အင်ယာ အယူအဆများ ( ၂ )

Floor plan drawings တွေ ဆွဲတာမှာ column grid lines တွေ ဆွဲကြပါ။ တစ်ချို့ drawings တွေမှာ မပါတာကို တွေ့ရပါတယ်။

Column grid lines တွေ ဆွဲရတဲ့ ရည်ရွယ်ချက်က structural အစိပ်အပိုင်းတွေ ဥပမာအားဖြင့် column beam slab တွေကို ရည်ညွန်းချင်တဲ့အချိန်မှာ identify လုပ်ချင်လို့ပါ။

Revit မှာ column grid lines တွေက auto ပါပါတယ်။ AutoCAD Architecture မှာ column grid lines ဆွဲတဲ့ command ပါပါတယ်။ AutoCAD မှာ မပါတာပါ။ အဲဒီအတွက် lisp file တွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီအတိုင်း ဆွဲလို့လဲ ရပါတယ်။ မခက်ပါဘူး။ ပိုပြီး customized တောင် ဖြစ်ပါသေးတယ်။

Column grid lines တွေကို ရိုးရိုး line နှင့်ပဲ ဆွဲပါ။ ဆွဲမယ့် အဆောက်အအုံထက် ပိုဆွဲရပါမယ်။ လိုအပ်သလို offset လုပ်ပါ။ grid lines တွေကို linetype နှင့် linetype scale ပြောင်းပါ။ linetype က center linetype ဖြစ်ပြီး linetype scale ကိုတော့ ပုံအရွယ်အစားအလိုက် ချိန်ပါ။

ပြီးရင် grid labels တွေ တပ်ပါ။ vertical ဒေါင်လိုက် အောက်ကနေ အပေါ်ကို A-Z ဖြစ်ပြီး horizontal အလျားလိုက် ဘယ်ကနေညာကို 1 2 3 4 … ဖြစ်ပါမယ်။

AutoCAD Menu > Express > Text > Enclose Text with Object နှင့် Automatic Text Numbering တွေကို သုံးလို့ ရပါတယ်။

နောက်ပြီး ဖြစ်နိုင်ရင် AutoCAD Architecture သုံးကြည့်ကြပါလား။ AutoCAD software ပါပဲ။ Architectural နှင့် ပတ်သက်တဲ့ commands တွေ အများကြီး ပါပါတယ်။ အခုလို column grid lines တွေကို အလွယ်တကူ tool တစ်ခုနှင့် ဆွဲလို့ ရပါတယ်။ အဆင်ပြေတာက AutoCAD နှင့် AutoCAD Architecture ကို menu တွေ workspace တွေ ပြောင်းလဲလို့ ရပါတယ်။ သဘောက AutoCAD လို ဆွဲချင်ရင် ACAD menu ကို menuload လုပ်လိုက်ရုံပါပဲ။ ပြီးရင် ACA menu ပြန် menuload လုပ်လိုက်ရင် AutoCAD Architecture ပြန်ရပါတယ်။ ကျွန်တော်ကတော့ AutoCAD Architectual 14.1 ကထဲက သုံးခဲ့တာပါ။ 14.1 ဆိုတာက 2014 version မဟုတ်ပါဘူး။ ၁၉၉၇ မှာ ထွက်တဲ့ 14.1 version ပါ။

Kyithar Myint

Comments

Popular posts from this blog

မြန်မာ eBook များ

အမိုးဧရိယာ တွက်နည်း

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )