လူငယ်တွေ ရင့်ကျက်ပြီလား

အခြားနိုင်ငံတော့ မရောက်ဖူးပါ။
ဗမာပြည်တွင်း ယဉ်ကျေးမှုအရတော့ လူငယ်တွေ
ဟာ ၂၅၊ ၂၆ ထိ ရင့်ကျက်တယ် ကျနော်မထင်ဘူး။
ကလေးဆန်နေတယ်။ အယုအယ အကြင်နာကို
ငတ်မွတ်နေသေးတယ်။ သူတပါးကို မှီခိုလွန်းနေ
သေးတယ်။ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် မတည်ဆောက်
နိုင်သေးဘူး။သူတပါးစီမံမှုကို တောင်းတနေသေးတယ်။
ထိုထက် ပိုဆိုးရင် လူတောထဲ ရဲရဲဝံ့ဝံ့ ယုံကြည်စိတ်နဲ့
ဝင်ရဲသူ နဲသေးတယ်လို့ ကျနော် မြင်နေပါတယ်။

ကျနော့် တကိုယ်စာအနေနဲ့ ဆို ထိုအရွယ်တွေကို
ကလေးဟုသာ ကျနော်က ယူဆတယ်။ ကိုယ်ချင်းစာ
ပြောရရင် ထိုအရွယ်က ကျနော်နေထိုင်မှုပုံစံကို
ယခုအရွယ်ကနေ လှမ်းကြည့်ရင် ကလေးတစ်ယောက်
လုပ်ရပ်ဟုသာ မြင်မိပါတယ်။

လူငယ်ဟာ တက်ကြွရမယ်၊ ရဲရင့် ရမယ်။
ဒါပေမဲ့ ပုံမှားနိုင်တာက တက်ကြွတာ၊ရဲရင့်တာနဲ့
စိတ်အလိုလိုက်တာ၊ ခံစားချက် ဦးစားပေးတာ၊
သူတပါးကို မှီခိုလွန်းတာ မတူဘူး။ ထစ်ခနဲ ရှိ
ရန်ဖြစ်မယ်ဆိုတာ လူငယ်တွေ လုပ်တတ်ပေမဲ့၊
ထိုရန်ဖြစ်တာရဲ့ လုပ်ရပ်ကို ကိုယ်က တာဝန်ယူရဲ
ရမှာ ဖြစ်ပါတယ်။ တနည်းဖြင့်မိဘဂုဏ်ရှိန် အားကိုး
ပြီး မိုက်သွေးကြွတာဟာ ဒါ စနစ်တကျ ရင့်ကျက်တာ
မဟုတ်ဘူး။ ဗရမ်းဗတာ ကလေးဆန်နေတာပဲ
ဖြစ်ပါတယ်။

ဒီမှာ ပြောလိုတာက လူကြီးတွေရဲ့ သင်ကြားမှုပုံစံ၊
လူ့အဖွဲ့အစည်းရဲ့ သင်ကြားမှု ပုံစံကို ပြောချင်တာပါ။

ပညာရေး၊ ဘာသာရေး၊ လူနေမှု ၊အလုပ်အကိုင်
စတာတွေမှာ လူငယ်တွေကို နေရာမပေးဘူး။
ကလေးဘဝကတည်းက လူငယ်ကို တာဝန်ယူ
စိတ်၊ကိုယ်ထူကိုယ်ထ စိတ် မွေးမပေးဘူး။ အရာရာ
လက်ဝေခံပုံစံ သင်ကြားတယ်။ပညာရေးမှာဆို ဒါကျက်
ဒါဖြေ သင်ကြားတာဟာ ကိုယ်ပိုင်ဥာဏ်ကို သတ်
တာနဲ့အတူပဲ။ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းကို သင်းကွပ်
ပစ်တာပဲ။ ထိုဒါ ကျက်ဒါဖြေ ကလေးက ဘွဲ့ရသွား
လည်း သူ့ဘာသာ ဝါကျတစ်ကြောင်း ဖြောင့်အောင်
ရေးတတ်မှာ မဟုတ်ဘူး။သူ့ကိုယ်ပိုင်ဖြစ်တည်မှုကို
ဖော်ထုတ်ပြတတ်မှာ မဟုတ်ဘူး။ လူကြီးက အသိ
အမှတ်မပြုရင်၊ စာအုပ်ထဲ သင်ကြားခဲ့သလို မဟုတ်
ရင်သူဟာ လမ်းမလျှောက်တတ်တော့ဘူး။
အကန်းလို ဖြစ်နေတယ်။ သူလုပ်တတ်တာက 
လူကြီးက အသိအမှတ်ပြုမယ်၊ သူသင်ခဲ့တာ ပြန်
ရေးရမယ်ဆို သူရေးတတ်မယ်။ဒါဟာ လောင်းရိပ်မိ
ခြင်း လက္ခဏာတွေပဲ။ကိုယ်ထူ ကိုယ်ထ ၊ကိုယ်တာဝန်
ကိုယ်ယူ၊ ကိုယ်ဖြစ်တည်မှု ကိုယ့်ဘာသာဖော်ထုတ်
စတဲ့ စိတ်အရည်အသွေးတွေ ပျောက်ဆုံးခြင်းပဲ။

ဗရမ်းဗတာ လွတ်ပေးရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။
အရိပ်မိုးလွန်းတဲ့ ကိစ္စတွေ လျော့ချဖို့၊ သူ့ အရည်အသွေး
သူ့ဘာသာ ဖော်ထုတ်မှုမှာ ဘေးက ကူညီပေးဖို့၊
အမှန် အမှားဆိုတာ အရာရာ လူကြီးဆုံးဖြတ်ချက်
အပေါ် မူတည်မနေပဲ ကိုယ့်ဘာသာ ရှာဖွေရမှာ
ဖြစ်ကြောင်း၊ တာဝန်ယူစိတ်အတွက် သတ္တိမွေးရမှာ
ဖြစ်ကြောင်း၊ နေရာတကာ ရှက်အောင် ကြောက်အောင်
မနေသင့်ကြောင်း၊ လူ့ဂုဏ်ရည်ဟာ ဆင်းရဲ ချမ်းသာနဲ့
မဆိုင်ပဲ လုပ်ရပ်နဲ့သာ ဆိုင်ကြောင်း စသည်ဖြင့်ပေါ့ဗျာ။

ကျနော်အမြင်ကတော့ ၂၅၊ ၂၆ ထိ လူငယ်တွေကို
ရင့်ကျက်တယ် မထင်သေးပါ။ ကလေးဆန်နေသေး
တယ်ပဲ ထင်နေပါတယ်။

Oo thaw

Comments

Popular posts from this blog

မြန်မာ eBook များ

အမိုးဧရိယာ တွက်နည်း

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )