အမှား မှ အင်အားသို့


ကျနော်တို့တတွေဟာ တစ်ခါတစ်ရံမှာ လမ်းပျောက်တတ်ကြတယ် ။

အမှားတွေ လုပ်တတ်ကြတယ် ။ ဦးတည်ချက်တွေ မှားယွင်း တတ်ကြတယ် ။ ကိုယ့်အမှားတွေကို မသိယောင်ဆောင် ကိုယ်ကိုတိုင်ဘဲ လိမ်ညာတတ်ကြတယ် ။ ဒါတင်မက တခြားသူတွေကိုလည်း လိမ်ညာတတ်ကြတယ် ။

ကျနော်တို့အားလုံး အမှားတွေလုပ်ဖူးကြတယ် ။ ဘ၀ရဲ့ ဖြစ်တည်မှုမှာ အမှားတွေဟာ အကြောင်းပြချက် တတစ်ခု ဖြစ်လာတယ် ။

ဒီတော့ အမှားတွေကို ဘယ်လိုပြင်ဆင်ကြမလဲ ။

အမှားတွေကို ပြင်ဆင်လို့မရပါဘူး ။ အဲ့ဒီအမှားတွေကနေ အားဖြစ်အောင်သာ ပြောင်းလဲလို့ ရပါတယ် ။ ကျနော်တို့ လျှောက်နေတဲ့လမ်းတွေ ပျောက်ဆုံးသွားတာ ၊ အမှားတွေ လုပ်မိတာဟာ ဘ၀ရဲ့ ဆုံးရှုံးခြင်းဆိုတဲ့  အဓိပ္ပါယ် မဟုတ်ပါဘူး ။ကျနော်တို့ လုပ်လိုက်တဲ့ အကြောင်းအရာတစ်ခုပေါ်မှာ တုံ့ပြန်တဲ့ တုံ့ပြန်မှု တစ်ခုသာ ဖြစ်ပါတယ် ။

ကျနော်တို့ဟာ ရှင်သန်စဉ်ကာလတစ်ခုရဲ့ တစ်နေရာရာမှာ အမှားတွေနဲ့ ကြုံခဲ့ဖူးကြတယ် ။ ထိတွေ့ဖူးကြတယ် ။ တချို့အမှားတွေဟာ ပြင်ဆင်လို့ မရဘူး ဆိုပြီး စိတ်ပျက်အားလျော့ဖူးကြတယ် ။ ဒါဟာ ကျနော်တို့ ရွေးချယ်မိတဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ် ။ မှားယွင်း မှု တစ်ခု မဟုတ်ပါဘူး ။ ဥပမာ - လူတစ်ယောက် တရားရင်ဆိုင်ရတဲ့အခါ သူ့လုပ်ရပ်အတွက် သူပဲ တာ၀န်ခံရတယ်ဆိုတာ ပေါ်လွင်စေပါတယ် ။ ဒါဟာ ပြောင်းလဲခြင်း တစ်ခုပါ ။ သူ့ရဲ့ အမှားတစ်ခုကြောင့် ရလိုက်တဲ့ အမြတ်တစ်ခုပါ ။ လူတိုင်းမှာ ရှိသင့်တဲ့ တာ၀န်ယူမှု တာ၀န်ခံမှု  ကို ခံစားသိမြင်စေပါတယ် ။

အမှားတွေ မကောင်းဘူးဆိုတာ သံသယဖြစ်စရာမရှိပါဘူး ။ ဒါပေမဲ့ အဲဒီအမှားတွေကနေ သင်ယူမှု မပြုနိုင်ရင်တော့ ကိုယ်လုပ်မိတဲ့ အမှားထက် ပိုဆိုးသွားပြီလို့ သတ်မှတ်ရမှာပါ ။

ကိုယ်လုပ်လိုက်တဲ့ အမှားတွေကို လက်ခံပါ။ မငြင်းဆန်ပါနဲ့ ။ ကိုယ့်ရဲ့ အမှားတွေကနေ သင်ယူကြပါ ။ အမှားတွေကနေ အားအင်တွေ ယူလိုက်ပါ ။ ဒါဟာ ရှေ့ဆက်လျှောက်ဖို့ ပေးလိုက်တဲ့ သဘာ၀ရဲ့ အားအင်တွေပါ ။

ဖြိုးပြည့်

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )