Building Analysis

ငလျင်လုပ်တာကြောက်ဖို့ကောင်းပါတယ်

ဘာလို့လဲဆိုရင် အဆောက်ဦးတွေကမကောင်းလို့ပါ

ဒီထပ်ကြောက်ဖို့ကောင်းတာက အဆောက်ဦးနိမ့်လေလေ ငလျင်ဓံကို ခံရလေလေပါ

ဘာကြောင့်လဲပေါ့။

ဒုတ်တချောင်းကို လက်နဲ့ကိုင်ပြီး လုပ်ယမ်းကြည့်ရအောင်

ဒုတ်ကတိုတာနဲ့ ရှည်တာမှာ တိုတာက ပိုပြီး လုပ်ရမ်းတဲ့ ဓံကို ခံရတယ် ။

ဘာကြောင့်လဲဆိုရင် ရှည်တဲ့ဒုတ်က ကိုယ်ယမ်းတဲ့အားအတိုင်း အလိုက်တသင့် လိုက်ယိမ်းနိုင်တယ်။ ပျော့ပြောင်းတာကိုး။ နောက်ဆုံး လက်ကရမ်းအားက ပမာဏတခုမှာ ငြိမ်သွားတဲ့အခါ။ ဒုတ်က လက်ကရမ်းတဲ့အတိုင်း လိုက်မလုပ်တော့ဘူး။ လက်ကလည်းလုပ် ဒုတ်ကလည်းလုပ်ဆိုတော့ သူ့ဟာနဲ့သူ ငြိမ်သွားတာ။ ချိန်သီးကို ကြိုးနဲ့ဆွဲချထားသလိုပဲ။ ကြိုးရှည်လေလေ အပေါ်ကလုပ်နေတာကို အောက်က ဖြုံတောင်မဖြုံတော့ဘူး

တိုတဲ့ဒုတ်ကျတော့ အဲ့လိုမဟုတ်ဘူး။ များများယမ်းလေလေ များများခံရလေလေ။ ဘာလို့လည်းဆိုရင် သူက လိုက်မယိမ်းနိုင်ဘူး။ တောင့်တောင့်ကြီး တင်းခံနေတာ။ သဘာဝတရားက သိပ်အံဩာဖို့ကောင်းတယ်။

ငလျင်လုပ်တဲ့အခါမှာ အဆောက်ဦးဆိုတာ မြေကြီးပေါ်မှာ စိုက်ထားတဲ့ ဒုတ်ချောင်းကြီး တစ်ခုပဲ။ အထပ် ၁၀၀ ဖြစ်ဖြစ် ၂၀၀ ဖြစ်ဖြစ် မြေကြီးပေါ်စိုက်ထားတဲ့ ဒုတ်ချောင်းကြီးလိုမြင်ရမယ်။ လက်ကဒုတ်ကိုင်ပြီး ရမ်းသလို ငလျင်လုပ်တဲ့အခါမှာလည်း ဒီအတိုင်းပြုမှုတယ်။

အထပ် ၁၀၀ ဖြစ်ဖြစ် အဲ့ထက်များတာဖြစ်ဖြစ် ဘေးတိုက်တွန်းအားကို ခံနိုင်ဖို့ဆိုရင် cantilever beam အနေနဲ့ အဆောက်ဦးအောက်ခြေဖြားကနေ ထိပ်ထိကို ဒီဇိုင်းလုပ်ပေးရတာ။ ပြောရရင် cantilever beam ကြီးပါပဲ။ Shear Wall ထည့်တယ်ဆိုတာက အဆောက်ဦးတခုလုံးကို stirrup ထည့်တာဘဲ။ beam direction ဘဲကွာတာ။ အဆောက်အဦးဆိုတဲ့ beam က vertical ထောင်ထားတော့ shear wall က horizontal reaction ကို resist လုပ်။ column beam ကျတော့ horizontal အတိုင်းရှိတော့ vertical direction မှာရှိတဲ့ stirrup က resist လုပ်။ ပြောရရင်တော့ အများကြိးထပ်ဖြည့်လို့ရသေးတယ် T တန်ဖိုးတွေ R တန်ဖိုးတွေ။ မပြောသေးဘူး ခဏရပ်ထားအုံးမယ်

အဆောက်ဦးက မြင့်တာနဲ့ နိမ့်တာမှာ analysis လုပ်ပုံချင်းကွာတယ်။ ဘာကြောင့်လဲဆိုရင် တိုတဲ့ဒုတ်နဲ့ ရှည်တဲ့ဒုတ်က ပြုမှုပုံချင်း မတူလို့။ ဒါနဲ့ပတ်သပ်ပြီး codeo တခုနဲ့တခုက ကွာလိမ့်မယ် ။ ကျတော်မှတ်မိတာမမှားရင် ပေ ၂၀၀ လို့သတ်မှတ်ထားတယ်။ အဲ့ထက်မြင့်ရင် အတိုမှာလုပ်တဲ့ equivalent lateral force analyisis နဲ့မရတော့ဘူး။ သူက ဘာသဘောလည်းဆိုရင် ငလျင်လုပ်တာကို အောက်ခြေက လုပ်တယ်လို့မစဉ်းစားဘဲ အဆောက်အဦးအမြင့်တလျှောက် အထပ်တိုင်းကို ဘေးကနေ အားနဲ့တွန်းတယ်လို့ယူဆတယ်။ ငလျင်လုပ်တဲ့အားနဲ့ညီမျှတဲ့ပမာဏနဲ့ အဆောက်ဦးကို ဘေးကနေ တွန်းချတာပေါ့။ ဒါက static analysis ...

ခုနကပြောခဲ့သလို အရမ်းမြင့်သွားရင်ကျတော့ equivalent lateral force analysis သုံးလို့မရတော့ဘူး။ dynamic analysis နဲ့လုပ်ရမယ်။ ဥပမာ Respond Spectrum Analysis လိုပေါ့။ အသေရှုပ်ထွေးတယ်။ dynamic analysis ပါ။ ဒါကို run ရတာ ကွန်ပြူတာတောင် မီးခိုးထွက်တယ်။ ကျတော့်အရင် ကွန်ပြူတာလေးဆိုရင် စက်တောင် ငယ်သံပါအောင်အော်တာ။ စောင်ခြုံပြီး ထိုင်စောင့်နေရတယ်။ ဘောလုံးပွဲပြီးသွားတာတောင် စက်က မပြီးသေးဘူး။ လုပ်နေတုန်း။ ပုံမှန်ဆိုရင်တော့ ဒါကိုအမြဲဖြုတ်ထားတာ။ ကြာလို့။

အနှစ်ချုပ်ပြောရရင် ငလျင်လုပ်တဲ့အခါ အဆောက်ဦးရဲ့ ပြုမှုပုံချင်းက အနိမ့် အမြင့်လိုက် မတူကြဘူး။

Aung Hla Min Naing

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )