Posts

Showing posts from June, 2021

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )

ဒီ ဘုရားသခင် ပြန်လာပြီလား ဆိုတဲ့ ဝေါဟာရကို အစ္စရေး သမိုင်းပညာရှင် ယူဗဲနိုရာဟာရာရီ ( Yuval Noah Harari ) က သူရဲ့ နောက်ဆုံးထွက် စာအုပ်ဖြစ်တဲ့ '၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု' ( 21 lessons for the 20st century ) စာအုပ်မှာ သုံးထားတာပါ။ ဟာရာရီက အစ္စရေးနိုင်ငံ တဲအဗစ်တက္ကသိုလ်က သမိုင်းပညာရှင်တစ်ယောက်ဖြစ်တယ်။ သူရဲ့ ပထမဆုံးစာအုပ် လူသားသမိုင်းအကျဉ်းဆိုတဲ့ စေပီယန် (Sapiens) နဲ့ ဒုတိယ စာအုပ်ဖြစ်တဲ့ ဟိုမိုးဒါတ်စ် ( Homo Deus ) စာအုပ် ထွက်အပြီးမှာ သူ့ကို လူသိများလာပါတယ်။ စကားဦးစတာလည်းများသွားပြီဆိုတော့ လိုရင်းကို ပြန်သွားရအောင်ပါ။ အခု ဒီစာမှာ အဓိကထားချင်တာက ဟာရာရီရဲ့ စာအုပ်အကြောင်းမဟုတ်ပါဘူး။ လူရဲ့ ဆင်ခြင်တုံတရား နဲ့ နည်းပညာရဲ့ ခေတ်သစ် လူမှုဘဝကို လွှမ်းမိုးနိုင်မှု အကြောင်းပါ။ အနောက်တိုင်း လူ့အဖွဲ့အစည်းဟာ အမှောင်ခေတ်ကို ၁၈ ရာစု မတိုင်ခင်အထိ ဖြတ်သန်းခဲ့ရတယ်။ အဲ့ဒီ အချိန်ကာလမှာ ဆင်ခြင်ဉာဏ်ထက် ယုံကြည်ကိုးကွယ်မှု ( Belief/ Faith ) ကသာ ရှေ့တန်းရောက် လွှမ်းမိုးခံရပါတယ်။ နိစ္စဓူဝ အရာရာဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းဖြစ်ပြီး မေးခွန်းပြန်မေးတဲ့သူဟာ မယုံကြည်သူ၊ ဖောက်ပြန်သူ တစ်ယောက်အဖြစ် ပုံဖော်ခံရပါတယ်။...