Mat Foundation
Mat foundation ဆိုတာ raft foundation ပါပဲ။ အဆောက်အအုံဖောင်ဒေးရှင်းကို မြေကြီးထဲ အောက်ခြေတစ်ပြင်လုံး slab အပြားကြီး လုပ်ထားတာမျိုးပါ။ အဆောက်အအုံရဲ့ အလေးချိန်အားလုံးကို အဲဒီ ဖောင်ဒေးရှင်းအပြားကြီးက ထမ်းထားတာပါ။ technical အရ ပြောရရင် total building loads တွေက mat slab ကနေတစ်ဆင့် အောက်ကမြေကြီးထဲ transfer ဖြစ်သွားတယ်ပေါ့။ အဲဒီမှာ အပေါ်က ကျလာတဲ့ အဆောက်အအုံရဲ့ bearing pressure ထက် အောက်က ပြန်ပင့်တင်တဲ့ မြေကြီးရဲ့ bearing capacity က များနေရင် ပြီးတာပါပဲ။ ဥပမာအားဖြင့် … အဆောက်အအုံရဲ့ total load က အကြမ်းဖျင်း တန် ၅၀၀ လောက် ရှိတယ် ဆိုပါစို့။ mat footing က ၅၂ပေနဲ့ ၁၉ပေ ဆိုပါစို့။ အဲဒါဆို building bearing pressure က 500/(52x19) = 0.5 ton/sq.ft. လောက် ရှိမယ်။ soil bearing capacity က 1 ton/sq.ft. လောက်ဆို စိတ်ချရတယ် ဆိုပါမယ်။ bearing capacity က bearing pressure ထက် ၂ဆရှိလို့ Factor of Safety 2 လို့ ပြောလို့ ရပါမယ်။
ဘယ်အချိန်မှာ mat foundation ကို သုံးသလဲ ဆိုတာမှာ …
(၁) soil bearing capacity က နည်းနေလို့ ပုံမှန် footing ဒီဇိုင်းနဲ့ load transfer မလုပ်နိုင်တဲ့အခါ
(၂) အဆောက်အအုံရဲ့ ဘေးတိုင်တွေက ခြံစည်းရိုးနဲ့ တအားကပ်နေလို့ isolated footing တွေက တစ်ခုနဲ့တစ်ခု ထပ်ကုန်တဲ့အခါ
(၃) pile လို deep foundation လုပ်ဖို့ cost များတဲ့အခါ
(၄) ပုံမှန် footing pad တွေရဲ့ area က foundation area ရဲ့ 50% ထက် ကျော်တဲ့အခါ … စတဲ့အခြေအနေတွေမှာ mat foundation ကို သုံးပါတယ်။
Mat foundation အမျိုးအစားတွေ အမျိုးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ …
(1) Flat Plate Raft
(2) Plate thickened under coulmns
(3) Two way slab and beam
(4) Piled mat
(5) Rigid frame raft
(6) Cellular mat foundation တို့ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ အခု မန္တလေးမှာ တအားကြီး ရှုပ်ထွေးတဲ့ အဆောက်အအုံတွေ မလုပ်ဖြစ်တော့ flat plate raft လောက်ပဲ လုပ်ဖြစ်တာ များပါတယ်။ ဘယ်လိုနေရာလဲဆို basement မြေအောက်ခန်းပါတဲ့ အဆောက်အအုံတွေမှာပါ။ mat foundation slab က မြေအောက်ခန်းကြမ်းပြင် ဖြစ်သွားတာမှာ တော်တော် အဆင်ပြေပါတယ်။
အဲလို မြေအောက်ခန်းနဲ့ အဆောက်အအုံ mat foundation လုပ်ရာမှာ အင်မတန် အရေးကြီးတဲ့ အချက်က water proofing ပါ။ မြေကြီးထဲမှာ အခြေအနေ အချိန်အခါ အပေါ်မူတည်ပြီး ရေတွေရှိပါတယ်။ အဲဒီရေတွေက အဆောက်အအုံ ဖောင်ဒေးရှင်းက တစ်ဆင့် အဆောက်အအုံထဲကို စိမ့်ဝင်ပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် ကွန်ကရစ်က ရေမလုံပါ။ ရေစိမ့်ပါတယ်။ အဲလို ရေစိမ့်ဝင်မှု မရှိရလေအောင် ဖောင်ဒေးရှင်းအတွက် မြေတူးပြီးတဲ့အခါ water proof membrane ထည့်ရပါတယ်။ အဲဒီအပေါ် lean concrete ပါးပါးလောင်းရပါတယ်။ ပြီးတဲ့အခါ water proof membrane ကို အောက်ခြေရော ဘေးဖက်ပါ ထပ်ခင်းရပါတယ်။ အဲဒီအပေါ် သံချောင်းတွေဆင်ပြီး mat footing လောင်းရတာပါ။ water proof membrane က ရေစိမ့်ဝင်မှုသက်သက်အတွက် မဟုတ်ပဲ မြေအောက်ရေမှာပါတဲ့ chemical တွေက ဖောင်ဒေးရှင်းကွန်ကရစ်ကို ပျက်စီးစေတာမျိုးကိုလဲ ကာကွယ်ပေးပါတယ်။
အဲဒီထက် ပိုစိတ်ချချင်ရင် ဖောင်ဒေးရှင်း လုပ်နေတဲ့အချိန်မှာ အဆောက်အအုံဖောင်းဒေးရှင်းပတ်လည် perforated pipe ကို geotextile ပတ်ပြီး ထည့်ခဲ့လို့ ရပါတယ်။ perforated pipe က လိုအပ်တဲ့အချိန် မြေအောက်ရေတွေ စုပ်ယူဖို့ဖြစ်ပြီး geotextile က ပိုက်ထဲ မြေကြီးတွေ မဝင်စေဖို့ပါ။
Mat foundation တည်ဆောက်စဉ်မှာ သတိထားရမယ့် အရာတစ်ခုက uplift force ဖြစ်ပါတယ်။ uplift force ဆိုတာက basement ဟာ မြေကြီးထဲမှာ လှေကြီးတစ်ခုလို ဖြစ်နေတာပါ။ မိုးများတဲ့အချိန် မြေအောက်ရေတွေ ရှိတဲ့အခါ basement ဟာ float ဖြစ်လာပါတယ်။ အဲဒီမှာ အဆောက်အအုံကို အောက်က ပင့်တင်တဲ့ uplift force ရှိလာပါတယ်။ အဆောက်အအုံရဲ့ weight ကများလို့ အဲဒါကို စိတ်ပူစရာ မရှိဘူးဆိုတာမျိုး ရှိနိုင်ပေမယ့် စတင်တည်ဆောက်နေတဲ့ အချိန် basement လောက်ကာလမှာ အဆောက်အအုံရဲ့ အလေးချိန် မရှိသေးတော့ အဲဒီ uplift force က အန္တရာယ်တစ်ခု ပေးနိုင်ပါတယ်။ အဲဒါမျိုးကို ခုနကပြောတဲ့ perforated pipe တွေနဲ့ မြေအောက်ရေ စုပ်ထုတ်တာမျိုးနဲ့လဲ ကာကွယ်နိုင်ပါတယ်။
Kyithar Myint

Comments
Post a Comment