၁/၂၀၂၀
ဒီရက်ပိုင်းတွေမှာ လူမှုရေး ပြဿနာတွေနဲ့ အချိန်ကုန်တာများနေတော့ ဘာမှသိပ်ပြီး လေးလေးနက်နက် မတွေးဖြစ်ဘူး။ ဘာသိဘာသာနဲ့ အလိုက်သင့်လေးပဲ။ တခါတလေ ကိုယ့်ဘာသာကိုယ်တောင် နေရတာ ပျော်တယ် မပျော်ဘူးဆိုတဲ့ကိစ္စကို သိပ်ဝေခွဲမရချင်ဘူး။ အစမှာရေးထားတဲ့ ဒီရက်ပိုင်းလို့ဆိုပေမယ့် ၂၀၂၀ နှစ်ဆန်းထဲ စဝင်လာတဲ့အချိန်ကစပြီးလို့ ပြောရရင် ပိုမှန်မယ်ထင်တယ်။
အရင်ကဆို ဒီလိုအချိန်တွေမှာ စနစ်တွေအကြောင်း လူတွေအကြောင်း ကျန်းမာရေးကိစ္စတွေအကြောင်း ပြဿနာတွေအကြောင်း သူနဲ့အတူအဖြေရှာရင်း ကိုယ်စိတ်ပါတာလုပ်နေရတယ်ဆိုပြီး ကျေနပ်နေမိမှာပဲ။
အခုဘက်ဆီမှာတော့
ညဘက်တွေမှာ ဘာမှမရှိတဲ့ ကောင်းကင်ကို ငေးနေမိတာမျိုး။ Cast Away ဇာတ်လမ်းထဲက Tom Hanks ရဲ့ အိမ်ပြန်ရောက်ခါနီးအချိန်ထိ သူနဲ့တချိန်လုံးရှိနေခဲ့တဲ့ စကားပြောဖော်ပြောဖက် ဘောလုံးလေး Wilson ဘယ်ရောက်နေမလဲဆိုပြီး ရောက်တတ်ရာရာ တွေးနေမိတာမျိူး။ The Sea Wolf ထဲက ဝံပုလွေလာဆင်တယောက် သူရဲ့ လောကအမြင်ကို သူကိုယ်တိုင် ဖန်တီးရပ်တည်နိုင်တာမျိုး။ ဒီလို ဟိုရောက်ဒီရောက် အတွေးတွေပဲ ဖြတ်ခနဲ ဝင်ဝင်လာတယ်။
အဲဒီလို အချိန်ဆို
အောင်ခင်မြင့် ပြောတဲ့ ဘဝဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ထက် ယုံကြည်သက်ဝင်ဖို့ ပိုပြီး လိုတယ်ဆိုတဲ့ စကားလေးပဲ စိတ်ထဲစွဲနေတယ်။ ဘာလို့လဲလို့မေးလာရင်တော့ အဖြေမရှိသေးဘူးလို့ပဲ ပြန်ပြောရမယ်ထင်တယ်။
ဒါပါပဲ။
ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကြောင့် မနာကျင်စေဖို့ ကျနော်တို့တတွေ ကြိုးစားကြရဦးမယ်မဟုတ်လား။
ပြည့်စုံအောင်
၁၈.၉.၂၀၂၀ (12:23 AM)
Comments
Post a Comment