ပြည်ပကလာတဲ့ ချစ်သူ



ဒီလို တင်စားလို့ရတဲ့ ..
Steel Structure တွေဟာ ..
စစချင်း Base Plate မှာပါ၀င်တဲ့ ..
Anchor Bolt နဲ့ Electrode ကစပြီး ..
Beam - Column - Bracing - Purlin အထိ
Foreign ကနေ ၀ယ်ယူရတာ ဖြစ်ပါတယ် ..
ပြည်တွင်းက Fabrication နဲ့
Erection လုပ်အားခပဲ ရတာများပါတယ် ..
နိုင်ငံခြားက၀ယ်လာတဲ့ Steel Structure
တည်ဆောက်ရေးမှာ ပထမဆုံးအဆင့်
Economic Design နဲ့ဝေးစေနိုင်တဲ့
အဓိကအကြောင်းအရင်းက Buckling ပါပဲ ..
ဘာဖြစ်လို့လဲ ?
Compression member တွေကို
Fy - 36 ksi ရဲ့ ထက်၀က်အောက်ထိ
Strength နည်းသွားစေနိုင်ပါတယ် ...
Buckling မဖြစ်ဖို့ အဲ့ဒီ Member ကို
kL/r ratio နည်းအောင် လုပ်ရပါမယ် ..
k - တန်ဖိုးက AISC အရ ...
0.5 to 1.0 (Non-sway frame)
1.0 to 20 (Sway-frame) ဖြစ်နိုင်တယ်
k - value နည်းအောင် ... member ကို
ချုပ်သင့်တဲ့နေရာမှာချုပ်ပေးရပါတယ် ..
ဥပမာ - Floor Load မရှိပေမယ့်
Roof Main beam တွေကို .. mid မှာ
Tie Beam တွေနဲ့ ပြန်ချုပ်တာမျိုး ..
မချုပ်ချင်ရင် L(အလျား)တိုအောင်လုပ်ရမယ်
ဥပမာ - Truss တွေရဲ့ compression
chord တွေကို ၄ ပေ-၆ပေခြားပဲလုပ်တာမျိုး ..
kL ကစားလို့မရမှသာ r-value ကြီးမယ် ..
Size တိုးသုံးတာကို နောက်ဆုံးမှသာ ..
Try သင့်ပါတယ် .. Restrain များဖို့ကို
ဦးစားပေး စဉ်းစားသင့်ပါတယ် ..
kL/ r ratio နည်းလေ ..
Compression Capacity တက်လေ ..
Member size သေးလို့ရလေပါပဲ ..
ဒီဆက်သွယ်ချက်က ဘာမှ မခက်ဘူး ...
kL/ r ကို သိရင် Fcr က Table ကြည့်ရုံပါ ..
kL/r အကြောင်းက နောက်မှရေးပါမယ် ..
Slenderness ratio, kL/ r  နည်းလေ ..
Critical Stress, Fcr တန်ဖိုးတက်လေ
Economic Design ရလေဆိုတာ သိရုံပါပဲ
Column နဲ့ Truss တွေရဲ့
Compression ခံနိုင်ရည်ကို
phi Pn = phi . Ag . Fcr
ဆိုတာလေးနဲ့ တွက်လိုက်ရင် ရပါမယ် ..
phi - 0.85 (AISC-99)
phi - 0.90 (AISC-05)
Steel Member တစ်ခုကို ..
I-section, H-section, HSS .. ဘာသုံးသုံး
ပိုက်ဆံပေးရမယ် .. ကုန်တာချင်းအတူတူ
သူ့ထဲမှာ Tension ၀င်လာရင် Steel ရဲ့
Yield Strength = 36 ksi ထိသာမက
Ultimate Strength = 58 ksi ထိရပါမယ် ..
သူ့ထဲမှာ Compression ၀င်လာရင် ..
Fy = 36 ksi အထိ အပြည့်မရနိုင်တော့ပါဘူး
Fcr < 36 ksi ထိပဲ သုံးလို့ရပါတော့မယ် ...
ဥပမာ .. kL/r = 1 မှာ Fy = 36 အပြည့်ပါ
kL/ r =200 မှာ Fy = 5 ksi ပဲယူရပါမယ် ..
ဒါကြောင့် .. 12 meter Member တစ်ခုကို
သူများနိုင်ငံက Dollar ပေးပြီး၀ယ်ရတာချင်း အတူတူ Fcr မလျော့လေ အကျိုးရှိလေပါပဲ
AISC မှာတော့ kL/ r < 200 ပေးပြီး
BS မှာတော့ kL/ r < 300 ထိပေးပါတယ်
ကျနော်တို့နိုင်ငံက ပရောဂျက်တွေမှာ
kL/ r ratio ကို 130 လောက်ယူတာက
Fcr ကို Fy ရဲ့ 60% လောက်ပဲလျော့စေလို့
ပိုပြီး Economic ဖြစ်တယ်လို့ယူဆပါတယ် ...
Member Size သေးသေးသုံးလို့ရရင်
Shipping စရိတ်ကအစ သက်သာပါမယ် ..
Member များလာတော့ လုပ်ကွက်များမယ်
လုပ်ကွက်နဲ့ ယူတဲ့ Steel Market မှာ ..
လုပ်သားတွေ လုပ်အားခပိုရမယ် ..
ဒါကြောင့် ..
Steel Structure တွေမှာ
Member ကို size သေးဖို့လုပ်ပြီး ..
Member များများနဲ့ ပြန်ချုပ်တာက ..
လုပ်ကွက်နည်းနည်းပိုရစေတာက ..
ပြည်တွင်း Market အတွက်သက်သာပြီး
Fabricator တွေကိုလဲ ပိုအကျိုးရှိစေပါမယ်
Client လိုချင်တဲ့ size သေးသေးလဲရပါမယ်
ကျနော့်ရဲ့ personal အတွေး သက်သက်ပါ..

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )