Standard Army ဆိုင်ရာ....

Standard Army ဆိုင်ရာ....

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကလောတပ်နယ်ကို ရောက်ရှိစဉ် Standard Army ဆိုင်ရာ ထည့်သွင်းမှာကြားမှုတစ်ခုကို တွေ့ရှိရပါတယ်။ ဒါဟာ မြန်မာ့တပ်မတော်ရဲ့ Standard Army ဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုမှုကို ပထမဆုံး သိမြင်လိုက်ရတာ ဖြစ်ပါတယ်။

".... သမားရိုးကျစစ်ဆင်ရေး၌ဖြစ်စေ၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၌ဖြစ်စေ တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ်စေရေး သမားရိုးကျစစ်ဆင်ရေးများကိုအဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) ဖြစ်အောင် တည်ဆောက်ရမည်ဖြစ်ကြောင်း..."

"... သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့်တပ်မတော် (Standard Army) တည်ဆောက်ရေး နှင့်ပတ်သက်၍ လက်ရှိတပ်မတော်ဖွဲ့စည်းတည်ဆောက်မှုမှာ နိုင်ငံ့အခြေအနေအပေါ်မူတည်၍ ပြည်တွင်း သောင်းကျန်းမှုနှိမ်နင်းရေးအတွက် ဦးတည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပထဝီနိုင်ငံရေးအခြေအနေ၊ ခေတ်ကာလအခြေအနေ၊ ပြောင်းလဲလာသည့် စစ်မဟာဗျူဟာ၊ နည်းဗျူဟာများအရ ကာကွယ်ရေး စွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ်စေရေး သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) ဖြစ်စေရေး အတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း..."

ဒီအချက်တွေကို ကြည့်မယ်ဆိုရင် အနာဂတ်ကာလမှာ ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဖွဲ့စည်းပုံသစ်တပ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ တပ်မတော်ကို မြင်တွေ့လာရမလား ဆိုတာတော့ ​ဆက်လက်စောင့်ကြည့်သွားရမှာပါ။
နိုင်ဆွေဦး
(၁၇/ ၂/၂၀၂၀)
Ref: http://www.cincds.gov.mm/node/6457
Photo: Combined Arms Exercise (2019) by NSO

Comments

Popular posts from this blog

မြန်မာ eBook များ

အမိုးဧရိယာ တွက်နည်း

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )