်ပိုင်းမှာ တော့ ၁၉၉၇ ခုနှစ် CD shelter Act အရ HDB ဖြစ်ဖြစ် ကွန်ဒိုဖြစ်ဖြစ် လူနေ အဆောက်အေဦတွေရဲ့ အိမ်တိုင်း၊ တိုက်ခန်းတိုင်းမှာ ယာယီခိုအောင်းဖို့ Household shelter ဒါမှ မဟုတ် storey shelter တွေ မဖြစ်မနေ ထည့်သွင်းတည်ဆောက်ကြရပါတယ်။
သဘာဝ ဘေးအန္တရာယ် ပဲ ဖြစ်ဖြစ် တခြား man-made disaster တွေ ပဲ ဖြစ်ဖြစ် အရေးပေါ် အခြေအနေ တစ်ခုခုဖြစ်လာခဲ့ရင် စင်္ကာပူတစ်နိုင်ငံလုံး အနှံ့ ဖြန့်ကျက်ထားတဲ့ public warning system (PWS) တွေကနေ ဥသြဆွဲ အချက်ပေးမှာ ဖြစ်ပြီး အဲ့ အချက်ပေး အရေးပေါ် အသံကြားရပြီ ဆိုရင်တော့ ရောက်တဲ့ နေရာကနေကိုယ်နဲ့ အနီးဆုံး shelter တွေဆီ ပြေးပုန်းကြရဖို့ ဖြစ်ပါတယ်။
- - - - - - - - - - - - - - -
shelters အမျိုးအစားများ
- - - - - - - - - - - - - - -
Public shelters
အရေးပေါ် အခြေအနေမှာ လူများများ ခိုအောင်းလို့ရတဲ့ public shelter အမျိုးအစားတွေပါ။ ခိုအောင်းတဲ့လူအရေအတွက်ပေါ်မူတည်ပြီး ရက်၊ လချီအောင် ခိုအောင်းနိုင်ပါတယ်။
ဘယ်နေရာတွေလဲ ဆိုရင် အချို့သောမြေအောက်ရထားဘူတာရုံတွေ၊ HDB အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ community center တွေ စသဖြင့် ရှိပါတယ်။
ဒီ public shelter တွေကို တောင့်တင်း ခိုင်မာမှု ရှိစေဖို့ သေချာ ဒီဇိုင်းလုပ်ပြီး တည်ဆောက်ထားတဲ့ အပြင် ဒါတွေထဲမှာ မီးလိုင်းတွေ၊ လေဝင်လေထွက်စနစ်တွေ၊ အပြင်နဲ့ အဆက်အသွယ်လုပ်နိုင်ဖို့ ရေဒီယို၊ တီဗွီ၊ ဖုန်းလိုင်း စတဲ့ ဆက်သွယ်ရေး လိုင်းတွေ၊ ရေသန့်စနစ်တွေ၊ မိလ္လာ စနစ်တွေ ပါ ထည့်သွင်းထားပါတယ်။
MRT shelters
အချို့ မြေအောက်ရထားဘူတာရုံတွေမှာ ဒီ shelter တွေ ထည့်သွင်းတည်ဆောက်ထားပါတယ် လောလောဆယ် အထိဆို ၄၈ ဘူတာ ရှိပါတယ်။ ဘူတာရုံ အရွယ်အစားနဲ့ နေရာ အခြေအနေပေါ် မူတည်ပြီး လူ ၃၀၀၀ လောက်ကနေ လူ ၁၉၀၀၀ လောက် အထိ ခိုအောင်းလို့ ရနိုင်ပါတယ်။
HDB shelters
အချို့ HDB တွေရဲ့ basement တွေ ဒါမှမဟုတ် နေရာလွတ်ထားထားတဲ့ void-deck တွေမှာ ခိုအောင်းနိုင်ပါတယ်။
Schools
အချို့ကျောင်း တွေရဲ့ မြေအောက် အားကစားလေသေနတ်ပစ်ကွင်းတွေကို shelter တွေ အနေနဲ့ ဒီဇိုင်းလုပ်ထားပါတယ်။
Community centers/ Clubs
အချို့ community centers တွေကို shelter တွေ အနေနဲ့ တည်ဆောက်ထားပြီး ပုံမှန်အခြေအနေမှာ အားကစားရုံ၊ training နေရာ စသဖြင့် သုံးကြပါတယ်။
Other public developments
အခြား မြေအောက်ကားပါကင်တွေ၊ training နေရာတွေကိုလည်း အရေးပေါ်အခြေအနေမှာ ခိုအောင်းလို့ရအောင် သေချာ တည်ဆောက်ထားပါတယ်။
- - - - - - - - - - - - - - -
Residential shelters
Household shelter and storey shelters
၁၉၉၆ ခုနှစ်က စပြီး HDB တွေမှာ တိုက်ခန်းတိုင်းမှာ အကြမ်းဖျင်း 3m2 လောက်ကျယ်ပြီး အနည်းဆုံး 250mm (၁၀ လက်မခန့် ) ထူထဲတဲ့ RC နံရံ တွေ ဝန်းရံထားတဲ့ household shelter တွေ ထည့်သွင်းတည်ဆောက်ပြီး ကွန်ဒို တိုက်တွေမှာ တော့ လှေကားတွေမှာ storey shelter အနေနဲ့ ဒီဇိုင်းလုပ် တည်ဆောက်ကြပါတယ် ဒီ residential shelter တွေကတော့ public shelter တွေလို ရေသန့်စနစ်တွေ မိလ္လာစနစ်တွေ မပါနိုင်တော့ နာရီပိုင်းလောက် ခိုအောင်းဖို့ပဲ အဆင်ပြေပါတယ်။
ဒီ shelter တွေရဲ့ နံရံတွေ၊ ကြမ်းခင်းတွေ၊ မျက်နှာကျက် slab တွေကို သေချာ ဒီဇိုင်းလုပ်ထားတဲ့ RC နံရံ ထူကြီးတွေ ရှိပြီး အဝင် အထွက် တံခါးတွေကလည်း သာမန်မဟုတ်ဘဲ အကြမ်းဒဏ်ခံနိုင်တဲ့ protective steel တွေနဲ့ လုပ်ထားပြီး air-tight ဖြစ်ဖို့ rubber gasket တွေနဲ့ ကွပ်ထားပါသေးတယ်။
ဒီတံခါးတွေကို ပုံမှန်အခြေအနေမှာရော အရေးပေါ် အခြေအနေရောမှာပါ အသုံးပြုနိုင်အောင် စီမံထားတာပါ။
ပုံမှန်အခြေအနေမှာ တံခါး လက်ကိုင်ကို အောက်လှည့်ပြီး ပိတ်ထားနိုင်ပြီ အရေးပေါ်အခြေအနေဆို လက်ကိုင်ကို အပေါ်လှည့်ပြီး ပိတ်ရမှာ ဖြစ်ပါတယ်။ အပေါ်လှည့်ပိတ်လိုက်ရင် ဒီတံခါးရဲ့ rubber gasket seal တွေပါ ပိတ်ပြီး အပြင်က ဝင်လာနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့ အရည်တွေ၊ ဓာတ်ငွေ့တွေ စီးဝင်၊ တိုးဝင်လာခြင်းကို ကာကွယ်စေမှာပါ။
လေဝင် လေထွက် အတွက်နဲ့ အသက်ရှူဖို့ အတွက် ventilation sleeve တပ်ဆင်ထားပါတယ်။ ပုံမှန် အခြေအနေမှာ ဒီ ventilation sleeve က ပွင့်လျှက် အနေအထေားမှာ ရှိနေပေမယ့် အရေးပေါ် အခြေအနေအတွက် ဆို လေပါ လုံအောင် ပိတ်လို့ ရပါတယ်။ ဒီလို လေလုံအောင် အလုံပိတ်ထားရင် အဆိပ်ငွေ့ တွေ ရန်ကပါ အကာအကွယ်ပေးနိုင်ပေမယ့် အချိန်ကြာရင် အထဲမှာ အသက်ရူဖို့ အခက်အခဲ ရှိပါတယ်။
သူ့ရဲ့ အတွင်း အပြင် နံရံတွေနဲ့ မျက်နှာကျက်တွေကို လည်း တခြားနေရာတွေလိုမျိုး ဖောက်ချင်တိုင်းဖောက်၊ ခွဲချင်တိုင်းခွဲ၊ hack လုပ်ချင်တိုင်း လုပ်ခွင့် မပြုပါဘူး။
ဒီ ဖောက်တာ၊ ခွဲတာတွေက သူ့တို့ ရဲ့ ကြံ့ခိုင်မှုကို လျော့ကျစေပြီး အရေးအပေါ် အခြေအနေမှာ လုံလုံလောက်လောက် အကာအကွယ် မပေးနိုင်မှာ ဖြစ်လို့ အတော်လေး ကန့်သတ်ထားပါတယ်။
ဒါ့အပြင် အတွင်းမှာ လည်း ခိုအောင်းနေချိန် မိမိပေါ်ပြုတ်ကျတတ်တာတွေ၊ ကျကွဲတတ်ပြီး ကိုယ့်ကို ဒုက္ခပေးနိုင်တာတွေကို တပ်ဆင်ဖို့ အလှဆင်ဖို့ ခွင့်မပြုပါဘူး။
သူတို့ရဲ့ ရည်ရွယ်ချက်က အရေးပေါ်အခြေအနေမှာ လက်နက်ခဲယမ်း တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဖြစ်ဖြစ်၊ ပါက်ကွဲမှု တစ်ခုခုကနေ ဖြစ်ဖြစ် အကျိုးအပဲ့တွေ အပျက်အစီးတွေ၊ မှန်ကွဲ ဖန်ကွဲစတွေ ဒဏ်ကနေ တိုက်ရိုက် အထိစေပဲ အကာအကွယ်ပေးနိုင်ဖို့ အဓိက ရည်ရွယ်တာပါ။
ဒါပေမယ့် အများအားဖြင့်တော့ ဒီ household shelter တွေကို အိမ်တွေမှာ သိပ်မသုံးဖြစ်တဲ့ ပစ္စည်းတွေ၊ laggage အိတ်တွေ၊ ဖိနပ်တွေ ထားသိုဖို့ သုံးကြပြီး တချို့ဆို သူ့ရဲ့ အဓိက shelter ရည်ရွယ်ချက်တောင် မသိဘဲ store ခန်း အနေနဲ့ပဲ သိကြပြီး အရေးပေါ်အခြေအနေဆို ဒီပစ္စည်း တွေပြည့်နေတာနဲ့ပဲ မိသားစုလိုက် ခိုအောင်းဖို့ မဆိုနဲ့ တစ်ဦးတစ်ယောက်တောင် ခိုအောင်းစရာ နေရာလွတ် မကျန်တတ်ပါဘူး။
ကွန်ဒိုတိုက်တွေမှာတော့ အများအားဖြင့် HDB တွေလို အိမ်ခန်းတိုင်းမှာ household shelter တွေ ထည့်ဆောက်တာမဟုတ်ဘဲ လှေကားခွင်တွေမှာ storey shelter အနေနဲ့ ဒီဇိုင်းလုပ်ထားကြပါတယ်။
household shelter တွေနဲ့ ယှဉ်ရင် ဒီလို storey shelter တွေ က လှေကားခွင်တွေ ဖြစ်တော့ အပေါ်တက်၊ အောက်ဆင်းလို့ ရပြီး အခြေနေရရင် ဒီထက် ပိုဘေးကင်းရာ နေရာကို ပြေးလွှားပြောင်းရွှေ့ဖို့ အဆင်ပြေစေပါတယ်။
ဒီ storey shelter တွေမှာလည်း လှေကားတွေ၊ နံရံတွေ၊ တံခါးတွေ ကိုလည်း household shelter တွေနဲ့ အတူတူ အရေးပေါ် အခြေအနေအတွက် အကြမ်းခံနိုင်ရပါတယ်။
ဒါ့အပြင် လေဝင် လေထွက် စနစ်နဲ့ လျှစ်စစ်လိုင်း၊ ဆက်သွယ်ရေးလိုင်းတွေ တပ်ဆင်ထားပါတယ်။
ကျွန်တော့် အနေနဲ့တော့ စတိုခန်းသဘောမျိုး သုံးနေလို့ ပစ္စည်းတွေနဲ့ ပိတ်နေတဲ့ household shelter တွေထက် staircase storey shelter တွေက ပိုထိရောက်တယ်လို့ မြင်ပါတယ်။
ဥပမာ ဗုံးဒဏ်၊ ပေါက်ကွဲဒဏ် ခံရလို့ အဆောက်အဦ ကြီး ထိခိုက် ပျက်စီးသွားရင် တောင် ဒီ shelter တွေက ပိုမို ကြံ့ခိုင်တော့ နောက်ဆုံးအနေနဲ့ ကျန်ခဲ့ဖို့ အခွင့်အရေးများပါတယ်။
ဒီအခြေအနေမှာ household shelter က ခိုအောင်းလို့ပဲ ရပြီး တစ်နေရာက တစ်နေရာ သွားလာ ဆင်းတက်လို့ မရပါဘူး။
storey shelter တွေကတော့ ဘေးလွတ်ရာ ပြောင်းရွေ့ဖို့၊ ဆင်းဖို့၊ တက်ဖို့ အဆင်ပြေစေမှာပါ။ အဆောက်အဦရဲ့ အထပ်တစ်နေရာမှာ မီးလောင်ခဲ့ရင်လည်း ဒီ air-tight တံခါးတွေကြောင့် မီးက staircase ဆီကို အလွယ်တကူ ကူးမလာနိုင်ပါဘူး။
နောက်ပြီး အများပိုင်တဲ့ နေရာ လှေကားခွင် ဖြစ်လေတော့ ဘာ ပစ္စည်း၊ ပစ္စယနဲ့မှ ပိတ်မနေဘဲ လမ်းကြောင်းရှင်းနေပြီး အမြဲအဆင်သင့် ဖြစ်နေနိုင်မှာပါ။
- - - - - - - - - - -
အပေါ်က shelter တွေအကြောင်း က သူများ နိုင်ငံမှာ အရေးပေါ် အခြေအနေအတွက် ဘယ်လောက်ထိ စဉ်းစားထားသလဲ၊ ကြိုတင် ပြင်ဆင်ထားသလဲ အကြမ်းဖျင်း သိနိုင်ဖို့ ရည်ရွယ်တာပါ။
တကယ်တော့ စင်္ကာပူမှာ ငလျင်လည်း မရှိဘူး၊ ဥပဒေ စိုးမိုးတဲ့ နိုင်ငံလည်း ဖြစ်တော့ ပြည်တွင်း ပြည်ပ တိုက်ခိုက် တာတွေ ဖောက်ခွဲတာတွေ မရှိပါဘူး၊ ဒါတောင် သူတို့က စစ်ဖြစ်ခဲ့ရင် ဒါမှမဟုတ် အခြား အရေးပေါ် အခြေအနေတစ်ခု ဖြစ်ခဲ့ရင် ဆိုပြီး ကြိုတင် ပြင်ဆင်ထားပုံပါ။
- - - - - - - - - - - - - - -
ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ ကြည့်ရင် ပစ်လို့ ခတ်လို့ ဖောက်ခွဲလို့ ပေါက်ကွဲလို့ စတဲ့ man-made disaster တွေ မစဉ်းစားသေးရင်တောင် သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ ငလျင်ဒဏ်တွေ၊ မုန်တိုင်းဒဏ်တွေနဲ့ တင် အများကြီး ထိခိုက် ပျက်စီးစရာတွေ ရှိပါတယ်။
ဒီတော့ ဘယ်လိုတွေ ကြိုတင် ပြင်ဆင်ထားကြလဲ၊ ဘယ်လိုတွေ ပြင်ဆင် ထားနိုင်လဲ၊ ဘယ်လိုတွေ ပြင်ဆင်ထားသင့်သလဲ စသဖြင့် စဉ်းစားပြင်ဆင်ထားလို့ လိုပါတယ်။
ခုနောက်ပိုင်း အထပ်မြင့် အဆောက်အဦတွေ လည်း တော်တော်များများ တည်ဆောက်လာတော့ အတိုင်းအတာ တစ်ခုထိ ငလျင်ဒဏ်ခံ၊ မုန်တိုင်းဒဏ်ခံ ဒီဇိုင်းတွေ လုပ်ကြပါတယ်။ ဒါကလည်း မုန်တိုင်း၊ ငလျင်ရဲ့ ပြင်းအားရယ်၊ ဗဟိုချက်ရယ်ပေါ် မူတည်ပြီး အားသက်ရောက် ခံရမှုက ကွာပါသေးတယ်။
တကယ်လို့ မုန်တိုင်း လာတော့မယ် ဆိုပါစို့ ဘယ်မှာ ပြေး ခိုအောင်းကြမလဲ၊ ဘယ်နေရာတွေမှာ ယာယီ ပုန်းခိုကြမလဲ၊ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ လေ့လာထားကြပါ ဘယ်နေရာက ဘေးကင်းနိုင်မလဲ၊ ဘယ်နေရာ ဘယ်အဆောက်အဦ က အတိုင်းအတာတစ်ခုအထိ အာမခံ ချက် ရှိနိုင်မလဲ။
ဒါတောင် မုန်တိုင်းက ကြိုတင် ခန့်မှန်းနိုင်ပြီး ကြိုတင် ပြင်ဆင်ဖို့၊ ရွေ့ပြောင်းထားဖို့ အချိန် ရပါသေးတယ်။ ငလျင်ဆိုရင် ကြိုတင်မခန့်မှန်းနိုင်တော့ စလှုပ်တဲ့ အချိန်ကစပြီး ဘေးကင်းရာ ပြေးဖို့ ခိုဖို့ စက္ကန့် အနည်း ငယ်၊ မိနစ် အနည်း ငယ်ပဲ ရပါတယ်။
တစ်ထပ်တိုက်၊ နှစ်ထပ်တိုက် စတဲ့ ကိုယ်ပိုင် လုံးချင်းအိမ်လေးတွေကမှ တော်ဦးမယ် အထပ်မြင့် တိုက်ခန်းတွေ၊ ရုံးခန်းတွေမှာ နေရတဲ့ သူတွေ အရေးအကြောင်းရယ်ဆို အောက်ပြေးဆင်းဖို့ လုံးဝအချိန်မရပါဘူး၊ ဒီတော့ ငလျင် ဒဏ်ခံနိုင်ဖို့ သေချာလေး ဒီဇိုင်းလုပ်ပြီး သေချာ ကြပ်မတ် တည်ဆောက်သင့်ပါတယ်။
ဒီတော့ နောက်ဆုံး အဆင့် ငွေကြေးအခြေအနေအရ အဆောက်အဦ တစ်ခုလုံးကြီးကို ငလျင်ဒဏ်၊ မုန်တိုင်းဒဏ်၊ ပေါက်ကွဲမှုဒဏ် အများကြီးခံနိုင်အောင် မတည်ဆောက်နိုင်တောင် လှေကားခွင် နေရာမျိုးတွေမှာ RC နံရံထူထူထဲထဲတွေ၊ shelter တံခါးတွေထည့်ဆောက်ပြီး ယာယီ ခိုအောင်းနိုင်ဖို့ storey shelter အနေနဲ့ တည်ဆောက်ထားသင့်လှပါတယ်။
ကိုယ့်ဆီမှာက အရေးအကြောင်းရယ်ဆို ပြေးခိုစရာ public shelter ရယ်ဆိုပြီးလည်း တည်ဆောက်ထားတာ အတော်လေး နည်းပါတယ်။ မှတ်မှတ်ရရ နာဂစ်ကာလ အပြီး ကွမ်းခြံကုန်းမြို့နယ်ထဲက လက်ခုပ်ကုန်းဆိုတဲ့ ရွာလေးမှာတော့ လူ ၅၀၀ ခန့် ခိုအောင်းနိုင်မယ့် မုန်တိုင်းဒဏ်ခံ ဘက်စုံသုံး cyclone shelter စာသင်ကျောင်းလေး တည်ဆောက်တာ သွားလေ့လာခဲ့ဖူးပါတယ်။ ဒီတုန်းကလည်း ကျောင်းသားဘဝနဲ့ လေ့လာရေးခရီးဆိုတော့ ဆရာတွေ စီနီယာတွေက သေချာရှင်းပြခဲ့ကြပေမယ့် ကိုယ်တွေကတော့ အပျော်ခရီးလောက်ပဲ သဘောထားခဲ့တော့ နည်းစနစ်ပိုင်းဆိုင်ရာတွေ ဘာမှ မှတ်မှတ်သားသား မရှိခဲ့ပါဘူး။
- - - - - - - - - - - - - - -
တကယ်တော့ တော်တန်ရုံ ငလျင်ဒဏ်ကြောင့် အဆောက်အဦရဲ့ main structure ကြီး တစ်ခုလုံး ပြိုလဲပြီး လူတွေ ထိခိုက်သေကြေတာထက် ငလျင်ကြောင့် non-structural elements တွေ ဖြစ်တဲ့ အုတ်နံရံတွေ ကွဲအက် ပြိုကျတာ ပိမိလို့၊ ဒါမှမဟုတ် အခြားအစိတ်အပိုင်းတစ်ခုခု ပိမိလို့ ထိခိုက် သေကြေကြတာ ပိုများပါတယ်။
ဒီတော့ shelter တွေသာ သေသေချာချာ ဒီဇိုင်းလုပ်ပြီး တည်ဆောက်ထားမယ်ဆိုရင် မုန်တိုင်းလာပြီလား၊ ငလျင်လှုပ်ပြီလား၊ ပစ်ကြ ခတ်ကြပြီလား ဒီလို အရေးပေါ်အခြေအနေမျိုးဆို ကြိုတင် တည်ဆောက်ထားတဲ့ shelter တွေထဲ ပြေးပြီး ခိုအောင်း ရုံပါပဲ။
မုန်တိုင်းတွေ၊ ငလျင်တွေ အရမ်းပြင်းထန်လို့ အဆောက်အဦရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ ပျက်စီး ပြိုကျရင်တော့ တောင့်တင်းခိုင်မာတဲ့ ဒီလို shelter တွေကနေ လူတွေရဲ့ အသက်ဘေးကို ကယ်ဆယ်ပေးနိုင်မှာပါ။
- - - - - - - - - - - - - - -
ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလို shelter တွေ ကြိုတင် ပြင်ဆင် စဉ်းစားထားစေချင်တဲ့ concept လောက်ကိုသာ ပေးချင်တာ ဖြစ်တော့ ဒီလို shelter တွေ တည်ဆောက်ရင် ဘာတွေ လိုအပ်မလဲ၊ ဘယ်လို ဒီဇိုင်းလုပ်ရလဲ၊ ဘယ်လိုတွေ ကြပ်မတ်တည်ဆောက်ရမလဲ ဆိုတာတော့ သက်ဆိုင်ရာ လိုအပ်ချက် requirement တွေ building code တွေ authority requirement တွေတော့ မိမိဘာသာ ရှာဖွေ လေ့လာကြဖို့ တိုက်တွန်းပါတယ်။
ကျွန်တော့် အတွေ့အကြုံနဲ့ သိထားသလောက် မျှဝေပေးတာ ဖြစ်လို့ လိုအပ်ချက်များ ရှိလျှင်လည်း ဆွေးနွေး၊ ဝေဖန်၊ အကြံပြု နိုင်ပါတယ်။
- - - - - - - - - - - - - - -
Myanmar Civil Engineer page ကနေ ရှင်းပြထားတဲ့ technical requirement တွေကို အောက်က link မှာ လေ့လာနိုင်ပါတယ်။
https://www.facebook.com/327152140707173/photos/a.561619693927082/871171836305198/?type=3&theater
- - - - - - - - - - - - - - -
စင်္ကာပူ Singapore Civil Defence Force (SCDF) နဲ့ Building Construction Authority (BCA) ရယ် ပူးတွဲ ထုတ်ထားတဲ့ Household shelter တွေ Storey shelter တွေရဲ့ requirement တွေရယ်၊ ဆောင်ရန် ရှောင်ရန် တွေ စတဲ့ technical document တွေကို စိတ်ဝင်စားရင်တော့ အောက်က link တွေမှာ ရယူ လေ့လာနိုင်ပါတယ်။
https://www.scdf.gov.sg/docs/default-source/scdf-library/fssd-downloads/technical-requirements-for-household-shelters-(hstr)-2017_updated-28-may-2018.pdf
https://www.scdf.gov.sg/docs/default-source/scdf-library/PERMITTED_AND_NOT_PERMITTED_WORKS_FOR_HS.pdf
https://www.scdf.gov.sg/docs/default-source/scdf-library/fssd-downloads/technical-requirements-for-storey-shelters-2015.pdf
https://www.scdf.gov.sg/docs/default-source/scdf-library/PERMITTED_AND_NOT_PERMITTED_WORKS_IN_SS.pdf
- - - - - - - - - - - - - - -
မှတ်ချက်။
အောက်မှာ ဖော်ပြပေးထားတဲ့ ဓာတ်ပုံတွေက မိမိကိုယ်ပိုင် ဓာတ်ပုံများ မဟုတ်ဘဲ SCDF, HDB website တွေနဲ့ Google ကနေ ရှာရတဲ့ ပုံတွေ ကူးယူ အသုံးပြု ထားခြင်းဖြစ်လို့ သက်ဆိုင်ရာ ဓာတ်ပုံပိုင်ရှင်များကို လေးစားစွာ credit ပေးပါတယ်။
AMM
ကိုးကား
- စလုံး page
- Myanmar Civil Engineer page
- www.scdf.gov.sg
- www.hdb.gov.sg
https://m.facebook.com/story.php?story_fbid=10219448413298314&id=1152311627

Comments
Post a Comment