ဗလာ
အမှန်က သိဒ္ဓတ္ထက လမ်းပျောက်သွားတာ။
သူက အရာရာ ပြည့်စုံနေပြီ။ ထိုင်ရာမထ လိုရာ
ရနေတာ။ ဘာမှ အားထုတ်စရာမလိုဘူး။
စာပေထဲ ရှားရှားပါးပါး သိဒ္ဓတ္ထ အားထုတ်တာ
ဆိုလို့ မိန်းမယူကာနီး လေးတော်တင် ပညာပြ
တဲ့ အခဏ်းပဲ အားထုတ်မှု တွေ့ရတယ်။
ကျန်တဲ့နေရာ အားထုတ်ရတာ၊ ရုန်းကန်ရတာ
မတွေ့ဘူး။
ဒီတော့ သိဒ္ဓတ္ထအတွက် လောကကြီးဟာ ဗလာ
ဖြစ်နေတယ်။
အခု ကျနော်ပြောနေတဲ့ သိဒ္ဓတ္ထလမ်းပျောက်တာ
ကို အောက်တန်းစား ငမွဲတွေက နားလည်နိုင်မှာ
မဟုတ်ဘူး။ သူတို့က တစ်ချိန်လုံး ဘဝဆိုတာ
ကြိုးစားခြင်း၊ပန်းတိုင်သွားရခြင်း စတဲ့ အရာတွေနဲ့
အလုပ်ရှုပ်နေကြတာ။ ဒီတော့ အရာရာ ပြည့်စုံ
နေတဲ့သိဒ္ဓတ္ထရဲ့ဗလာဖြစ်မှုကို နားလည်နိုင်မှာ
မဟုတ်ဘူး။ လုပ်စရာ မရှိမှုကို တွေးလို့ ရမှာမဟုတ်
ဘူး။
သိဒ္ဓတ္ထဟာ တစ်ချိန်လုံး ငြင်းပယ်နေရတာ။
ငြင်းပယ်နေရတယ် ဆိုတာ အကောင်းစားတွေ
ကို ငြင်းပယ်နေရတာ။ ဒါကိုလည်း မငြင်းပယ်ဖူး
သေးတဲ့ အငတ်တွေက နားလည်နိုင်မှာ မဟုတ်ပြန်ဘူး။
တစ်ယောက်ကို ရှားရှားပါးပါး လိုက်ချစ်ရတယ်။
မဟားဒရား လိုက်ချစ်ရတယ်။တစ်ဖက်လူ ထွက်
ပြေးချင်လောက် အောင် လိုက်ချစ်နေတယ်။
ဒီလို ချစ်တာကိုလည်း မှန်တယ်လို့ ထင်နေသေးတယ်။
ဒါ အချစ်ငတ်သူ ရဲ့ ဖြစ်ပုံပါ။
အချစ်မငတ်သူ ၊ ဝိုင်းဝိုင်းလည်နေသူဘက်က
စဉ်းစားဖူးရဲ့လား။ ကိုယ်တိုင် ဝိုင်းဝိုင်းလည် အချစ်
မခံရဖူးတဲ့ အချစ်ငတ်သူတွေက ငြင်းပယ်ခြင်းကို
နားလည်မှာ မဟုတ်ဘူး။ ငြင်းနေတဲ့ လူ တွေ့ရင်
လည်း ဒီလောက် တန်ဖိုးထားသူကို ဘာလို့ ငြင်းတာ
လဲ ဆိုပြီးပင် အပြစ်တင်ကြအုံးမယ်။
ဝိုင်းဝိုင်းအလည်မခံရဖူးတော့ ဝိုင်းချစ်ကြလို့
မွမ်းကြပ်တဲ့ ခံစားမှုကို မသိကြဘူး။ ဘယ်သိမလဲ၊
သူတို့ဘဝမှာ အချစ်က ငြင်းလောက်အောင် ပေါ
များနေတာ မဟုတ်တော့ ရသလောက်ကို ခေါင်း
ငြိမ့် တန်ဖိုးထားကြတာပေါ့။ မွမ်းကြပ်အောင်
အချစ်ခံရတာ မဟုတ်တဲ့ အတွက်လည်း ငြင်းပယ်ရ
မှု အနေအထားကို နားလည်မှာ မဟုတ်ဘူး။
သိဒ္ဓတ္ထဘဝမှာ ကာယသုခ၊ စိတ္တသုခဟာ
ဂိတ်ဆုံးကို ရောက်သွားတယ်။ လောကမှာ ရနိုင်
သမျှ ချမ်းသာဟာ သူထံမှာ ရှိပြီး ဖြစ်နေတယ်။
သူ့အတွက် ကြိုးစားစရာ လုပ်ဆောင်စရာက
မရှိတော့ဘူး ဖြစ်နေတယ်။ သူဟာ ချန်ပီယံ ထိုင်ခုံမှာ
ပြိုင်ဘက်မရှိတော့ပဲ တစ်ယောက်ထဲ ငြီးငွေ့စွာ
ထိုင်နေရသူ နဲ့ တူနေတယ်။ သူ ပျင်းနေပြီ။
သူ လမ်းပျောက်နေပြီ ဖြစ်ပါတယ်။
အဲဒီမှာ ဒီအတိုင်းတော့ ဘဝဟာ သိပ်ငြီးငွေ့စရာ
ပဲ၊ ဗလာပဲ ဆိုပြီး တောထွက်ပြီး သမဏ လမ်း
လျှောက် တရားကျင့်တော့တာ ဖြစ်ပါတယ်။
ကျနော်ပြောတာ မဟုတ်လောက်ဘူးလား ဗျာ။
Oo thaw

Comments
Post a Comment