Posts

Showing posts from 2019

Building Analysis

ငလျင်လုပ်တာကြောက်ဖို့ကောင်းပါတယ် ဘာလို့လဲဆိုရင် အဆောက်ဦးတွေကမကောင်းလို့ပါ ဒီထပ်ကြောက်ဖို့ကောင်းတာက အဆောက်ဦးနိမ့်လေလေ ငလျင်ဓံကို ခံရလေလေပါ ဘာကြောင့်လဲပေါ့။ ဒုတ်တချောင်းကို လက်နဲ့ကိုင်ပြီး လုပ်ယမ်းကြည့်ရအောင် ဒုတ်ကတိုတာနဲ့ ရှည်တာမှာ တိုတာက ပိုပြီး လုပ်ရမ်းတဲ့ ဓံကို ခံရတယ် ။ ဘာကြောင့်လဲဆိုရင် ရှည်တဲ့ဒုတ်က ကိုယ်ယမ်းတဲ့အားအတိုင်း အလိုက်တသင့် လိုက်ယိမ်းနိုင်တယ်။ ပျော့ပြောင်းတာကိုး။ နောက်ဆုံး လက်ကရမ်းအားက ပမာဏတခုမှာ ငြိမ်သွားတဲ့အခါ။ ဒုတ်က လက်ကရမ်းတဲ့အတိုင်း လိုက်မလုပ်တော့ဘူး။ လက်ကလည်းလုပ် ဒုတ်ကလည်းလုပ်ဆိုတော့ သူ့ဟာနဲ့သူ ငြိမ်သွားတာ။ ချိန်သီးကို ကြိုးနဲ့ဆွဲချထားသလိုပဲ။ ကြိုးရှည်လေလေ အပေါ်ကလုပ်နေတာကို အောက်က ဖြုံတောင်မဖြုံတော့ဘူး တိုတဲ့ဒုတ်ကျတော့ အဲ့လိုမဟုတ်ဘူး။ များများယမ်းလေလေ များများခံရလေလေ။ ဘာလို့လည်းဆိုရင် သူက လိုက်မယိမ်းနိုင်ဘူး။ တောင့်တောင့်ကြီး တင်းခံနေတာ။ သဘာဝတရားက သိပ်အံဩာဖို့ကောင်းတယ်။ ငလျင်လုပ်တဲ့အခါမှာ အဆောက်ဦးဆိုတာ မြေကြီးပေါ်မှာ စိုက်ထားတဲ့ ဒုတ်ချောင်းကြီး တစ်ခုပဲ။ အထပ် ၁၀၀ ဖြစ်ဖြစ် ၂၀၀ ဖြစ်ဖြစ် မြေကြီးပေါ်စိုက်ထားတဲ့ ဒုတ်ချောင်းကြီးလိုမြင်ရမယ်။ လက်ကဒုတ်ကိုင်ပြီး...

ပြည်ပကလာတဲ့ ချစ်သူ

ဒီလို တင်စားလို့ရတဲ့ .. Steel Structure တွေဟာ .. စစချင်း Base Plate မှာပါ၀င်တဲ့ .. Anchor Bolt နဲ့ Electrode ကစပြီး .. Beam - Column - Bracing - Purlin အထိ Foreign ကနေ ၀ယ်ယူရတာ ဖြစ်ပါတယ် .. ပြည်တွင်းက Fabrication နဲ့ Erection လုပ်အားခပဲ ရတာများပါတယ် .. နိုင်ငံခြားက၀ယ်လာတဲ့ Steel Structure တည်ဆောက်ရေးမှာ ပထမဆုံးအဆင့် Economic Design နဲ့ဝေးစေနိုင်တဲ့ အဓိကအကြောင်းအရင်းက Buckling ပါပဲ .. ဘာဖြစ်လို့လဲ ? Compression member တွေကို Fy - 36 ksi ရဲ့ ထက်၀က်အောက်ထိ Strength နည်းသွားစေနိုင်ပါတယ် ... Buckling မဖြစ်ဖို့ အဲ့ဒီ Member ကို kL/r ratio နည်းအောင် လုပ်ရပါမယ် .. k - တန်ဖိုးက AISC အရ ... 0.5 to 1.0 (Non-sway frame) 1.0 to 20 (Sway-frame) ဖြစ်နိုင်တယ် k - value နည်းအောင် ... member ကို ချုပ်သင့်တဲ့နေရာမှာချုပ်ပေးရပါတယ် .. ဥပမာ - Floor Load မရှိပေမယ့် Roof Main beam တွေကို .. mid မှာ Tie Beam တွေနဲ့ ပြန်ချုပ်တာမျိုး .. မချုပ်ချင်ရင် L(အလျား)တိုအောင်လုပ်ရမယ် ဥပမာ - Truss တွေရဲ့ compression chord တွေကို ၄ ပေ-၆ပေခြားပဲလုပ်တာမျိုး .. kL ကစားလို့မရမှသာ r-valu...

ဗလာ

အမှန်က သိဒ္ဓတ္ထက လမ်းပျောက်သွားတာ။ သူက အရာရာ ပြည့်စုံနေပြီ။ ထိုင်ရာမထ လိုရာ ရနေတာ။ ဘာမှ အားထုတ်စရာမလိုဘူး။ စာပေထဲ ရှားရှားပါးပါး သိဒ္ဓတ္ထ အားထုတ်တာ ဆိုလို့ မိန်းမယူကာနီး လေးတော်တင် ပညာပြ တဲ့ အခဏ်းပဲ အားထုတ်မှု တွေ့ရတယ်။ ကျန်တဲ့နေရာ အားထုတ်ရတာ၊ ရုန်းကန်ရတာ မတွေ့ဘူး။ ဒီတော့ သိဒ္ဓတ္ထအတွက် လောကကြီးဟာ ဗလာ ဖြစ်နေတယ်။ အခု ကျနော်ပြောနေတဲ့ သိဒ္ဓတ္ထလမ်းပျောက်တာ ကို အောက်တန်းစား ငမွဲတွေက နားလည်နိုင်မှာ မဟုတ်ဘူး။ သူတို့က တစ်ချိန်လုံး ဘဝဆိုတာ ကြိုးစားခြင်း၊ပန်းတိုင်သွားရခြင်း စတဲ့ အရာတွေနဲ့ အလုပ်ရှုပ်နေကြတာ။ ဒီတော့ အရာရာ ပြည့်စုံ နေတဲ့သိဒ္ဓတ္ထရဲ့ဗလာဖြစ်မှုကို နားလည်နိုင်မှာ မဟုတ်ဘူး။ လုပ်စရာ မရှိမှုကို တွေးလို့ ရမှာမဟုတ် ဘူး။ သိဒ္ဓတ္ထဟာ တစ်ချိန်လုံး ငြင်းပယ်နေရတာ။ ငြင်းပယ်နေရတယ် ဆိုတာ အကောင်းစားတွေ ကို ငြင်းပယ်နေရတာ။ ဒါကိုလည်း မငြင်းပယ်ဖူး သေးတဲ့ အငတ်တွေက နားလည်နိုင်မှာ မဟုတ်ပြန်ဘူး။ တစ်ယောက်ကို ရှားရှားပါးပါး လိုက်ချစ်ရတယ်။ မဟားဒရား လိုက်ချစ်ရတယ်။တစ်ဖက်လူ ထွက် ပြေးချင်လောက် အောင် လိုက်ချစ်နေတယ်။ ဒီလို ချစ်တာကိုလည်း မှန်တယ်လို့ ထင်နေသေးတယ်။ ဒါ အချစ်ငတ်သူ ရဲ့ ဖြစ်ပုံပါ...

ကျနော့်စာဖတ်နည်း

ပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ် ဒါမှမဟုတ် ဗဟုသုတဖြစ်ဖွယ် စာအုပ်တစ်အုပ်ကို ကျနော်ဖတ်တဲ့အခါ အဲ့ဒီ့စာအုပ်အတွက် ဗလာစာအုပ်တစ်အုပ်ထားတတ်တယ်။ စာတစ်မျက်နှာဖတ်လိုက် မှတ်သားသင့်တယ်ထင်တဲ့ဟာတွေကို သူ့အတွက်ရည်ရွယ်တဲ့ ဗလာစာအုပ်ထဲထည့်ရေးတတ်တယ်။ ပြီးရင်တော့ ကိုယ်ဖတ်ထားတာတွေကို စိတ်တူကိုယ်တူ မိတ်ဆွေတွေနဲ့ ဘီယာဆိုင်မှာ Sharing လုပ်တယ်။ အခုနောက်ပိုင်းတော့ Computer တွေ Internet တွေ အဆင်ပြေလာတော့ PowerPoint မှာ တခါတည်း Presentation သဘောမျိုးထည့်တယ်။ မျက်လုံးထဲ သိပ်မရှင်းတာ မမြင်တာမျိုးဆို တခါတည်း youtube တို့ google တို့မှာ ရှာပြီး ထည့်လိုက်တယ်။ ဒီနည်းက အရင်ထက်ပိုရှင်း ပိုမြင်သာတယ်။ ပြီးရင် PowerPoint ထဲထည့်ထားတာတွေကို ပြန်ဖတ် အရင်လို ဘီယာဆိုင်မှာ Sharing မလုပ်ဖြစ်တော့ပေမယ့် စီးပွားရေးပိုင်းဆို bar မှာ စိတ်တူကိုယ်တူ မိတ်ဆွေတွေ စုပြီး share ရင် share ဒါမှမဟုတ်လည်း ကိုယ့်ရုံးမှာ ဖိတ်ပြီး Free talk သဘောမျိုး share တယ်။ အင်ဂျင်နီယာပိုင်းဆိုရင်တော့ ရုံးကဝန်ထမ်းတွေ Internship တွေကို share ဖြစ်တယ်။ ပြီးရင် လက်တွေ့အသုံးချတယ်။ ဒီတော့ စာအုပ်တစ်အုပ်ဖတ်ပြီးဖို့ အချိန်ကြာတယ်။ ဒါပေမယ့် ...

ကျွမ်းကျင်လူငယ်များ တာဝန်ပေးခြင်း နှင့် ပေါ်လစီဂေဟစနစ်

အင်ဒိုနီးရှားသမ္မတက လူငယ်တွေကို တာဝန်ပေးတယ်ဆိုတဲ့သတင်းဖတ်ရတော့ လီကွမ်ယုကျောင်းက အတန်းဖော်ကို မေးကြည့်တယ်။ သူမ ကလည်း အသက် ၃၅ လောက်ပဲ ရှိသေးတဲ့ လူငယ်အမျိုးသမီး တစ်ယောက်ပါ။ သမ္မတရုံးရဲ့  စီးပွားရေးအကြံပေးဌာနခွဲမှူးတစ်ယောက်ပါ။ သူမကရှင်းပြပါတယ်။ လူငယ်တွေကို တာဝန်ပေးရတဲ့ အဓိက စဉ်းစားချက်က ဗျူရိုကရေစီယန္တယားဟောင်းထဲက ဖောက်ထွက်ပြီး စဉ်းစားတဲ့ အတွေးအခေါ် အသစ်တွေကို လိုချင်လို့ဆိုတာရယ်၊ လူငယ်တွေက တက်ကြွတော့ လုပ်ငန်းတွင်တယ်၊ မြန်ဆန်တယ်ဆိုတဲ့ သဘောတွေကို အခြေခံပြီး စဉ်းစားခဲ့တယ် ဆိုပါတယ်။ နောက်တစ်ချက်က မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်မယ် ဆိုရင် အထောက်အကူပြု ဂေဟစနစ် (policy-support ecosystem)လိုပါတယ်။ အထူးသဖြင့် အရည်အချင်းရှိတဲ့ သူတွေကို ဆွဲဆောင်နိုင်တဲ့ အစုအဖွဲ့ တွေ အစိုးရအောက်မှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ စုဖွဲ့ရပါတယ်။ စီးပွားရေး၊ နည်းပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ လုံခြုံရေး၊ ဘတ်ဂျတ်၊ ကျန်းမာရေး၊ ပညာရေးစတဲ့ မဟာဗျူဟာကျတဲ့ ကဏ္ဍတွေအတွက် စနစ်တကျ သုတေသနပြုစုပြီး မူဝါဒချမှတ်သူတွေကို အထောက်အကူပြုပေးနိင်တဲ့ စုဖွဲ့မှုတွေလိုပါတယ်။ ပေါ်လစီ လုပ်တယ်ဆိုတာ အားလုံးသိ၊ အားလုံးတတ် ဆိုတဲ့ ခေါင်းဆောင်...

ရင့်ကျက်တာလား ပြောင်းလဲတာလား

သဘာဝတွေဟာ ရင့်ကျက်တိုင်း ပြောင်းလဲသလားဆိုရင် မပြောင်းလဲတတ်ဘူး လို့ပဲ ပြောရမယ်။ ပြောင်းလဲခြင်း ဆိုတာ ရင့်ကျက်ခြင်းနဲ့ ဆက်စပ်မှု ရှိတာ မှန်တယ်။ သို့သော် ဒီ ၂ ခုဟာ မတူဘူး။ အလွန် ကွဲပြားတယ်။ ရင့်ကျက်ခြင်း ဆိုတာ နူးညံ့ရာကနေ မာကျောလာတာတွေ... ထိလွယ်ရှလွယ် အနေအထား ကနေ ဒူပေဒဏ်ပေ ခံနိုင်တဲ့ အဆင့်ရောက်လာတာတွေ စသဖြင့် ဖြစ်တယ်။ ဥပမာ - သစ်သီးတစ်လုံး သေးရာကနေ ကြီးလာတာမျိုး၊ အသက်ကြီးလာတဲ့ လူတစ်ယောက် အနေနဲ့ လောကဓံ အပေါ် တဖြည်းဖြည်း ခံနိုင်ရည် ရှိလာတာမျိုးတွေဟာ ရင့်ကျက်ခြင်းတွေ။ ပြောင်းလဲခြင်းကျတော့ ဘဝမှာ တစ်ခါမှ မရှိဖူးသေးတဲ့ တစ်စုံတစ်ရာက နေရာဝင်ယူလာတာမျိုး၊ ပုံမှန် သွားနေကျ လမ်းဟောင်း တစ်ခုကို သွားနေရာက ရုတ်တရက် လမ်းသစ်ကို ကူးသွားတာမျိုးတွေ။ ဥပမာ - သားသမီး ထွန်းကားလာတာနဲ့ ဆုံးရှုံးလိုက်ရတာ၊ ဆေးလိပ်စွဲတာနဲ့ ပြတ်တာ စသဖြင့်ကနေ ကမ္ဘာကြီး ပူနွေးလာမှုတွေ အထိဟာ ပြောင်းလဲခြင်းရဲ့ ပြယုဂ်တွေ။ တစ်နည်းပြောရရင် ရင့်ကျက်ခြင်းဟာ အချိန်ပေါ် မူတည်တယ်။ တစ်စုံတစ်ခုကို စတင်လိုက်တာနဲ့ ဘယ်အချိန် ဘယ်ပန်းတိုင်မှာ ဆုံးမယ် ဆိုတာ အဖြေရှိပြီးသား။ တစ်နည်းထပ်ဖွင့်ရရင် ဖြစ်ရိုးဖြစ်စဉ်တွေကို ပြောတာ ဖြစ်ပါတယ်။ အသက်ကြီးလာတာန...

နှစ် ၆၀ နဲ့ ဖယ်ဒရယ်

၁။ စစ်တပ်က သူပုန်ကိုတိုက်လာတာ အနှစ်၆၀ရှိပြီ ။ သူပုန်တွေ တိုးလာတာပဲ အဖတ်တင်သတဲ့ ။ ဟဲ့ ... သူပုန်တွေတိုးလာတာ စစ်တိုက်ရလို့မဟုတ်ဘူး ။ ငြိမ်းချမ်းရေးထိုင်လုပ်နေရလို့ သူပုန်က ပြန်ပြန် အင်အားကြီးလာတာ ဗိုင်းတာမရဲ့လို့ ပြန်ဆဲလိုက်ရ မကောင်းရှိတော့မယ် ။ ----------------- ၂။ သူပုန်က နှစ်မျိုးရှိတယ် ။ ဝါဒရေးရာသူပုန်နဲ့ လူမျိုးရေးသူပုန် ။ ဝါဒရေးရာသူပုန်ဆိုတာက ဗကပလို ပြည်ပြေးဦးနုလို အဖွဲ့မျိုးတွေ ။ အခုမရှိတော့ဘူး မျိုးကန်းသွားပြီ ။ လူမျိုးရေးသူပုန်ကျတော့ တိုက်လိုက် နယ်စပ်နားထိကပ်သွားလိုက် ။ ဟိုဘက်နိူင်ငံထဲ ဝင်ပြေးလိုက် ။ တိုင်းရင်းသားတွေကို ဗလာဗလာလုပ်နေပါတယ် ဖျင်ဖြဲအော်လိုက် ။ အမေရိကန်လို တရုတ်လို စောင်ငပွတွေက ဖိအားပေးလိုက် မြှောက်ပေးလိုက် နဲ့ တိုင်ပတ်နေတာ ။ ----------------- ၃။ လူမျိုးရေးသူပုန်က မညီမျှလို့ဆိုပြီး တိုက်တယ်ဆိုတယ် ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်ပေါ့လေ ။ ဖက်ဒရယ်ပေါ့ ။ ဒါနဲ့ ဖက်ဒရယ်ကို ဆက်စကားပြောကြတယ် ။ ဘယ်လိုဖက်ဒရယ်လဲ ။ ရှစ်ပြည်နယ်မူတဲ့ ။ ဗမာတွေလည်း တစ်ပြည်နယ်ပဲတဲ့ ။ Majority Right ကို မရဘူးတဲ့ ။ ဟမ့် ... ဒါဆို လူဦးရေရဲ့ ၃၀ရာခိုင်နူန်းတောင်မရှိသော ကျန်တဲ့ ၇ပြည်နယ်က တစ်...

လွတ်လပ်ရေး

Image
ကျောက်တိုင်ကြီးရေ ငါ မင်းကို သနားတယ် မင်းလည်း အသက် ၇၀ ကျော်လာပြီ မင့် နိုင်ငံတော်ကတော့ ဘယ်လမ်းသွားရမလဲ စဉ်းစားနေတုန်းပဲ လမ်းပျောက်နေတုန်းပဲ လမ်းမှားနေတုန်းပဲ ဒီလိုနဲ့ မင်းလည်း နေသာနေသ ဆွေးမြေ့သွားမှာပါ

Drawing and Lineweight

Image
ပုံတွေ စဆွဲတော့ default lineweight တွေနှင့်ပဲ ဆွဲကြတာ များပါတယ်။ ရိုးရှင်းတဲ့ drawings တွေဆို ကိစ္စ မရှိပေမယ့် အတိုင်းအတာတွေ ရည်ညွန်းချက်တွေ များတဲ့ drawings တွေဆို lineweight တစ်ခုထဲနှင့် ဆွဲတာမှာ မျက်စိထဲ ရောထွေးပါတယ်။ အထူးသဖြင့် အိမ်ရှင်တွေလိုမျိုးကို ပြတဲ့အခါ သူတို့မှာ ကွဲကွဲပြားပြား မမြင်ကြပါဘူး။ drawing တစ်ခုမှာပါတဲ့ အစိပ်အပိုင်းတွေဟာ သူ့အပိုင်းနှင့်သူ ထင်ရှားကွဲပြားနေရပါမယ်။ အဲဒါမျိုးရဖို့ မတူညီတဲ့ အစိပ်အပိုင်းများကို မတူညီတဲ့ lineweights တွေနှင့် ခွဲခြား ဆွဲပေးရမှာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သတ်မှတ်ပြဌန်းထားတဲ့ Computer Aided Drafting CAD standard တွေမှာ lineweights တွေကို အတိအကျ သတ်မှတ်ပေးထားပါတယ်။ အဲဒီဟာတွေကို ယူသုံးတဲ့အခါ သတ်မှတ်ထားတဲ့ layers တွေ lineweight တွေနှင့် ရပါမယ်။ အဲလိုဟာတွေ မသုံးဘူး ဆိုရင်လဲ think line အထူ medium line အလယ်အလတ် thin line အပါး ဆိုတာလောက် သုံးနိုင်ရင်ကို မဆိုးပါဘူး။ အဆောက်အအုံတစ်ခုကို floor plan ဆွဲတယ် ဆိုတာက နံရံကို section ဖြတ်ပြီး အပေါ်တည့်တည့်က ကြည့်တဲ့သဘောပါ။ နံရံရဲ့ ဘယ်အမြင့်က ဖြတ်သလဲ ဆိုတာမှာ တစ်ချို့က 1m လို့ ပြောပြီး တစ်ချို့က ၄ပေလိ...

Foundation ဆိုတာ

Image
Foundation ကို အဆောက်အအုံရဲ့ အခြေခံ အုတ်မြစ် လို့ အဓိပ္ပာယ် ဖွင့်တယ်။ အရင်က သုံးခဲ့တဲ့ foundation engineering ဆိုတာကို အုတ်မြစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်လို့ ဆိုင်းဘုတ်ရေးထားတာမှာ နောက်ပေါက်အခေါ်အဝေါ် geotechnical engineering ဆိုတာကိုပဲ သိတဲ့လူတွေက ဘာလဲဟ ဆိုတာမျိုး ဖြစ်ဖူးတယ်။ foundation ဆိုတဲ့အပိုင်းဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးဆိုတာကို အဆောက်အအုံတစ်ခုအတွက်တင် မဟုတ်ပဲ ဘယ်အရာအတွက်မဆိုပါ။ foundation မကောင်းရင် ဘယ်အရာမှ ကောင်းမွန်စွာ မဖြစ်တည်ပါ။ အခုခေတ် လူအဖွဲ့အစည်းထဲက နိုင်ငံရေး စီးပွားရေး ပညာရေး စသဖြင့်တွေထဲက ပြဿနာတော်တော်များများက လူတွေ သိပ်မမြင်တဲ့ အခြေခံအုတ်မြစ်ဆိုတဲ့ foundation ကို ကောင်းကောင်းမလုပ်ခဲ့ပဲ လူတွေမြင်တဲ့ အပေါ်ပိုင်းကိုသာ ကြည့်ကောင်းအောင် ဇွတ်လုပ်နေကြလို့ differential settlement တွေဖြစ် လူ့အဖွဲ့အစည်း အဆောက်အအုံ ယိမ်းယိုင်ပျက်စီးနေတာမျိုးပါ။ အဲ … foundation အကြောင်း ပြောချင်တာကနေ ယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်း ဆိုတာကို ရောက်သွားတယ်။ ဆောရီး။ Foundation ဆိုတာက ဒီလိုပါ။ foundation တစ်ခုရဲ့ ရည်ရွယ်ချက်တွေက … (1) Distribute the weight of the structure over a large...

|ဖြေဆည်ရာ

လူတော်တော်များများက အကြောင်း အကျိုးဆိုတာကို တစ်ဆက်တည်းဖြစ်တည်နေမှုအဖြစ် အပြောများ လက်ခံထားကြတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုပြီး နားလည်ကြတယ် ။ သေချာစဉ်းမှုမရှိပဲ ဘာသိဘာသာ လက်ခံထားကြတယ်လို့ ယူဆတဲ့အတွက် ဒီစာကို ရေးဖြစ်တာပါ။ တကယ်ပဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အကြောင်းကြောင့် အကျိုးဖြစ်နေသလား  စဉ်းစားကြည့်ရအောင်။ ရေဆာတယ် ဒါကြောင့် ရေသောက်တယ် ။ ရေဆာခြင်းသည် အကြောင်း ရေသောက်တာသည် အကျိုး ဒီလို ယူဆနိုင်စရာရှိတယ်။ ဒါပေတဲ့ ဒီ အဓိပ္ပါယ် ကို အခြေခံကျကျသေချာစစ်ထုတ်ရင် ထပ်ပြီး မေးခွန်းထုတ်စရာတွေရှိလာတယ်။ ရေဆာတယ် ဒါဟာအကြောင်းလို့ လက်ခံလို့ရတယ်။ ဒါပေမယ့် ရေဆာရင် ရေသောက်ရမှာလို့ သိတဲ့အသိဟာ အသိဉာဏ် ရဲ့ စေ့ဆော်မှုပဲ ။ ရေဆာလို့ ဖြစ်လာတဲ့ အကြောင်းရဲ့ အကျိုးမဟုတ်ဘူး ။ ဒီတော့ ရေသောက်တယ်ဆိုတဲ့ အကျိူးကို  ကိုယ်လိုချင်သလို ရွေးချယ်လို့ ရသလိုဖြစ်သွားတယ်။ ရှင်းအောင်ပြောရရင် ရေဆာတယ် ဒါကြောင့် ရေသောက်ရမယ်ဆိုတာမဟုတ်ဘူး။ ကိုယ့်ရဲ့ အသိဉာဏ်ကနေ နောက်တခုခုကို ရွေးချယ်လို့ရတယ်ဆိုတာ ပြနေတာပဲ ။ သို့ပေတဲ့ လက်တွေ့မှာက တခြားဆိုတာကို မရွေးချယ်ကြဘူး ။ ဘာလို့လဲ ။ အဖြေက ရှင်းရှင်းလေးပဲ ။  ကျွန်တော်တို့ရဲ့...

အပူသည်

အသစ်မဟုတ်ဘဲ နေရောင်နဲ့ပြန်သထားတဲ့ မနက်ခင်း တစ်ခုမှာပါ။ ကျွန်တော်အရူးအမူးဖြစ်နေတာကတော့ အိမ်မက်ထဲက... မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။ လေကလည်း တဟူးဟူးတိုက်နေရဲ့ နှလုံးသားပေါ်မှာ ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်က တစာစာအာနေလေရဲ့ ၊ အလွမ်းတွေ ဖွာလန်ကြဲလို့... မြင်မကောင်းအောင် ငိုထားတဲ့ တေးသွားလေးလိုပဲ သက်ဆင်းခဲ့၊ သိပ်တော့လည်း မဆန်းပါဘူးကွယ်တဲ့ တချွတ်ချွတ်မြည်နေတဲ့ သစ်ကိုင်းခြောက်က မာဂဓဘာသာစကားနဲ့ ကျွန်တော့်ကို ချွေးသိပ်ခဲ့တယ်။ ရေတံခွန်အောက်ဝင်လည်း အပိုပဲ။ နှလုံးသားတစ်ရပ်စာသာမြင့်တဲ့ မျှော်စင်တစ်ခုဆောက်ပြီး... ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်။ မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်ရဲ့။ ။ မောင်သိန်းဇော်

One-way and Two-way Slab

Image
တချို့က 1Way နဲ့ 2Ways Slab ဆိုတာ L/B ratio နဲ့ခွဲရမှန်းသိတယ် . . ဒါပေမယ့် L/B ရဲ့တကယ့်ဆိုလိုရင်းကို မသိကြဘူး တကယ်တော့ L/B ratio ဆိုတာ Slab ရဲ့ Shape က Rectangle လား Square လား သေချာသွားအောင်ခွဲခြားလိုက်တာပါ သချာင်္မှာက Geometry အရ . . L = B ဖြစ်မှ Square လို့သတ်မှတ်ပါတယ် ဒါပေမယ့် Structure မှာတော့ အလျားနဲ့အနံ မတူလဲ Square ဖြစ်တယ်လို့ယူဆပါတယ် ကဲ . . ဥပမာလေးနဲ့ကြည့်ရအောင်! L = 12, B = 10 ဆိုပါတော့ L/B = 1.2 1.2 < 2 ဖြစ်တဲ့အတွက် ဒီပုံကို Square လို့ပဲ ယူဆပါတယ် . . ဆိုလိုတာ အလျားက အနံထက် သိပ်မကြီး သိပ်မရှည်သွားသေးဘူးပေါ့ . . ဒါဆို သင်္ချာအရ 12'x10' ဆိုတာ Rectangle ဆိုပေမယ့် Structure အရတော့ Square တစ်ခုပါပဲ L = 10, B = 10, L/B = 1 < 2 (Square) ကိုတော့ ရှင်းပြစရာမလိုဘူးထင်ပါတယ် အဲ့ဒီတော့ L/B ratio ဆိုတာရဲ့ဆိုလိုရင်းက Square လား Rectangle လားလို့ခွဲတာပါပဲ Square ဖြစ်နေသရွေ့ 2-Ways slab Rectangle စဖြစ်ရင်တော့ 1-Way slab ပေါ့ ဒီမှာထပ်ပြောစရာရှိတာက တချို့က 1-Way slab နဲ့ 2-Ways slab ကိုသိတယ် သူတို့နှစ်ခုရဲ့နာမည်အရင်းကို မသိကြဘူး 1Way = 1-direct...

Electoral College ဆိုတာ

အမေရိကန် သမ္မတကို ပြည်သူကနေ တိုက်ရိုက်ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တယ်လို့ အချို့က ယူဆနေကြပါတယ်။ ဒါကြောင့် 2004 November လထုတ် American Mosaic Magazine မှာ Electoral College အကြောင်း ရေးထာတာကို ဖော်ပြလိုက်ပါတယ်။ - Electoral College သမ္မတရွေးချယ်ရေးအဖွဲ့ When Americans vote for president and vice president, their votes will not go to the candidates. အမေရိကန် သမ္မတနှင့် ဒုသမ္မတတွေကို ရွေးချယ်ရာမှာ တိုက်ရိုက် ဆန္ဒမဲပေးပြီး မရွေးချယ်ရပါဘူး။ Instead, Americans vote for electors to represent them in what is known as the Electoral College. အဲဒီအစား သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College) လို့ လူသိများတဲ့  တစ်ဆင့်ခံရွေးချယ်သူများကို သူတို့ကို ကိုယ်စားပြုရန် မဲဆန္ဒပေး ရွေးချယ်ပါတယ်။ The founders of the nation thought appointed representatives should make the choice. သမ္မတကို ရွေးချယ်ရန် တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်များမှ တစ်ဆင့် ရွေးချယ်တင်မြှောက်သင့်တယ်လို့ နိုင်ငံကို စတင်တည်ထောင်သူများက ယူဆခဲ့ကြတယ်။ They saw this as a compromise between having Congress elect a president a...

အမှား မှ အင်အားသို့

Image
ကျနော်တို့တတွေဟာ တစ်ခါတစ်ရံမှာ လမ်းပျောက်တတ်ကြတယ် ။ အမှားတွေ လုပ်တတ်ကြတယ် ။ ဦးတည်ချက်တွေ မှားယွင်း တတ်ကြတယ် ။ ကိုယ့်အမှားတွေကို မသိယောင်ဆောင် ကိုယ်ကိုတိုင်ဘဲ လိမ်ညာတတ်ကြတယ် ။ ဒါတင်မက တခြားသူတွေကိုလည်း လိမ်ညာတတ်ကြတယ် ။ ကျနော်တို့အားလုံး အမှားတွေလုပ်ဖူးကြတယ် ။ ဘ၀ရဲ့ ဖြစ်တည်မှုမှာ အမှားတွေဟာ အကြောင်းပြချက် တတစ်ခု ဖြစ်လာတယ် ။ ဒီတော့ အမှားတွေကို ဘယ်လိုပြင်ဆင်ကြမလဲ ။ အမှားတွေကို ပြင်ဆင်လို့မရပါဘူး ။ အဲ့ဒီအမှားတွေကနေ အားဖြစ်အောင်သာ ပြောင်းလဲလို့ ရပါတယ် ။ ကျနော်တို့ လျှောက်နေတဲ့လမ်းတွေ ပျောက်ဆုံးသွားတာ ၊ အမှားတွေ လုပ်မိတာဟာ ဘ၀ရဲ့ ဆုံးရှုံးခြင်းဆိုတဲ့  အဓိပ္ပါယ် မဟုတ်ပါဘူး ။ကျနော်တို့ လုပ်လိုက်တဲ့ အကြောင်းအရာတစ်ခုပေါ်မှာ တုံ့ပြန်တဲ့ တုံ့ပြန်မှု တစ်ခုသာ ဖြစ်ပါတယ် ။ ကျနော်တို့ဟာ ရှင်သန်စဉ်ကာလတစ်ခုရဲ့ တစ်နေရာရာမှာ အမှားတွေနဲ့ ကြုံခဲ့ဖူးကြတယ် ။ ထိတွေ့ဖူးကြတယ် ။ တချို့အမှားတွေဟာ ပြင်ဆင်လို့ မရဘူး ဆိုပြီး စိတ်ပျက်အားလျော့ဖူးကြတယ် ။ ဒါဟာ ကျနော်တို့ ရွေးချယ်မိတဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ် ။ မှားယွင်း မှု တစ်ခု မဟုတ်ပါဘူး ။ ဥပမာ - လူတစ်ယောက် တရားရင်ဆိုင်ရတဲ့အခါ သူ့လုပ်ရပ်အတွက် သူပဲ တာ၀န်ခံရတ...

လူမှုရေး ပဋိညာဉ် ( Social Contract )

Image
အစိုးရတွေ နဲ့ နိုင်ငံရေး အကြောင်းကို နက်နက်နဲနဲမလေ့လာခင် အရေးကြီးပြီး အခြေခံကျတဲ့ မေးခွန်းတစ်ခု မေးစရာရှိပါတယ်။ မေးခွန်းကတော့ ကျွန်တော်တို့တတွေ အစိုးရလိုအပ်ပါသလား ။ လိုအပ်တယ်ဆိုရင် ဘာကြောင့် အုပ်ချုပ်သူအစိုးရ လိုအပ်တာလဲ။ ဒီစာကို ဖတ်နေတယ်ဆိုရင် ခဏနားပြီး ရှေ့ကမေးခွန်းကို ကိုယ့်ဘာသာ ပြန်ဖြေကြည့်ပါ။  စာဖတ်သူအနေနဲ့ အစိုးရလိုအပ်တယ်လို့ ယူဆပါသလား။ ဘာကြောင့်ပါလဲ။ ဒါမှမဟုတ် မလိုအပ်ဘူးလို့ ယူဆိုပါသလား။ ဘာကြောင့်ပါလဲ။ ဆိုတော့ ဒီမေးခွန်းရဲ့ အဖြေကို အစိုးရတွေရှိခြင်း၊မရှိခြင်းရဲ့ အကောင်းနဲ့အဆိုး ကို အခြေခံပြီး စဉ်းစားကြည့်ရအောင်ပါ။ ပထမဆုံးအနေနဲ့ အစိုးရမရှိတဲ့ ကမ္ဘာမှာ ကျွန်တော်တို့ နေထိုင်တယ်လို့ ယူဆကြည့်ရအောင်ပါ။ ကျွန်တော်အပါအဝင်ပေါ့။ အစိုးရမရှိဘူးလို့ ကြားရတာနဲ့တင် သဘောကျစရာကောင်းသလိုပါပဲ။ အဲ့ဒီမှာ ကျွန်တော့်အတွက် အဆုံးမရှိတဲ့ အခွင့်အရေး ရပိုင်ခွင့်တွေရှိမယ်။ ကျွန်တော့် ရပိုင်ခွင့်တွေကို ဖယ်ရှားမယ့်သူတွေမရှိဘူး ။ ထိန်းချုပ်ကန့်သတ်မယ့်သူတွေမရှိဘူး။ ကိုယ်ပြောချင်တာကို ကိုယ်ပြောနိုင်တယ်။ ကိုယ်ကြိုက်တာကို ကိုယ်အလွတ်လပ်ဆုံးပြောနိုင်တယ်။ မလိုက်နာနိုင်လို့ ချိုးဖောက်ရမယ့် ဥပဒေတွေမရှိဘူး။ က...

Types of Foundation

Foundation ကို တွက်တဲ့အခါ မှာ ယေဘူယျအားဖြင့် 1.Dead Load 2.Live load 3.Wind load 4.Earthquake load 5.Uplift force တွေနဲ့ design လုပ်ရပါတယ်။ 🏗Foundation အမျိုးအစား အများကြီးထဲကမှ 1.Isolated or Single Footing 2.Combine Footing 3.Strip Footing 4.Mat Foundation 5.Pile Cap Foundation တို့က အသုံးများတဲ့Foundationတွေဖြစ်ပါတယ်။ ဘယ်Foundation ကိုသုံးသင့် လဲဆိုတာကတော့ Soil နဲ့ Loading ပေါ် မူတည်ပါတယ်။ 🏗Foundation Area ကိုတော့ Superstructure Loading နှင့် Soil Bearing Capacity ကိုယူပြီးတော့ တွက်ရပါတယ်။ Footing Depth ကိုတွက်တဲ့အခါမှာတော့ Two Way Punching Shear and One Way or Beam Shear ဆိုပြီးနှစ်မျိုးကိုစဉ်းစားပေးရပါတယ်။ Two Way Punching Shear ကတော့ Column Face ကနေ d/2 အကွားအဝေးမှာ Shear Stress ဖြစ်ပြီး၊ One Way or Beam Shear ကတော့ Column Face ကနေ d အကွာအဝေးတွေမှာ ကိုယ်သုံးထားတဲ့ Footing Depth က အဲ့ဒီအကွာအဝေးတွေမှာ ဖြစ်တဲ့ Shear ကို ခံနိုင်အောင် တွက်ပေးရပါတယ်။ #Selection_of_foundation_for_building ---------‐------------------------- 🏗တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ ...

အာဏာကို လေ့လာခြင်း ရက်သတ္တပတ်

(ခရစ်ရှနာမူရတီ- ဘဝစာအုပ်) ဇန်နဝါရီလ ၁၅ ရက်နေ့ - ဖြိုခွဲရန် တည်ဆောက်ခြင်း လွတ်မြောက်ဖို့ အာဏာကို ဆန်းစစ်ရမယ်။ အာဏာရဲ့ ကြိုးဆွဲရာတွေကို တစ်ချောင်းစီ ဆွဲထုတ်နိုင် ရမယ်။ ဒီ ညစ်ညမ်းမှုကြီးကို တစ်စစီ ဆွဲဖြဲပစ်ရလိမ့်မယ်။ ဆိုတော့.. ဒါဟာ စွမ်းအင် လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အား လိုအပ်သလို စိတ်ပိုင်း ဆိုင်ရာ ခွန်အားလည်း လိုအပ်ပါတယ်။ သို့သော် စွမ်းအင် (ဝါ) ခွန်အားဟာ ဖျက်ဆီးခံထားရတယ်။ ဦးနှောက်တွင်း ပဋိပက္ခတွေမှာ အသုံးချခံ နေရ တယ်။ ဒီတော့ ပဋိပက္ခကို ထပ်နားလည် ရတော့မယ်။ ပဋိပက္ခနဲ့ ဝိဝါဒတွေကို သေချာ နားလည် လာတဲ့အခါ ကျမှ မသင့်မြတ်မှုတွေ ကျဆုံးလိမ့်မယ်။ ဒီတော့မှ အသုံးချခံထားရတဲ့ စွမ်းအင်တွေ နေရာ ရလာမယ်။ ဒီကနေ ရှေ့ထပ်ဆက်ရလိမ့်မယ်။ ရာစုနဲ့ ချီနေအောင် ကိုယ်တိုင် ခက်ခက်ခဲခဲ တည်ဆောက် လာခဲ့တဲ့ ဘာတစ်ခုမှ အဓိပ္ပာယ် မရှိသော အိမ်ခြံကို အင်နဲ့ အားနဲ့ စတင် ရိုက်ချိုးရလိမ့်မယ်။ အဲ့ဒါသည် ဖြိုခွဲဖို့ တည်ဆောက်ရခြင်း ဖြစ်တယ်။ ဟုတ်ပါတယ်။ ကျုပ်တို့ဟာ အိမ်ကို ဖြိုချရလိမ့်မယ်။ အိမ်ခြံဆိုတာမှာ အဆောက်အအုံ ပြောတာ မဟုတ်။ လူမှုဆက်ဆံရေးတွေကို ပြောနေတာ မဟုတ်။ စီးပွားရေး ယန္တယားကို ပြောနေတာမဟုတ်။ ဒီ အိမ်ခြံဟာ န...

မြန်မာ eBook များ

ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန် ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i Mr brain,facebook page စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/arnJ0mCBfQXPq ပါရဂူ https://yadi.sk/d/KP57Yo1FfQXPu ပီမိုးနင်း https://yadi.sk/d/0vl8nWw9fQXav ပုံပြင် စာအုပ်များ https://yadi.sk/d/fOBZgOdGfQXax ဖားအောက်တောရဆရာတော်တရားစာအုပ်များ https://yadi.sk/d/8K3-VrINiEvoW ဖိုးကျော့ https://yadi...

နားလည်မိသော သံသရာ

Image
တလောက ကံအကြောင်းကို ဇောက်ထိုး ဖြစ်အောင် ပြောပြီးပြီဆိုတော့ ခုတစ်ခါ အလှည့်ကျတာက သံသရာ။ သံသရာ ဆိုတာသည် ကျွန်တော့်အတွက်တော့ စက်ဝန်းတစ်ခုပဲ။ ဘယ်တုန်းကမှ အဖြောင့်အတိုင်း ဆွဲလာတဲ့ မျဉ်းကြောင်း တစ်ခု မဟုတ်ဘူး။ လူတွေက သံသရာကို စက်ဝန်းအားဖြင့် ပေါ့ပေါ့လေးပဲ နားလည်ထားကြပြီး မျဉ်းကြောင်းကဲ့သို့ အလေးအနက် ယူဆထားကြတယ်။ ဒီလိုမျိုး လူတွေ အနေနဲ့ မျဉ်းကြောင်းလို့ ယူဆထားတဲ့ အကြောင်း ဘယ်မှာ သိသာသလဲ ဆိုရင် သံသရာ အစကို လိုက်ရှာ လိုက်မေးနေကြတဲ့ လူတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ဟုတ်တယ် မှတ်လား။ ဆိုတော့ ဘယ်တုန်းကမှ သံသရာသည် မျဉ်းဖြောင့် တစ်ကြောင်းလို လက်ဆင့်ကမ်းလာတဲ့ သဘော မရှိဘူး။ သို့သော် ခြင်းလုံး ဆိုတဲ့ ကံလေးကို လူ တစ်ယောက်ကနေ တစ်ယောက် ခတ်ပြီး အပေးအယူ လုပ်နေတဲ့ ခြင်းဝိုင်း တစ်ဝိုင်းကဲ့သို့ သဘော သဘာဝ ရှိတယ်။ ဒါ မိမိ နားလည်တဲ့ သံသရာ။ ရှင်းရှင်းလေး ချိတ်ဆက်ပြရရင်.. အပင်ကနေ အောက်စီဂျင်ကို ထုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူရတာသည် မိမိရဲ့ ရှုထောင့်အရ အတိတ်ကံကြောင့် ဖြစ်လာရတဲ့ ရှင်သန်မှု ဖြစ်တယ်။ အခြားတစ်ဖက်မှာ လူကနေ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ပြန်ထုတ်ပေးရတာသည်လည...

လွတ်မြောက်ခြင်းရဲ့ ဟိုဖက်မှာ ဘာရှိသလဲ

အကြောက်တရားတွေကနေ လွတ်မြောက်သွားတဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ဟာ ဘာဖြစ်သွားသလဲ။ လွတ်မြောက်ခြင်းရဲ့ ဟိုဖက်မှာ ဘာရှိသလဲ။ ဒါမျိုး တွေးကြည့်ဖူးလား။ တွေးကြည့်ဖူး... စဉ်းစားဖူးရင် ဒီစာစုက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ဒီစုစည်းမှုက ခရစ်ရှနာမူရတီ ဟောခဲ့တဲ့ အကြောင်းအရာတွေကို စုပေါင်းပြီး သူ လုံးဝ မဟောခဲ့တဲ့ ခေါင်းစဉ်တစ်ခုကို ဖော်ထုတ်ပေးခြင်းသာ ဖြစ်ပါတယ်။ ခရစ်ရှနာမူရတီရဲ့ အလိုအရ ဆိုရင် ဘာသာရေး အသင်းအဖွဲ့တွေဟာ ဘာသာရေး သမားတွေ မဟုတ်။ တစ်နည်း ငြိမ်းချမ်းရေး သမား မဟုတ်။ သူ့အဆိုအရ ငြိမ်းချမ်းရေး သမား ဖြစ်ဖို့ အချက် ငါးချက် လိုအပ်တယ်။ intelligence ရယ် love ရယ် humility ရယ် diligence နဲ့ austerity ဆိုပြီးတော့ ဖြစ်ပါတယ်။ အောက်မှာ တစ်ချက်စီ အကြောင်းကို သူ့ဟောပြောချက် အကျယ် ဖြစ်ပါတယ်။ (intelligence - နိဂုံးချုပ်တတ်သည့် လူ့သဘာဝ ချုပ်ငြိမ်းသွားခြင်း) ဉာဏ်ရည်ဟာ 'ဘာဖြစ်တယ်' လို့ နိဂုံးချုပ်လိုက်တဲ့ တဒင်္ဂဟာ ဉာဏ်ရည်ရှိ လူသား တစ်ယောက်ရဲ့ နိဂုံးချုပ်ချိန် ဖြစ်တယ်။ နားလည်ထားရမှာသည် ဉာဏ်ရည် ဉာဏ်သွေး သမားဟာ ဘယ်တော့မှ နိဂုံး မချုပ်တတ်ဘူး။ အမြဲတစေ သင်ကြားနေတယ်။ အဓိပ္ပာယ် တစ်ခုအပေါ်မှာ ရောင့်ရဲ...

အင်ယာ အယူအဆများ ( ၂ )

Image
Floor plan drawings တွေ ဆွဲတာမှာ column grid lines တွေ ဆွဲကြပါ။ တစ်ချို့ drawings တွေမှာ မပါတာကို တွေ့ရပါတယ်။ Column grid lines တွေ ဆွဲရတဲ့ ရည်ရွယ်ချက်က structural အစိပ်အပိုင်းတွေ ဥပမာအားဖြင့် column beam slab တွေကို ရည်ညွန်းချင်တဲ့အချိန်မှာ identify လုပ်ချင်လို့ပါ။ Revit မှာ column grid lines တွေက auto ပါပါတယ်။ AutoCAD Architecture မှာ column grid lines ဆွဲတဲ့ command ပါပါတယ်။ AutoCAD မှာ မပါတာပါ။ အဲဒီအတွက် lisp file တွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီအတိုင်း ဆွဲလို့လဲ ရပါတယ်။ မခက်ပါဘူး။ ပိုပြီး customized တောင် ဖြစ်ပါသေးတယ်။ Column grid lines တွေကို ရိုးရိုး line နှင့်ပဲ ဆွဲပါ။ ဆွဲမယ့် အဆောက်အအုံထက် ပိုဆွဲရပါမယ်။ လိုအပ်သလို offset လုပ်ပါ။ grid lines တွေကို linetype နှင့် linetype scale ပြောင်းပါ။ linetype က center linetype ဖြစ်ပြီး linetype scale ကိုတော့ ပုံအရွယ်အစားအလိုက် ချိန်ပါ။ ပြီးရင် grid labels တွေ တပ်ပါ။ vertical ဒေါင်လိုက် အောက်ကနေ အပေါ်ကို A-Z ဖြစ်ပြီး horizontal အလျားလိုက် ဘယ်ကနေညာကို 1 2 3 4 … ဖြစ်ပါမယ်။ AutoCAD Menu > Express > Text > Enclose Text with Obj...

သံသယရှိလိုက်ပါ

ပွင့်လင်းရာသီရောက်ပြီဆိုတော့ … အိမ်တွေဆောက်ကြပြီ ... မိုးတွင်းတုန်းက လုံးချင်း ၂ ထပ် - ၃ ထပ်လေးတွေ လုပ်ပေးဖြစ်တယ် .. ကိုယ့်အဖွဲ့တွေလုပ်ပေးထားတဲ့ Design လေးတွေ  မြေပြင်မှာ အကောင်အထည်ဖော်ပြီ .. ပုံမှန်က ၃ ထပ်ကျော်မှ Design တွက်ရတာ မဟုတ်ဘူးလားလို့ သံသယမရှိပါနဲ့ ... ၃ ထပ်ကျော်မှ Design လုပ်ရတာ၊  စည်ပင်တင်ဖို့ Design လုပ်ရတာ မဟုတ်ကြောင်း ရှင်းပြ ပေးပါ .. မလိုအပ်တဲ့နေရာမှာ ပိုမကုန်ချင်ရင် .. Design တွက်ကို တွက်ရလိ့မ်မယ် .. (ကြီးရင်ခိုင်တဲ့ ကြီးခိုင်ဒီဇိ်ုင်း မဟုတ်) ဥပမာ - Project တစ်ခုမှာ Square Column တွေချည်းသုံးထားပြီဆိုရင် Design မတွက်ထားဘူးလို့ သံသယရှိလိုက်ပါ C12’’x12’’ (144 in2) နဲ့ C10’’x14’’ (140 in2) ဟာ Area ချင်းသိပ်မကွာပါဘူး။ Concrete , Formwork, Rebar အတွက် ကုန်ကျစရိတ်မကွာသွားဘူးလို့ ယူဆပါမယ်။ ဒါပေမယ့် shape မတူတဲ့ Square Column နဲ့ Rectangular Column ရဲ့ shape မတူလို့ Structure Performance ချင်းကွာပါတယ်။ ဘယ်လိုအနေအထားမှာ ဘယ် shape သုံးသင့်သလဲ .. လို့ မေးရင် .. အိမ်ရှင်များအနေနဲ့ ခန်းဖွဲ့ Span ၂ ခုကို နှိုင်းယှဉ်ကြည့်ပါ .. L = B ဖြစ်ခဲ့ရ...