Civil တစ်ယောက် တတ်ထားရမည့် software များ



အဆင့် ** (အလွန့်အလွန်အင်မတန်အရေးကြီး )
၁) microsoft excel
၂) autocad 2D

အဆင့် ** (အရေးကြီး)
၁) microsoft word
၂) powerpoint
၃) google sketchup
၄) photoshop basic
၅) pagemaker

အဆင့် **(အရေးမကြီးတကြီး)
၁) etabs & safe
၂) revit
၃) tekla
၄) ကွန်ပြူတာ window တင်၊ virus သတ်၊
သန့်ရှင်းရေးလုပ် စက်မလေးအောင်ထိန်းသိမ်း

excel ကဘာလို့အရေးကြီးဆုံးလည်းဆိုရင် အလုပ်ဝင်ဝင်ချင်း ကျောင်းဆင်းစတစ်ယောက်အနေနဲ့ မင်းနေပူထဲသွားရင်သွား မသွားရင် ရုံးခန်းထဲဝင်ပြီး ကုန်ကျစရိတ်တွက်ပဲ ကျောင်းမှာ ဘာ grade တွေရခဲ့လည်း ငါတို့ စိတ်မဝင်စားဘူး

တကယ်တော့ software သင်တယ်ဆိုတာ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ လိုက်လျောညီထွေဖြစ်နေမှ သင်သင့်ပါတယ်

လူတိုင်းကတော့ ဟိုဟာလည်း လုပ်တတ်ချင် ဒီဟာလည်း လုပ်တတ်ချင် ဖြစ်နေတာ သဘာဝပါ

ဒါပေမဲ့ ကိုယ်ကဘာလုပ်နေလည်းဆိုတာ မေ့လို့မရဘူး

ကျတော်ကတော့ theory မဖတ်ဘဲ etabs တွေ လျောက်ကိုင်နေတာကို သဘောမကျဘူး

revit ခေတ်စားနေတာမှန်တယ် တကယ်လည်း ပိုင်နိုင်တယ်ဆိုရင် တော်တော်လေး အလုပ်တွင်ပါတယ်

ဒါပေမဲ့ တကယ်တန်းလက်တွေ့ကျတော့ တချို့နေရာလေးတွေမှာ modeling software တွေဟာ autocad 2D လို drawing သီးသန့် software တွေလောက် စိတ်သွားတိုင်းကိုယ်မပါပါဘူး

ကျတော်ပြောချင်တာက လူတိုင်းအသုံးများတဲ့ autocad 2D ကိုအရင် ပိုင်နိုင်အောင်လုပ်ပါ ။ သူများပြောလို့ လိုက်မယောင်မိပါနဲ့အုံး။

Revit သင်တဲ့ဆရာတွေကိုယ်တိုင်လည်း autocad ကို ကျွင်းကျင်ပြီးခါမှ အဲ့အဆင့်ကိုတက်ကြတာပါ

structural design software တွေ အထူးသဖြင့် Etabs ဟာမျိုးတွေဆိုရင် ပိုလို့တောင်ဆိုးပါတယ်

software ကိုကျွင်းကျင်အောင် သွားနေတာထက် ဘာစက်မှမပါပဲ ကိုယ့်ဟာကိုယ် ဘောပင်တစ်ချောင်းနဲ့ ချတွက်နိုင်တဲ့အဆင့်ရောက်မှ software ဖက်ကိုကူးသင့်တယ်

သာမှန် ၂ ထပ် လောက်ကတော့ etabs မလိုပါဘူး ကိုယ့်ဟာကိုယ် load tributary area ကြည့်ပြီး Load အများဆုံးဖြစ်နိုင်မဲ့ beam column ကိုယူပြီး အသုံးများနေတဲ့ size တွေ သံချောင်းအရေတွက်တွေ ချိန်ထိုးကြည့်

ကိုယ်ယူထားတာနဲ့ ထွက်လာတာက မများဘူးဆိုရင် အဲ့အတိုင်းသာထည့်လိုက် ok တယ် ဥပမာ column တိုင်ဆိုရင် သူ့အတွက် critical အဖြစ်ဆုံး ထည့်ရမဲ့ သံချောင်းက တိုင် size ရဲ့ ၃ ရာခိုင်နုန်းပဲ

ဥပမာ ၁၂ ပတ်လည်တိုင်ဆိုရင် ထည့်ရမဲ့ သံချောင်း area က ၁၂x၁၂x၀.၀၃

ACI က steel ratio ကို ၁ ရာခိုင်နုန်းကနေ ၈ ရာခိုင်နုန်းအထိ ထည့်ခွင့်ပြုတယ် အရမ်းများရင်လည်း သံချောင်းကြပ်သွားတယ် မကောင်းဘူး

သံချောင်းအနည်းအများ ဆိုဒ် ကြီးမကြီးဆိုတာ ကိုယ်ခန့်မှန်းပြီးတင်ထားတဲ့ Live Load တွေနဲ့ပဲဆိုင်ပါတယ် နောက်ထက်ဆိုင်တာတစ်ခုက စိတ်ရှည်တာချင်းကွာတာ

တချို့တွေက drawing ထုတ်ရမှာပျင်းတဲ့အခါ အကုန်လုံးကို maximun ထွက်လာတဲ့ တန်ဖိုးနဲ့ တမျိုးထဲလုပ်ပလိုက်တယ်

ဘာနဲ့တူလည်းဆိုတော့ ကျောင်းမှာ စာမေးပွဲဖြေတုန်းကလို အချိန်မလောက်တော့ steel area ထွက်လာပေမဲ့ appendix ထဲကနေ အကြီးဆုံးဆိုဒ်ကို ရွေးပြီး ဖောရှော လုပ်ပြစ်တာ

နိဂုံးပြောရရင် ကိုယ့်ရဲ့ဘဝကို Civil မှာ မြုတ်နှံထားရတယ်ဆိုတာ တကယ့်ကိုတန်ပါတယ်ဗျာ

Aung Hla Min Naing

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )