ဗုဒ္ဓဝါဒီ အနာခီ ( ၂ )
| ငါဟူသည်မရှိ။သတ္တဝါအားလုံးသည်လောကအတွင်းရှိပြရုပ်များသာဖြစ်သည်။ |
အရာအားလုံးရဲ့အစ(ဒုတိယအပိုင်း)
အမှန်တရားဆိုတာဘာလဲ ဒါက လူသားတို့ အသိဉာဏ်ဖွံ့ဖြိုးလာခဲ့တဲ့ သမိုင်းတစ်လျောက် လူသားတို့ရဲ့ စိတ်ထဲ မေးနေခဲ့တဲ့ အဖြေမရသေးတဲ့ မဟာမေးခွန်းကြီးပါ။ အမှန်တရားဆိုတာ ထဝရဘုရားရဲ့စီရင်မှုလား။ ဒါမှမဟုက် သဘာဝမိခင်ကြီးသည်သာလျှင် အမှန်တရားလား ဒါမှမဟုက် လူသားတွေက အမှန်တရားလား ဘာလဲ အမှန်တရား ကိုယ့်ဘက်ကြည့်မှန်သလို သူ့ဘက်ကြည့်မှန်နေတာပဲ အဲတာက အမှန်တရာလား ဆိုတာ တွေးစရာပါ။ တစ်ကယ်တော့လည်း ကျွန်တော်တို့ လူသားတွေရဲ့ စိတ်ရဲ့ ပိုင်းဖြတ်တွေးခေါ်နိုင်စွမ်းက မေးခွန်းပြန်ထုက်စရာပါ။ လူသားတွေရဲ့ဖြစ်တည်မှုက သဘာဝကြီးရဲ့ အလျောက် သူဘာသာဖြစ်လာတာလား ဖန်ဆင်းခံခြင်းကြောင့်ဖြစ်လာ တာလား စတာတွေအပြင် ဘာတွေလဲ ဆိုတဲ့မေးခွန်းတွေက ရေတွက်မရတဲ့ ကိန်းဂဏန်း အလွန်မေးခွန်းတွေ အများကြီးပါ။ ဒါပေမယ့် ဖြေဆိုထားတဲ့ အဖြေတွေက နည်းလွန်းတာမှ အပုံတစ်သန်းမှာမှ တစ်ပုံလောက်သာ ရှိတာပါ။ ဘာတွေလဲ ဘာကြောင့်လဲ ထပ်မေးနေသရွေ့ ကျုပ်တို့သိနိုင်တော့မှာမဟုက်ပါဘူး။ သိဖို့ကြိုးစားလေလေ မသိမှုတို့ရဲ့ တိုင်းတာမှုအောက်ကို အလိုလို ရောက်လေလေမို့ အတော်တော့ ခေါင်းရှုပ်စရာပါ။
ခင်ဗျားဘာသိလို့လဲ လို့ ကျုပ်ကိုမေးခဲ့ရင်လဲ ကျုပ်ဘာမှမသိသေးသလို ခင်ဗျားလည်းဘာမှ မသိတာကို လက်ခံလိုက်ပါ တစ်ကယ်တော့ ကျုပ်တို့အားလုံးဘာမှမသိကြပါဘူး။ ဒါကို ပဲ အဖြစ်မှန်မှန်းသိလျက်နဲ့ငြင်းနေရင်တော့ ခင်ဗျားလွဲနေပါပြိ။ ကျုပ်တို့ရဲ့ အသိဉာဏ်အဆင့်အတန်းက စကြာဝဠာကြီးကို ဖြန့်ဖို့ အသင့်မဖြစ်သေးသလို ကမ္ဘာချီ ဖြန့်ဖို့တောင်လုပ်ဆောင်နေဆဲပါ။ အသိပညာရှာဖွေနေကြပေမယ့် မသိပညာတွေက အသိပညာတွေနဲ့ တန်းတူ တိုးပွားနေဆဲပါ။ စိတ်ချပါမိတ်ဆွေ ဘယ်သူကမှ ပိုမသိနိုင်ပါဘူး။ ကြိုသိသွားတာတွေပဲရှိပါတယ်။
ဗုဒ္ဓ အသက်ငယ်သလောက် သိပ် ဉာဏ်ထက်ခဲ့သူ ဒါပေမယ့် သိပ် ညံ့ခဲ့သူပေါ့။ တစ်လောကလုံး လိုက်နာနိုင်မယ့် စကြာဝဠာ စည်းမျဥ်းတွေ ချခဲ့ပေမယ့် အသုံးမကျခဲ့တဲံ့သူ့ရဲ့စီမံချက်တွေက ညွန်းတမ်းအောက်မှာ ရပ်နပြီး ထိုးစိုက် ကျဆင်းနေတာ နှစ်ပေါင်း ၂၅၀၀ မကတော့ပြီ။ သူက ကမ္ဘာချီ မေတ္တာထားစေချင်ပေမယ့် မေတ္တာရဲ့စံကို နုန်းတပ်ခဲ့လေတော့ ဗုဒ္ဓကျဆုံးခဲ့တယ်။ သူဘယ်လောက် ဉာဏ်ကောင်းခဲ့ပေမယ့် အကုန်သူမသိခဲ့ဘူး။ သူအကုန်မသိခဲ့ဘူးလေ။ သူက လူသားတစ်ယောက်ဆိုတော့ လူသားတစ်ယောက်ရဲ့ ဉာဏ်အတိုင်းအတာလောက်ပဲသိနိုင်တာ မဆန်ကျယ်လှပါဘူးလေ။ လူတိုင်းကပြောတယ် အဘိဓမ္မဆိုတာ ဗုဒ္ဓရဲ့ အကောင်းဆုံးလက်ရာတဲ့ ဟုက်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓရဲ့ အဘိဓမ္မထက် ပိုလက်စွမ်းထက်တာတွေကိုတော့ ပြောသလားဆိုရင် မပြောရဲ့ကြဘူးလေ။ ဟိုဟာတွေက အလုပ်ဖြစ်တာကိုး အဘိဓမ္မရယ် မင်း ကောင်းပါတယ်။ ဒါပေမယ့် မင်းထက် ကောင်းတာ အများကြီးရှိတယ်။ မင်းအလုပ်ဖြစ်တာထက် ပိုအလုပ်ဖြစ်တာတွေ မနည်းမနောရယ်။ အဘိဓမ္မက ပိုင်းခြားတယ်။ သူပဲပိုင်းခြားတာမှမဟုက်တာ ုဆစ်ဂမန်ဖရိုက်က ပိုတောင်ပိုင်းခြားပေးတယ်လေ။ ဗုဒ္ဓကပြောတယ်။ ငါ၏ဒေသနာများသည် ငါ၏အတွေးမျှမဟုက်လက်တွေ့ကျင့်သုံးအပ်သော တရားများဖြစ်၏တဲ့ လက်တွေ့ကဏ္ဍထက် စီမံရေးကဏ္ဍနဲ့ ဗုဒ္ဓထက်သာအောင် လုပ်သွားတာ အခု ဗုဒ္ဓအပါအဝင် လူတိုင်း လက်ခံနေရပြီလေ။ ဒါတောင် လေကြီးကြီးနဲ့ ဗုဒ္ဓက သာပါတယ် လေကျယ်စွာပြောတက်သေးတယ်။ ဒဿ န ဆိုတာ တွေးရုံလောက်ပဲတဲ့ စစ်စစ်ပေါက်ပေါက်တွေးပြီး ဖြစ်ဖြစ်မြောက်မြောက် လုပ်လိုက်တာက ဒီဒဿ နဆိုတာ သူတို့ ဖုံးထားလိုက်တယ်။ အရှက်ကွဲမှစိုးတာကိုး။နားလည်ပါတယ်။ ဆိုသေးတယ် ငါတို့သာသနာက အငြိမ်းချမ်းဆုံးသာသနာ ကဲအဲတာဆိုလည်း မငြိမ်းချမ်းတဲ့နေရာတွေမှာ ငြိမ်းချမ်းအောင် လုပ်ပါလား တုပ်တုပ်မလှုပ်တာ သူတို့ပဲ။စကားတောင်မစနိုင်ကြဘူးလေ။ ဗုဒ္ဓကပြောတယ် ရုပ်ရောနာမ်ရောအတူအလုပ်လုပ်မှ တိုးတက်မှုဖြစ်မယ် ရုပ်ရောနာမ်ရောချုပ်မှ လွတ်မယ်တဲ့ ဆိုလိုတာက အေးချမ်းခြင်းက စိတ်ရော ကိုယ်ရောဖြစ်ရမှာလေ သူတို့က စိတ်တိုးတက်ရေးကျတော့ လုပ်နေပြီး ရုပ်တိုးတက်ရေးကျတော့ ဘာမှ ပြန်မလုပ်တော့ ခက်ခဲတယ် ရှုပ်ထွေးတယ် နောက်ဆုံး ပလုံစီ ဒုက္ခတွေရောက်တယ် ရုပ်ကမှ မလိုက်နိုင်တော့ စိတ်ကလည်းသူတို့ကို ပစ်ပယ်လို့ သာသနာကြီး သနားစရာဖြစ်တော့တယ်လေ။ ငါ့ဗိုက်မှမဝသေး သူက အလှူလာခံသေး တယ်လည်း အားမနာတက်တဲ့ ဝန်ဆောင်တွေပါလေ။ လူလူချင်းတူတူ တစ်မူးရှုချင်တဲ့သူတို့ အရေခြုံပြီး ငါမြင့်တယ်မြတ်တယ်လုပ်သေးတယ် တယ်ဆိုးဆဲ့ အရင်းရှင်တွေ သူတို့ကိုသူတို့ သာသနာဝင်ဖြစ်လေတော့ အခြေကြီးအခြေခိုင် မြင့်မြတ်နိုင်တယ်လုပ်ပြီး ကိုယ့်လူကလွဲ သူတို့ကို စောက်ထင်ကြီးသူမရှိ မာန်မရှိနဲ့ ဒေါသမကြီးနဲ့ နှိမ့်ချပါ တစ်သွင်သွင်ပြောပေမယ့် တယ် မာန်ကြီးသူတွေ အော် ကြောင်သူတော် ကြွက်သူခိုး သူတို့က မှ အစစ်။ သာသနာတေ်ာကို သံဃာမှ စောင့်ရှောက်နိုင်လိမ့်မယ်လို့ ဗုဒ္ဓပြောခဲ့မိလား။ ပရိယတ္တိတည်နေသရွေ့သာသနာရှိနေမြဲလို့ ဗုဒ္ဓပြောခဲ့သလား။ အော် အရေခွံလဲ အရေတွေခြုံ လူပုံပြောင်းမှ သာသနာကို ဝန်ဆောင်နိုင်တာ မဟုက်တာ သူတို့ သိလျက်နဲ့ ဖျင်တွေကျယ် လူလည်လုပ် အနုတ်စုတ်ဂုတ်စုတ်လုပ်တက်တာသူတို့ပေါ့။ သူများဆီက တောင်းစား ကိုယ့်ဟာလုပ် ကိုယ့်အချင်းချင်း ပြန်ဘုရင်လုပ်နဲ့ ဧကရာဇ် ပဒေသရာဇ်တွေ ဖြစ်နေတဲ့ ဗုဒ္ဓရဲ့ လက်ရှိသာသနာ ရှိတာထက် ပျက်တာမှ သာသေး စာပေလေးအဖြစ် လေ့လာမှ အကျိုးဖြစ်သေးပါရဲ့ အော် ဗုဒ္ဓရယ် နင့်ကို ငါ သိပ်သနားတယ်။
သူ့ခမျာ အသက်ရှင်စဉ်က သိပ်မပူခဲ့ရှာဘူး သူ့နောက်လိုက်တွေကို သူ စိတ်ချရက်ခဲ့တယ်။ သေပြိးနောက်ပိုင်း ကွဲချင်တိုင်းကွဲ ပြဲချင်တိုင်းပြဲ ဒီနေ့ဆိုရင် ရောချင်တိုင်းရော ပေါချင်တိုင်းပေါပြီး ပေါ့ချင်တိုင်းပေါ့နေတာ မျက်မြင်ပါပဲ။ လူတွေက စိတ်ပိုင်းကို အသားပေး အလုပ်ပိုင်းကို အားတွေနှေးပြီး နောက်ဆုံး အခြေခံ စိတ်တွေကိုတောင် မခံနိုင် မာန်ကြီး ဟိတ်ကြီး ဟန်ကြီးနဲ့ ဟုက်လှပြီထင် အဘိဓမ္မသင် ဖျင်ကြီးပင်ချဲ့ပေးလိုက်သလို စခန်းလေးဝင် အသိကြီးတွေပဲ ရလိုက်သလို ပရိတ်လေးပဲရွက် ရတနာထုတ်ကော်ကရသလို မလိုတာတွေကို အပိုတွေလုပ် လက်တွေ့ အဟုက်ဘာမှ မရှိတာတွေကို သူများ သိရင်ဖြင့် အော် ငါ ပိုပြောခဲ့သင့်တယ် ဖြစ်စေရလိမ့်။ အော် ဗုဒ္ဓ နင့်အရိုးတွေ ပြန်စုပြီး ငါ နင့်ကိုပြန်ဟောစေချင်တယ် ဗုဒ္ဓရယ်။
စဉ်းစားကြည့်ပါ။ ငါးပါးသီလထက် မဂ္ဂင်ရှစ်ပါး အဓိက ကျတာမလား။ အဲ့တော့ အဓိကကျတာကို ကျတော့ မလုပ်ပဲ မလိုက်နာနိုင်ပဲ ဘာလို့မာျး ငါးပါးသီလကို ဖျင်ရှည်လုပ်နေသေးတာလည်း။ လူတိုင်းသိပါတယ်။ မှန်သောအလုပ် မှန်သော အကြံ စတာတွေကို သိလျက်ပါနဲ့ အဲ့ဒီတိုင်းတာ လုပ်ဆောင်ပါလို့ ပထမဦးဆုံးဒေသနာမှာ ဟောခဲ့သားပဲ အဲလောက်တင်ပဲ သာသနာက တော်တော်လေးကို ကျေနပ်စရာပါ။ ဘယ်သူမှလည်း အထူးပြုမပြော တရားကျင့်မှ လုံးထွေးပစ်လို့ ပဋိစ္စသမုပ္ပါဒအကြား မလိုပဲ မျက်စိလည် အချိန်ကုန်ပြိး အိမ်က မိသားစု ဝမ်းရေးတိုးတက်ရေး အောင်မြင်ရေးကျတော့ ဘာမှမလုပ်နိုင် သူစိတ်လည်းဖြောင်နိုင်တာမဟုက် တကယ်တော့ အကျိုးမဲ့နိုင်လွနးတာ ဒီသာသနာပါ။ ပေါ့နိုင်လွန်းသလို သိပ်ဆင်းရဲလွန်းတာ ဒီသာသနာပါ။ အကောင်းဆုံးဖြစ်နိုင်ပမေယ့် အသုံးမကျဆုံးက ဟေ့ ဗုဒ္ဓရေ နင့်သာသနာပဲဟေ့။
ကျွန်တော် ဒီလိုပြောပေမယ့် သူတို့ သဘောထားကြိးပြီး ကျွန်တော့်အတွေးတွေကို လက်ခံဆွေးနွေးမယ်ထင်လား ။
နဟိ လုံးဝ ကျွန်တော်အပြ်စသင့်ပြီး ပုဒ်မ ချမှတ်ခံရပြီး နန်းတစ်ခုစံရမှာပါ။ တယ်လည်း မဝံံ့ရဲ့တဲ့သာသနာပါ။ လေတိုက်တိုင်းတံခါးပိတ် လေကိုကျိန်ဆဲ တဲ့သာသနာပေါ့။ နင် ရှက်သင့်တယ် ဗုဒ္ဓရယ်။
ငါတို့က သံဃာတွေကွ သံဃာဆိုတာ မြင့်မြတ်တယ်တဲ့ ဘာနဲ့တိုင်းတာတာလဲ။ မေးပါရစေ။ ဖြေလိမ့်မယ်။ သမညလူတွေထက် သူတို့က ဘာတဲံ ဝိနယ စည်းမျဉ်းတွေကို ထိန်းသိမ်းစောင့်ရှောက်ရလို့တဲ့။လခွမ်းနဲ့မှပဲ ပြောကြေးဆို ဟိုးအနောက်တိုင်းက ခရစ်ယာန်တွေရဲ့ တောဘုန်းကြီးတွေကမှ ပိုတောင် ကြည်ညိုဖိုပကောင်းလိမ့်ဦးမယ်။ သူတို့တောင်သာသေး။ အော် ဗုဒ္ဓ နင့်သားတွေ ဖျင်တွေကျယ်နေတယ်ဟေ့။
ပြောသာပြောရပေမယ့် သူတို့က ပြင်ဆင်မယ်မရှိ ငါတို့မှန်တယ်ဆိုပြီး
တံခါးပိတ်ကျင့်သုံးကြပါလိမ့်မယ်။အော်ကြောင်သူတေ်ာကြွက်သူခိုး သာသနာတော်ပါလား။
ဆက်ပါဦးမည်။
LEONERE DEOLR
Comments
Post a Comment