နှစ် ၆၀ နဲ့ ဖယ်ဒရယ်
၁။ စစ်တပ်က သူပုန်ကိုတိုက်လာတာ အနှစ်၆၀ရှိပြီ ။ သူပုန်တွေ တိုးလာတာပဲ အဖတ်တင်သတဲ့ ။
ဟဲ့ ... သူပုန်တွေတိုးလာတာ စစ်တိုက်ရလို့မဟုတ်ဘူး ။ ငြိမ်းချမ်းရေးထိုင်လုပ်နေရလို့ သူပုန်က ပြန်ပြန် အင်အားကြီးလာတာ ဗိုင်းတာမရဲ့လို့ ပြန်ဆဲလိုက်ရ မကောင်းရှိတော့မယ် ။
-----------------
၂။ သူပုန်က နှစ်မျိုးရှိတယ် ။ ဝါဒရေးရာသူပုန်နဲ့ လူမျိုးရေးသူပုန် ။ ဝါဒရေးရာသူပုန်ဆိုတာက ဗကပလို ပြည်ပြေးဦးနုလို အဖွဲ့မျိုးတွေ ။ အခုမရှိတော့ဘူး မျိုးကန်းသွားပြီ ။
လူမျိုးရေးသူပုန်ကျတော့ တိုက်လိုက် နယ်စပ်နားထိကပ်သွားလိုက် ။ ဟိုဘက်နိူင်ငံထဲ ဝင်ပြေးလိုက် ။ တိုင်းရင်းသားတွေကို ဗလာဗလာလုပ်နေပါတယ် ဖျင်ဖြဲအော်လိုက် ။ အမေရိကန်လို တရုတ်လို စောင်ငပွတွေက ဖိအားပေးလိုက် မြှောက်ပေးလိုက် နဲ့ တိုင်ပတ်နေတာ ။
-----------------
၃။ လူမျိုးရေးသူပုန်က မညီမျှလို့ဆိုပြီး တိုက်တယ်ဆိုတယ် ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်ပေါ့လေ ။ ဖက်ဒရယ်ပေါ့ ။ ဒါနဲ့ ဖက်ဒရယ်ကို ဆက်စကားပြောကြတယ် ။ ဘယ်လိုဖက်ဒရယ်လဲ ။ ရှစ်ပြည်နယ်မူတဲ့ ။ ဗမာတွေလည်း တစ်ပြည်နယ်ပဲတဲ့ ။ Majority Right ကို မရဘူးတဲ့ ။
ဟမ့် ... ဒါဆို လူဦးရေရဲ့ ၃၀ရာခိုင်နူန်းတောင်မရှိသော ကျန်တဲ့ ၇ပြည်နယ်က တစ်ပြည်နယ်ကိုတစ်မဲနဲ့ ၇မဲယူမယ် ။ငါတို့ ၇၀ရာခိုင်နူန်းသောသူတွေကကျတော့ အားလုံးပေါင်းမှ တစ်မဲပဲရမယ်ဟုတ်လား ။ ရီးပဲလေ ဆိုပြီး ပြသနာတက်ကြတယ် ။ ဒီကြားထဲ ဆီးတိုးတွေ ရှမ်းစော်ဘွားတွေ နွံစစ်ဟန်အဖွဲ့တွေပါ ရှုပ်လာတော့ ၁၉၆၂မှာ တပ်က အာဏာသိမ်းရော ဒါနဲ့ ဖက်ဒရယ်ဆိုလား ဘာဆိုလား တစ်ခန်းရပ်သွားတယ် ။
-----------------
၄။ သောက်ရေးထဲ ဘာထဖြစ်လဲဆို တိုင်းပြည်မှာ ဆိုရှယ်လစ်ပိုး ဝင်တယ် ။ ဆန်းတော့ သိပ်မဆန်းပါဘူး ။ လွတ်လပ်ရေးအတွက် စတိုက်ကြကတည်းကိုက ကွန်မြူနစ်တွေ ၊ ဆိုရှယ်လစ်တွေက အင်အားတစ်ခုအနေနဲ့ပါခဲ့ပြီးသား ။ ရဲဘော်သုံးကျိပ်ဝင်တစ်ချို့ပါ ဝါဒရေးရာအကွဲအပြဲနဲ့ တောခိုကြတယ် ။ဗိုလ်ချုပ်ကျော်ဇောလို လူတွေပါ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့သွားပေါင်းတယ် ။
စဉ်းစားကြည့်တော့လဲ ကမ္ဘာမှာကိုက အနီလှိုင်းအကြီးအကျယ်ရိုက်လို့ အမေရိကန်တောင် ဆီးတိုးလိုအဖွဲ့ဖွဲ့ပြီး ခုခံနေရချိန် ၊ စစ်အေးတိုက်ပွဲအရှိန်မြင့်ချိန် ဒီအနီရောင်ရေခံမြေခံအပြည့်နဲ့ တိုင်းပြည်ဟာ ၁၉၇၄မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ နိူင်ငံတော်ဆိုပြီး မွဲဆေးဝင်ဖော်ခဲ့တာ ဘာဆန်းသလဲ ။ နောက်ဆုံးချွတ်ခြုံကျလွန်းမကကျ ၊ ၈၈ အရေးအခင်းဖြစ်တော့လဲ ရှိသမျှ မြေပေါ်မြေအောက်သူပုန်ပေါင်းစုံ ဖျာဝင်ခင်းခဲ့ကြတာ ဘာဆန်းသလဲ ။
----------------
၅။ စာရင်းချုပ်တော့ ၁၉၈၈မှာ စစ်တပ်က ပြန်အာဏာသိမ်းတယ် ။ ဖျာခင်းတဲ့ကောင်တွေကို ဗျင်းတယ် ။ အေး ... မင်းတို့ပြောသလို ဒီမိုကရေစီစနစ်ပြောင်းမယ် ။ မင်းတို့ သူပုန်တွေလဲ အပစ်ရပ်ကြ ။ မရပ်တဲ့ကောင် မရပ်သလိုလုပ်မယ် ပြောတယ် ။ အများစုက ရပ်သွားတယ် ။ကေအန်ယူက မရပ်တော့ သုံးလေးငါးနှစ် တောက်လျှောက်လိုက်အုပ်ပြီး မာနယ်ပလောထိ သိမ်းပြစ်လိုက်တယ် ။
စစ်တပ်က လည်တယ် ။သူက အာဏာသိမ်းထားတာဆိုတော့ နိူင်ငံရေးမဆွေးနွေးဘူး ။ နိူင်ငံရေးက မင်းတို့နောက်တက်တဲ့ အစိုးရနဲ့ဆွေးနွေးကြတဲ့ ။ အခုက ကိုယ့်နယ်မြေကိုယ် ဖွံ့ဖြိုးတိုးတက်အောင်လုပ် ဒီလိုပေါ်လစီချတယ် ။ အဲဒီမှာ အပစ်ရပ် စီးပွားရေးခေတ်စတယ် ။ မူးယစ်ဆေးဝါးတွေ ပေါများလာတယ် ။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကြီး တရားဝင်စတယ် ။ သယံဇာတထုတ်တဲ့ စီးပွားရေးစတယ် ။
-----------------
၆။ ဘာလို့သယံဇာတထုတ်တာတုန်း ။ စက်ရုံအလုပ်ရုံတွေထောင်ပါလား ။ နိူင်ငံခြားရင်းနှီးမြုပ်နှံမှုတွေခေါ်ပါလား ။ အခွန်တွေကောက်ပါလား ။ ဟူးမန်းရီဆို့စ် ဘာညာဘာညာ ၊ အင်ဗိုင်ရော်မန်တယ် ဘလာဘလာလေး သိသလောက်မေးကြည့်တော့ ဆိုရှယ်လစ်စနစ်ကြောင့် ကတ္တရာပေပါ ၂၀၀လောက်ပဲ ကျန်တဲ့တိုင်းပြည် ၊ နိူင်ငံခြားအရန်ငွေမရှိတော့လို့ သံရုံးမြေကွက်ကိုတစ်ခြမ်းခြမ်းရောင်းရတဲ့ တိုင်းပြည် ၊ ဓာတ်ဆီမရှိတော့လို့ ကားတွေ မက်သနောထည့်မောင်းနေရတဲ့ တိုင်းပြည်မှာ သယံဇာတမရောင်းလို့ လပြွတ်ချွတ်ရောင်းလို့မှ မရတာလို့ ဘုတောခံရတယ် ။
လပြွတ်ချွတ်ရောင်းလို့မရတာလဲ ဟုတ်နေတော့ လည်သူစားစတမ်း အရေးအခင်းပြီး တံခါးဖွင့်စီးပွားရေးခေတ်ကြီးမှာ လည်သူတွေ ချမ်းသာသွားကြတယ် ။ အလုပ်သမားတွေ ပြည်ပကို အုံနဲ့ကျင်းနဲ့အလုပ်သွားလုပ်ကြတယ် ။ အခု သူများတိုင်းပြည်မှာဆို ဘလာဘလာ ၊ ငါတို့တိုင်းပြည်က ဘလာဘလာဆိုပြီး လိုင်းပေါ်မှာ စောက်ကြီးစောက်ကျယ်ပြောနေကြတဲ့ ပြည်ပက ပေါက်စနကောင်တစ်ချို့က ဒုတိယမျိုးဆက် ။ အဲဒီတုန်းက စထွက်တာက ပထမမျိုးဆက် ။
အခု အနီကြောင်တစ်ချို့ လိုင်းပေါ်မှာဆဲပြီး အပြင်မှာ လိုက်ဖားယားနေတဲ့ ခရိုနီတွေ တိုင်ကွန်းတွေအများစုဟာလည်း အဲဒီတုန်းက အကွက်မြင်ခဲ့တဲ့ လူငယ် လူလတ်တွေလို့ ဆိုလို့ရတယ် ။
----------------
၇။ စစ်အစိုးရခေတ် ၂၂နှစ်လွန်တော့ အရင်ပြသနာပြန်ပေါ်တယ် ။ နိူင်ငံရေးပြသနာ ။ ၂၂နှစ်အတွင်း ပျက်တဲ့အဖွဲ့ ပျက်သွားတယ် ။ ပြည်သူ့စစ်တွေ BGF တွေ ဖြစ်တဲ့သူလဲ ဖြစ်ကုန်တယ် ။ အင်အားကြီးတဲ့ အထူးဒေသတွေလဲ အုံနဲ့ကျင်းနဲ့ အင်အားကြီးလာတယ် ။ ဖက်ဒရယ်အကြောင်း ပြန်ပြောကြပြန်တယ် ။ ဘယ်လိုဖက်ဒရယ်လဲ ။
ဦးသိန်းစိန်လက်ထက်က ဘယ်လိုဖက်ဒရယ်ဆိုတာက NCA ထိုးပြီး Political Dialogue ကျမှ ဆွေးနွေးမယ်ပြောတယ် ။ NCA ထိုးပြီး အဖွဲ့အတော်များများ အပစ်ရပ်သွားတယ် ။ ၂၀၁၆ အစိုးရချိန်းတယ် ။ NCA တော့ NCA ပဲ ။ သို့သော် သူက Political Dialogue ပြီးမှလုပ်ရမယ့်ညီလာခံကို ၂၁ပင်လုံ နာမည်ပေးပြီး အရှေ့ကိုဆွဲတင်လိုက်တယ် ။
အမှန်အတိုင်းပြောရလျှင် အဲဒီညီလာခံက ဘာလုပ်ချင်မှန်းမသိဘူး ။ အဲဒီမှာ NCA ထိုးတာ မဟုတ်သလို Political Dialogue လဲ မဆွေးနွေးဘူး ။ JMC အပစ်ရပ်လဲ မစောင့်ကြည့်ဘူး ။ သူက မိန့်ခွန်းတွေတက်ပြောပြီး ဓာတ်ပုံတွေရိုက်တာ ။ Political Dialogue မပြီးသေးလို့ နိူင်ငံရေးသဘောတူညီချက်တွေလဲ မရသေးတော့ ပထမ၂၁ ပင်လုံမှာ စာတမ်းတွေတက်ဖတ်ရင်း အရှိန်လွန်ပြီး လူမျိုးတစ်မျိုးနဲ့တစ်မျိုး ပုတ်ခတ်တာတွေထိဖြစ်လာလို့ နိူင်ငံရေးစိတ်ဝင်စားသူတွေ ဝူးဝူးဝါးဝါး ဒေါသတွေ ထွက်ရသေးတယ် ။ အခုတော့ သူလဲ တစ်ခါတစ်ခါလုပ်ဖို့အရေးကို ဆင်တုပ်ကွေးဝင်သလိုဖြစ်ပြီး တိုင်ပတ်နေတယ် ။
-----------------
၈။ လက်ရှိကာလကတော့ ဖက်ဒရယ်ဒစ်လည်ကာလလို့ နာမည်တပ်ရမယ် ။ ဘယ်လို ဖက်ဒရယ်လဲ ။ ဘယ်သူမှ မပြောနိူင်ဘူး ။ ကိုယ်ထင်တာ ကိုယ်ပြောနေကြတာပဲ ။ ပထမ၂၁ပင်လုံစကာနီးမှာ အင်ဘန်လကြီး ဦးစီးတဲ့ အဖွဲ့တစ်ချို့ ဒေါ်အောင်ဆန်းစုကြည်ကိုလာမေးတယ် ။ အတိုင်ပင်ခံရဲ့ ဖက်ဒရယ်ဆိုတာက ဘယ်လိုဖက်ဒရယ်မျိုးလဲ ကျွန်တော်တို့ သိချင်ပါတယ်တဲ့ ။
ဒေါ်အောင်ဆန်းစုကြည်က ပြန်ရှင်းပြတယ်။ ဖက်ဒရယ်ဆိုတာက ကမ္ဘာပေါ်မှာက ဘယ်လိုပေါ့လေ ။ နိူင်ငံတွေမှာ ကျင့်သုံးတာက ဘယ်လိုပေါ့ ။ အဲဒီတော့ ဖက်ဒရယ်ဆိုတာဟာ ဘာညာနဲ့ အင်ဘန်လကို ပြန်ရှင်းတယ် ။အဆုံးသတ်ကျတော့ အင်ဘန်လ တိုင်ပတ်ပြီး ပြန်သွားတယ် ။ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြတဲ့ ဖက်ဒရယ်ကို နားလည်သွားပုံတော့ မရဘူး ။ အမှန်အတိုင်းပြောရလျှင် ကိုယ်တွေလဲ သူ့လိုပဲ အခုထိ နားမလည်သေးဘူး ။
အခုထိလဲ မြန်မာပြည်မှာ ကျင့်သုံးမယ့် ဖက်ဒရယ်ကို ဘယ်သူမှ နားမလည်သေးဘူး ။ ဗဟိုက ချုပ်ကိုင်မှုများမယ့် ဖက်ဒရယ်လား ။ ပြည်နယ်တွေက လုပ်ပိုင်ခွင့်ပိုအားကောင်းမယ့် ဖက်ဒရယ်လား ။ ကွန်ဖက်ဒရိတ်ဘက်ယိမ်းတဲ့ ဖက်ဒရယ်ပျက်လား ။ ကိုယ့်လူမျိုးစုနဲ့ ကိုယ့်တပ်နဲ့ နေမယ့် ဖင်လှန်ပြတဲ့ ဖက်ဒရယ်လား ။ ဒါတွေ ဘယ်သူမှ မသိကြဘူး ။
-----------------
၉။ အမှန်အတိုင်းပြောရလျှင်တော့ မသိလဲ ဘာအရေးလဲ ။ ဖင်ပြောင်ဖက်ဒရယ်ဆိုလဲ ဘာဖြစ်လဲ ။ ကိုယ့်လူမျိုးနဲ့ ကိုယ့်လက်နက်ကိုင်တပ်နဲ့ ရီးဖက်ဒရယ်ဆိုလဲ ဘာဖြစ်လဲ ။
အရေးကြီးတာက တပ်မတော်နေ့ကို တော်လှန်ရေးနေ့အဖြစ် ပြန်ပြောင်းဖို့ရယ် ၊ တပ်တွင်းမဲရုံတွေ အပြင်ထုတ်ဖို့ရယ် ၊ လွှတ်တော်ထဲက တစ်မတ်သားထွက်သွားဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား ။
----------------
ရဲမိုး

Comments
Post a Comment