Posts

Showing posts from 2020

၁/၂၀၂၀

ဒီရက်ပိုင်းတွေမှာ လူမှုရေး ပြဿနာတွေနဲ့ အချိန်ကုန်တာများနေတော့ ဘာမှသိပ်ပြီး လေးလေးနက်နက် မတွေးဖြစ်ဘူး။ ဘာသိဘာသာနဲ့ အလိုက်သင့်လေးပဲ။ တခါတလေ ကိုယ့်ဘာသာကိုယ်တောင် နေရတာ ပျော်တယ် မပျော်ဘူးဆိုတဲ့ကိစ္စကို သိပ်ဝေခွဲမရချင်ဘူး။ အစမှာရေးထားတဲ့ ဒီရက်ပိုင်းလို့ဆိုပေမယ့် ၂၀၂၀ နှစ်ဆန်းထဲ စဝင်လာတဲ့အချိန်ကစပြီးလို့ ပြောရရင် ပိုမှန်မယ်ထင်တယ်။ အရင်ကဆို ဒီလိုအချိန်တွေမှာ စနစ်တွေအကြောင်း လူတွေအကြောင်း ကျန်းမာရေးကိစ္စတွေအကြောင်း ပြဿနာတွေအကြောင်း သူနဲ့အတူအဖြေရှာရင်း ကိုယ်စိတ်ပါတာလုပ်နေရတယ်ဆိုပြီး ကျေနပ်နေမိမှာပဲ။ အခုဘက်ဆီမှာတော့ ညဘက်တွေမှာ ဘာမှမရှိတဲ့ ကောင်းကင်ကို ငေးနေမိတာမျိုး။ Cast Away ဇာတ်လမ်းထဲက Tom Hanks ရဲ့ အိမ်ပြန်ရောက်ခါနီးအချိန်ထိ သူနဲ့တချိန်လုံးရှိနေခဲ့တဲ့ စကားပြောဖော်ပြောဖက် ဘောလုံးလေး  Wilson ဘယ်ရောက်နေမလဲဆိုပြီး ရောက်တတ်ရာရာ တွေးနေမိတာမျိူး။ The Sea Wolf ထဲက ဝံပုလွေလာဆင်တယောက် သူရဲ့ လောကအမြင်ကို သူကိုယ်တိုင် ဖန်တီးရပ်တည်နိုင်တာမျိုး။ ဒီလို ဟိုရောက်ဒီရောက် အတွေးတွေပဲ ဖြတ်ခနဲ ဝင်ဝင်လာတယ်။ အဲဒီလို အချိန်ဆို အောင်ခင်မြင့် ပြောတဲ့ ဘဝဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ထက် ယုံကြည်သက်ဝင်ဖို့ ပိုပြီး လိုတယ...

မြန်မာနိုင်ငံ သိပ်ချမ်းသာခဲ့ဖူးတယ်လို့ ပြောလာရင်

Image
  မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တစ်ချိန်က အချမ်းသာဆုံး၊ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်။ တပ်မတော် က အုပ်ချုပ်လို့ နိုင်ငံမွဲပြာကျသွားတယ်ဆိုတဲ့စကားက နိုင်ငံရေးသမားတိုင်း သုံးနေကျစကား။ စာပေဟောပြော ပွဲတွေမှာ ကိုယ်လေးစားအားကျရတဲ့ စာရေးဆရာတွေကိုယ်တိုင်ပြောတာဆိုတော့ ကိုယ်တွေလဲ တစ်ချိန်က ယုံခဲ့မိတယ်။ အခုတော့ မယုံတော့ဘူး။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန် အိမ်နီးချင်းတွေကိုကြည့်ရင်.. တရုတ်က တရုတ်ပြည်သူ သန်း ၂၀ လောက် သေခဲ့တဲ့ တရုတ်-ဂျပန်စစ်ပွဲပြီးကာစအချိန်၊ ကူမင်တန်နဲ့ ကွန်မြူ နစ် တိုက်လို့ကောင်းနေတဲ့အချိန်၊ အမေရိကန်ကတောင် ထိုင်၀မ်ကိုပဲ တရုတ်အစိုးရလို့ သတ်မှတ်ထားတဲ့အချိန် ဖြစ်နေတယ်။ အိန္ဒိယနိုင်ငံက အဲဒီအချိန်မှာ အင်္ဂလိပ်လက်အောက် ဒိုမီနီယံအဆင့်မှာပဲ ရှိသေးတယ်၊ အိန္ဒိယနဲ့ပါကစ္စတန် ခွဲပြီး သီးခြားနိုင်ငံတွေအဖြစ် လွတ်လပ်ရေးယူဖို့ စီစဉ်နေတဲ့ကာလ။ ဘင်္ဂလားဒေ့ရ်ှဆိုတာက အိန္ဒိယမှာ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်ခြမ်းကွဲ၊ ပါကစ္စတန်မှာ အရှေ့ပါကစ္စတန်နဲ့ အနောက် ပါကစ္စတန် နှစ်ခြမ်းကွဲပြီးမှ ဖြစ်လာတဲ့နိုင်ငံဆိုတော့ အဲဒီအချိန် နိုင်ငံတောင် မဖြစ်သေးဘူး။ ထိုင်းမှာ ကလဲ ကမ္ဘောဒီးယား၊ လာအိုတို့နဲ့ စစ်ပွဲ...

ခင်ဗျားတို့ ဘယ်လို ကျွန်ဖြစ်လာသလဲ

Image
ဟိုးရှေးရှေးတုန်းက ကမ္ဘာဦးလူသား ဖြစ်တဲ့ ကျုပ်တို့ဟာ အမဲလိုက် စားခဲ့ကြတယ်။ ငါးဖမ်း ဖားဖမ်း ငှက်ထောင်နဲ့ ဒီလိုပဲ ဝမ်းစာ အတွက် ရှာစား ခဲ့ကြ ဖူးတယ်။ ပြောရမယ်ဆိုရင် လူတွေဟာ တခြား သတ္တဝါတွေလိုပဲ ကိုယ့်နားရှိတဲ့ အရင်းအမြစ်တွေကို ကိုယ့် နေထိုင်မှု အတွက် အပြည့်အဝ အသုံး ချလို စိတ် ရှိကြပါတယ်။  ဒါပေမယ့် ဒီလို နေထိုင်လာခဲ့ ကြရင်း တစ်နေ့ကျတော့ ကျုပ်တို့တွေ အကြီးအကျယ် ပြောင်းလဲမှု တစ်ခု ကို တွေ့ကြုံ လာခဲ့ကြတယ်။ အထီးကျန်စိတ်တွေ ဖြစ်လာကြတာ.. ဒီကနေ သေရမှာ ကြောက်လာ ကြတာ... အသက် ဆိုတာကို သတိပြုမိလာကြရင်း ရှင်သန်မှု ဆုံးရှုံးဖို့ကို မလိုလား လာကြတာ ဖြစ် ပါတယ်။  ဒီကနေ အရာအားလုံး စတင်တယ်။ ခမ်းနားမှုတွေလည်း စတင်တယ်။ များစွာသော ဖြစ်နိုင်ချေ တို့ လည်း စတင်ခဲ့ပါတယ်။  (အာဏာကို ပုံသွင်းခြင်း) ကျုပ်တို့ သေရမှာ ကြောက်လာ ကြတယ်။ ဒါ့ကြောင့် နာကျင်လာမှာကို စိုးရိမ်လာခဲ့ ကြတယ်။ ဘယ်လို အကျဉ်းအကျပ်ကိုမဆို ခံကြရဖို့ မလိုလားကြတော့ဘူး ဆိုတဲ့အခါ ကျုပ်တို့ ဟာ ပထမဆုံး အကြိမ် တစ်ခုခုကို ထိန်းချုပ်ဖို့ စတင် ကြိုးစား လာကြတယ်။  ထိန်းချုပ်ခွင့် ရလာဖို့ အတွက် အလိုအပ်ဆုံး အရင်းအမြစ်ကို ရှာတဲ့အခါ သဘာဝ တွင်းထွက်တွေ မဟု...

လူငယ်တွေ ရင့်ကျက်ပြီလား

အခြားနိုင်ငံတော့ မရောက်ဖူးပါ။ ဗမာပြည်တွင်း ယဉ်ကျေးမှုအရတော့ လူငယ်တွေ ဟာ ၂၅၊ ၂၆ ထိ ရင့်ကျက်တယ် ကျနော်မထင်ဘူး။ ကလေးဆန်နေတယ်။ အယုအယ အကြင်နာကို ငတ်မွတ်နေသေးတယ်။ သူတပါးကို မှီခိုလွန်းနေ သေးတယ်။ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် မတည်ဆောက် နိုင်သေးဘူး။သူတပါးစီမံမှုကို တောင်းတနေသေးတယ်။ ထိုထက် ပိုဆိုးရင် လူတောထဲ ရဲရဲဝံ့ဝံ့ ယုံကြည်စိတ်နဲ့ ဝင်ရဲသူ နဲသေးတယ်လို့ ကျနော် မြင်နေပါတယ်။ ကျနော့် တကိုယ်စာအနေနဲ့ ဆို ထိုအရွယ်တွေကို ကလေးဟုသာ ကျနော်က ယူဆတယ်။ ကိုယ်ချင်းစာ ပြောရရင် ထိုအရွယ်က ကျနော်နေထိုင်မှုပုံစံကို ယခုအရွယ်ကနေ လှမ်းကြည့်ရင် ကလေးတစ်ယောက် လုပ်ရပ်ဟုသာ မြင်မိပါတယ်။ လူငယ်ဟာ တက်ကြွရမယ်၊ ရဲရင့် ရမယ်။ ဒါပေမဲ့ ပုံမှားနိုင်တာက တက်ကြွတာ၊ရဲရင့်တာနဲ့ စိတ်အလိုလိုက်တာ၊ ခံစားချက် ဦးစားပေးတာ၊ သူတပါးကို မှီခိုလွန်းတာ မတူဘူး။ ထစ်ခနဲ ရှိ ရန်ဖြစ်မယ်ဆိုတာ လူငယ်တွေ လုပ်တတ်ပေမဲ့၊ ထိုရန်ဖြစ်တာရဲ့ လုပ်ရပ်ကို ကိုယ်က တာဝန်ယူရဲ ရမှာ ဖြစ်ပါတယ်။ တနည်းဖြင့်မိဘဂုဏ်ရှိန် အားကိုး ပြီး မိုက်သွေးကြွတာဟာ ဒါ စနစ်တကျ ရင့်ကျက်တာ မဟုတ်ဘူး။ ဗရမ်းဗတာ ကလေးဆန်နေတာပဲ ဖြစ်ပါတယ်။ ဒီမှာ ပြောလိုတာက လူကြီးတွေရဲ့ သင်ကြားမှုပုံစံ၊ လူ့အဖွဲ့အစည်းရဲ့ သင်ကြ...

ပျော်တယ်ဆိုတဲ့ကိစ္စ

ပျော်တယ်ဆိုတဲ့ကိစ္စ (မြင့်သန်း) ငယ်ငယ်က အဖေရယ်၊ ဘကြီးသုခရယ်၊ ဦးလေးခန့်ရယ် ဘုန်းကြီး ဦးအဂ္ဂရဲ့ ဖိုရုံကလေးမှာ ထိုင်စကားပြောကြရင်း ငြင်းကြတဲ့ အကြောင်းတစ်ခုရှိတယ်။ "ပျော်တယ်" ဆိုတဲ့အကြောင်းပဲ။ ဘာရယ်တော့ မဟုတ်ဘူး။ ရေနွေးကြမ်းသောက်ကြရင်း စကားအူပေါက် လျှောက်ပြောကြရာက အဲဒီအကြောင်းကို ပြောလေ့ရှိကြတာပဲ။ ဦးလေးခန့်ကတော့ ကျောင်းဆရာပေတဲ့ စကားနည်းတယ်။ (အဖေတို့တစ်တွေဟာ ကျောင်းဆရာဘဝက လာကြတာချည်းပဲ။ ဦးလေးခန့် တစ်ယောက်သာ သေတဲ့အထိ ကျောင်းဆရာ လုပ်သွားတာ။) သူက နားထောင်တာ များတယ်။ ကျွန်တော်ကတော့ အဖေနဲ့ ဘကြီးသုခတို့နှစ်ယောက်သား စကားအချေအတင်ပြောရင် သဘောကျတယ်။ ကျွန်တော် သဘောကျတဲ့ အဓိကအချက်တစ်ခုကတော့ အဖေနဲ့ ဘကြီးသုခတို့နှစ်ယောက်ရဲ့ ကျောထောက်နောက်ခံအမြင်ဟာ လုံးလုံးကို မတူဘူး။ အဖေက ဘာသာရေးမှာ အခြေခံတယ်။ ဘကြီးသုခက လွတ်လပ်စွာ တွေးခေါ်မှုမှာ အခြေခံတယ်။ အဖေနဲ့ ဘကြီးသုခတို့ပြောတဲ့ "ပျော်တယ်"၊ "မပျော်ဘူး"။ "လူဘယ်လိုပျော်သလဲ"၊ "လူပျော်နိုင်သလား" ဆိုတာတွေကို အရှည်အကျယ် စဉ်းစားမကြည့်ခဲ့မိဖူးဘူး။ ခေါင်းထဲမှာတော့ ရှိနေတယ်။ မဟုတ်ရင် ဦးနှောက်ရဲ့ နောက်ကျော တစ်နေရာမှာ ရှိနေခဲ့ပုံ...

လွတ်လပ်မှုဆိုတဲ့ အဓိပ္ပာယ်ဟာဘာလဲ?

လွတ်လပ်မှုဆိုတဲ့ အဓိပ္ပာယ်ဟာဘာလဲ? လွတ်လပ်မှုဆိုတာ လုပ်ချင်ရာလုပ်တာမျိုး သွားချင်ရာသွားတာမျိုး တွေးချင်ရာတွေးတာမျိုးလား။ သည်လိုကတော့ ခင်ဗျားတို့လည်း တစ်နည်းမဟုတ်တနည်းလုပ်နေကြတာပါပဲ။ အမှီခိုကင်းတာကရော လွတ်လပ်တာလို့ ဆိုလိုရဲ့လား။ ကမ္ဘာပေါ်မှာ အမှီခိုကင်းတဲ့လူတွေအများကြီးရှိတယ်။ ဒါပေမယ့် လွတ်လပ်သူကတော့ မဆိုစလောက်ပါပဲ။ လွတ်လပ်မှုဆိုတာ ကြောက်ရွံ့မှုတွေမရှိတဲ့ စိတ်အခြေနေတရပ်ပဲဖြစ်ပါတယ်။ အမိန့်သြဇာနဲ့ ခိုင်းစေမှုတွေ လုံခြုံလိုတဲ့ဆန္ဒတွေ ကင်းရှင်းတဲ့ စိတ်အခြေနေတရပ်သာဖြစ်ပါတယ်။ ကျုပ်တို့အားလုံးဟာ လုံခြုံမှုကိုလိုချင်နေကြတယ် မဟုတ်လား။ တကယ်တော်တဲ့သူပါလား တကယ်ချောတဲ့သူပါလား တယ်ပညာရှိတဲ့လူပါလား စသဖြင့် ကျုပ်တို့ အချီးမွှန်းခံချင်နေကြတယ်မဟုတ်လား။ သည်လိုမဟုတ်ဘူးဆိုရင် ကိုယ့်နာမည်နောက်မှာ ဘွဲ့ထူး ဂုဏ်ထူးတွေ ဘယ်ထည့်ပါမလဲ။ သည်လို ဘွဲ့ထူး ဂုဏ်ထူးတွေကြောင့် တယ်ဟုတ်တဲ့ ငါပါလား တယ်တော်တဲ့ငါပါလားဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ အထင်ကြီးမှုတွေဖြစ်လာပါတယ်။ ကျုပ်တို့အားလုံး ကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ချင်နေကြတယ်။ ကျော်ကြားတဲ့ပုဂ္ဂိုလ်ကြီးတွေဖြစ်ချင်နေကြတယ်။ သည်လိုဖြစ်ချင်လ...

Performance Based Design

Image
Performance Based Design ဆိုသည်မှာ။ အခုတလော မြန်မာပြည်မှာ ရေပန်းစားနေတာက Performance Based Design ပါ။ ဒီတော့ Performance Based Design ဆိုတာ ဘာလဲ? Performance Based Design ဆိုတာကတော့ Performance ကို အခြေခံတဲ့ Design ပဲပေါ့။ ဘယ်အခြေအနေမှာဖြစ်တဲ့ Performance လဲဆိုတော့ ငလျင်လှုပ်တဲ့အချိန်မှာ ဖြစ်လာတဲ့ အဆောက်အအုံရဲ့ Performance ကိုပြောတာပါ။ တနည်းအားဖြင့်ဆိုသော် ငလျင်ဒဏ်တွေကို Design လုပ်တဲ့ နည်းစနစ် တစ်မျိုးဖြစ်ပါတယ်။ ဒါဆို ငလျင်ဒဏ် ခံနိုင်အောင် အရင်က ဘယ်လို Design လုပ်ခဲ့ကြသလဲ? Code Based နဲ့ Design လုပ်ခဲ့ကြပါတယ်။ Code Base နဲ့ Design လုပ်တဲ့အခါ Building Code တွေမှာ သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း လိုက်နာဆောက်ရွက် တွက်ချက်ကြရတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေကို ဘေးတိုက်တွန်းအား ခံနိုင်ရည် တွက်ချက်ရာမှာ စဉ်းစားတဲ့ အချက် ၂ ခု ရှိပါတယ်။ အဲဒါတွေက လေ နဲ့ ငလျင်ပါ။ အထပ်မြင့် အဆောက်အအုံတွေမှာ လေတိုက်နှုန်းခံနိုင်ရည် တွက်ချက်တဲ့အခါ Strength ထက် Serviceability ကို ပို ဦးစားပေးရပါတယ်။ ဘာလို့လဲဆိုတော့ လေပြင်း တိုက်ခတ်တဲ့အခါ မပြိုကျအောင်ထက် နေတဲ့သူတွေ ဒုက္ခ မရောက်ရအောင် စဉ်းစားပေးရတာမျိုးပါ။ လေတိုက်လ...

CD Shelter ဆိုတာ

Image
CD Shelter ဆိုတာ Shelter ဆိုတာက ပတ်ဝန်းကျင်ရဲ့ လေဒဏ် မိုးဒဏ် နေရောင်ဒဏ်တွေ တိုက်ရိုက်ထိတွေ့တာတွေကနေ အကာအကွယ်ပေးဖို့၊ သူ့အရိပ်အာဝါသကို ခိုလှုံပြီး သက်ရှိတွေ၊ လူတွေ နေထိုင်နိုင်ဖို့၊ တည်းခိုဖို့၊ ခိုအောင်းဖို့ အမိုးအကာရှိတဲ့ အဆောက်အဦ ဒါမှမဟုတ် အကာအကွယ် ပေးတဲ့ နေရာလေးတစ်ခုပါ။ ကျွန်တော်တို့တွေ နေထိုင်နေတဲ့ နေအိမ်၊ တိုက်တာ အဆောက်အဦ တွေကလည်း Shelter တွေပါပဲ ဒါပေမယ့် ဒါတွေက သာမန် ရာသီဥတုဒဏ် လေဒဏ် မိုးဒဏ်လောက်ပဲ ကာကွယ်ပေးတဲ့ ပုံမှန် shelter အမျိုးအစားတွေပေါ့။ ဒါတွေထဲကမှ အရေးပေါ်အခြေအနေတွေ ဖြစ်တဲ့ ငလျင်တွေ မုန်တိုင်းတွေ ပေါက်ကွဲမှု ဒဏ်တွေ ခံနိုင်ရည် ရှိစေဖို့ သေချာ ကြိုတင် စဉ်းစား ဒီဇိုင်းလုပ် တည်ဆောက်ထားတဲ့ ကာကွယ်ရေး shelter တွေလည်း ရှိပါတယ်။ စင်္ကာပူမှာဆိုရင် Civil Deference Act အရ ပြည်သူလူထုကို ကာကွယ်ဖို့ ရည်ရွယ် တည်ဆောက်ထားတဲ့ shelter တွေ ဖြစ်လို့ CD Shelter လို့ ခေါ်ပါတယ်။ အရေးပေါ် အခြေအနေ တစ်ခုခုမှာ ဥပမာ စစ်ဖြစ်လို့ ပစ်ကြခတ်ကြ ဗုံးကြဲကြပြီဆို သာမန် အဆောက်အဦတွေ နေရာတွေက လျင်လျင်မြန်မြန် ပျက်စီးပြိုလဲတတ်ကြတော့ ပိုပြီး ဘေးကင်းကင်းနဲ့ ခိုအောင်းနေနိုင်ဖို့ CD shelter တွေကို design လ...

Standard Army ဆိုင်ရာ....

Standard Army ဆိုင်ရာ.... တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကလောတပ်နယ်ကို ရောက်ရှိစဉ် Standard Army ဆိုင်ရာ ထည့်သွင်းမှာကြားမှုတစ်ခုကို တွေ့ရှိရပါတယ်။ ဒါဟာ မြန်မာ့တပ်မတော်ရဲ့ Standard Army ဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုမှုကို ပထမဆုံး သိမြင်လိုက်ရတာ ဖြစ်ပါတယ်။ ".... သမားရိုးကျစစ်ဆင်ရေး၌ဖြစ်စေ၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၌ဖြစ်စေ တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ်စေရေး သမားရိုးကျစစ်ဆင်ရေးများကိုအဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) ဖြစ်အောင် တည်ဆောက်ရမည်ဖြစ်ကြောင်း..." "... သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့်တပ်မတော် (Standard Army) တည်ဆောက်ရေး နှင့်ပတ်သက်၍ လက်ရှိတပ်မတော်ဖွဲ့စည်းတည်ဆောက်မှုမှာ နိုင်ငံ့အခြေအနေအပေါ်မူတည်၍ ပြည်တွင်း သောင်းကျန်းမှုနှိမ်နင်းရေးအတွက် ဦးတည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပထဝီနိုင်ငံရေးအခြေအနေ၊ ခေတ်ကာလအခြေအနေ၊ ပြောင်းလဲလာသည့် စစ်မဟာဗျူဟာ၊ နည်းဗျူဟာများအရ ကာကွယ်ရေး စွမ်းရည်မြင့်မား၍ ပြည်သူကအားကိုး...

ဖက်ဒရယ်မူနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အကြောင်း

၁။ ဖက်ဒရယ်မူနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အကြောင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ့ မဟာတိုင်းရင်းသားဝါဒီတွေ သဘောပေါက်ဖို့လိုတာက အခုတစ်ဆို့နေတဲ့ ကိစ္စဟာ ဖက်ဒရယ်မူ နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရေး မပေးရေးမှာ တစ်ဆို့နေတာမဟုတ် ။ ဘယ်လို ဖက်ဒရယ်မူလဲ ၊ ဘယ်လိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လဲဆိုတဲ့အကြောင်းဆွေးနွေးမယ့် ယန္တရားမှာ လာတစ်ဆို့နေတာဖြစ်တယ် ။ ---------------------------------- ၂။ ဒီထက်ရှင်းအောင် အရပ်ပြောပြောရလျှင် ဖက်ဒရယ်မူလား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လား အေး ... မင်းတို့ပြောတာ ငါတို့ပေးမယ် ။ သို့သော် ဒီဖက်ဒရယ်မူမှာ ပြည်ထောင်စု ဘာတွေကိုင်ထားမလဲ ၊ ပြည်နယ်တွေက ဘာတွေယူကြမလဲ ။ ဒါတွေက အသေးစိတ်ညှိရမယ် ။ ညှိမယ်ဆိုတဲ့အထဲ  ပြည်ထောင်စုနဲ့တင် ညှိလို့မရဘူး ။ ပြည်နယ်ချင်းလဲ အကြေအလည်ညှိရမယ့် ကိစ္စတွေ အများကြီးရှိတယ် ။ ဥပမာအားဖြင့် ဆိုရလျှင် ရှမ်းနဲ့ တအောင်းဝ် နဲ့ ညှိရမှာတွေရှိတယ် ။ ရှမ်းနဲ့ ၀နဲ့ ညှိရမှာတွေ ရှိတယ် ။ ဝြပည်နယ်တောင်းတယ် ။ ရှမ်းက သဘောတူလား ။ တအောင်းဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးရမယ်ဆိုလျှင်ရော တကယ်ပေးနိူင်ပြီလား ။ ပအို့ဝ် နဲ့ ရှမ်းရော နယ်မြေခွဲခြားသတ်မှတ်ရေးကိစ္စတွေ အကြေအလည်ဖြစ်ပြီလာ...