Posts

Showing posts from June, 2020

လွတ်လပ်မှုဆိုတဲ့ အဓိပ္ပာယ်ဟာဘာလဲ?

လွတ်လပ်မှုဆိုတဲ့ အဓိပ္ပာယ်ဟာဘာလဲ? လွတ်လပ်မှုဆိုတာ လုပ်ချင်ရာလုပ်တာမျိုး သွားချင်ရာသွားတာမျိုး တွေးချင်ရာတွေးတာမျိုးလား။ သည်လိုကတော့ ခင်ဗျားတို့လည်း တစ်နည်းမဟုတ်တနည်းလုပ်နေကြတာပါပဲ။ အမှီခိုကင်းတာကရော လွတ်လပ်တာလို့ ဆိုလိုရဲ့လား။ ကမ္ဘာပေါ်မှာ အမှီခိုကင်းတဲ့လူတွေအများကြီးရှိတယ်။ ဒါပေမယ့် လွတ်လပ်သူကတော့ မဆိုစလောက်ပါပဲ။ လွတ်လပ်မှုဆိုတာ ကြောက်ရွံ့မှုတွေမရှိတဲ့ စိတ်အခြေနေတရပ်ပဲဖြစ်ပါတယ်။ အမိန့်သြဇာနဲ့ ခိုင်းစေမှုတွေ လုံခြုံလိုတဲ့ဆန္ဒတွေ ကင်းရှင်းတဲ့ စိတ်အခြေနေတရပ်သာဖြစ်ပါတယ်။ ကျုပ်တို့အားလုံးဟာ လုံခြုံမှုကိုလိုချင်နေကြတယ် မဟုတ်လား။ တကယ်တော်တဲ့သူပါလား တကယ်ချောတဲ့သူပါလား တယ်ပညာရှိတဲ့လူပါလား စသဖြင့် ကျုပ်တို့ အချီးမွှန်းခံချင်နေကြတယ်မဟုတ်လား။ သည်လိုမဟုတ်ဘူးဆိုရင် ကိုယ့်နာမည်နောက်မှာ ဘွဲ့ထူး ဂုဏ်ထူးတွေ ဘယ်ထည့်ပါမလဲ။ သည်လို ဘွဲ့ထူး ဂုဏ်ထူးတွေကြောင့် တယ်ဟုတ်တဲ့ ငါပါလား တယ်တော်တဲ့ငါပါလားဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ အထင်ကြီးမှုတွေဖြစ်လာပါတယ်။ ကျုပ်တို့အားလုံး ကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ချင်နေကြတယ်။ ကျော်ကြားတဲ့ပုဂ္ဂိုလ်ကြီးတွေဖြစ်ချင်နေကြတယ်။ သည်လိုဖြစ်ချင်လ...