မြန်မာနိုင်ငံ သိပ်ချမ်းသာခဲ့ဖူးတယ်လို့ ပြောလာရင်

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တစ်ချိန်က အချမ်းသာဆုံး၊ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်။ တပ်မတော် က အုပ်ချုပ်လို့ နိုင်ငံမွဲပြာကျသွားတယ်ဆိုတဲ့စကားက နိုင်ငံရေးသမားတိုင်း သုံးနေကျစကား။ စာပေဟောပြော ပွဲတွေမှာ ကိုယ်လေးစားအားကျရတဲ့ စာရေးဆရာတွေကိုယ်တိုင်ပြောတာဆိုတော့ ကိုယ်တွေလဲ တစ်ချိန်က ယုံခဲ့မိတယ်။ အခုတော့ မယုံတော့ဘူး။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန် အိမ်နီးချင်းတွေကိုကြည့်ရင်.. တရုတ်က တရုတ်ပြည်သူ သန်း ၂၀ လောက် သေခဲ့တဲ့ တရုတ်-ဂျပန်စစ်ပွဲပြီးကာစအချိန်၊ ကူမင်တန်နဲ့ ကွန်မြူ နစ် တိုက်လို့ကောင်းနေတဲ့အချိန်၊ အမေရိကန်ကတောင် ထိုင်၀မ်ကိုပဲ တရုတ်အစိုးရလို့ သတ်မှတ်ထားတဲ့အချိန် ဖြစ်နေတယ်။ အိန္ဒိယနိုင်ငံက အဲဒီအချိန်မှာ အင်္ဂလိပ်လက်အောက် ဒိုမီနီယံအဆင့်မှာပဲ ရှိသေးတယ်၊ အိန္ဒိယနဲ့ပါကစ္စတန် ခွဲပြီး သီးခြားနိုင်ငံတွေအဖြစ် လွတ်လပ်ရေးယူဖို့ စီစဉ်နေတဲ့ကာလ။ ဘင်္ဂလားဒေ့ရ်ှဆိုတာက အိန္ဒိယမှာ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်ခြမ်းကွဲ၊ ပါကစ္စတန်မှာ အရှေ့ပါကစ္စတန်နဲ့ အနောက် ပါကစ္စတန် နှစ်ခြမ်းကွဲပြီးမှ ဖြစ်လာတဲ့နိုင်ငံဆိုတော့ အဲဒီအချိန် နိုင်ငံတောင် မဖြစ်သေးဘူး။ ထိုင်းမှာ ကလဲ ကမ္ဘောဒီးယား၊ လာအိုတို့နဲ့ စစ်ပွဲ...