Response Spectrum Analysis
ပစ္စည်းတွေမှာ Natural Frequency ဆိုတာရှိတယ်။ သူ့အလိုလို သဘာဝအတိုင်းဖြစ်နေတာ။
လူတဦးတယောက်စီမှာလည်း သူ့ရဲ့ ကိုယ်ပိုင် Natural Frequency ရှိတယ်။
ဒါက Advanced Seismic Analysis တွေရဲ့ အသက်ပဲ။
စာရှည်နေမှာစိုးလို့ လိုရင်းကိုပဲပြောတော့မယ်။ ဥပမာဗျာ ... လူတယောက်ရဲ့ ခန္ဓာကိုယ်က သူ့အလိုလို တုံခါနေတဲ့ ကြိမ်နုန်းရှိမယ်။
အဲ့တန်ဖိုးကို သိတဲ့သူတယောက်က အဲ့ကြိမ်နုန်းကို စက်ပစ္စည်းတခုခုနဲ့ ဖန်တီးပြီး လွင့်လိုက်မယ်ဆိုရင် အဲ့ခန္ဓာကိုယ်က အစနတောင် ရှာလို့ရမှာမဟုတ်တော့ဘူး။ တစစီဖြစ်သွားမှာ။
ငလျင်လုပ်တဲ့အခါမှာ အဆောက်ဦးရဲ့ ကိုယ်ပိုင် natural frequency နဲ့ ငလျင်ကြောင့်ဖြစ်လာတဲ့ လုပ်ရှားမှု့ earthquake motion frequency ချင်း တူလာလေလေ သို့မဟုတ် နီးစပ်လာလေလေ အဆောက်အဦးက အပျက်အစီးများလေလေပဲ။
ဒါကို Resonance လို့ခေါ်တယ်။ ဘယ်လိုနားလည်ရမလဲဆိုရင် ကြိမ်နုန်းချင်းနှစ်ခု ဆင်တူတာပေါင်းစပ်မိတဲ့အခါ အားပိုကောင်းတဲ့ ကြိမ်နုန်းအသစ်တခုထပ်ရတယ်။ ဥပမာ ... ကြိုးတချောင်းကို အစွန်းနှစ်ဖက် လူနှစ်ယောက်ကိုင်ပြီး တပြိုင်ထဲ ရမ်းတဲ့အခါမှာ ကြိုးက လိုင်းလေးတွေဖြစ်လာတယ်။ ရမ်းတာဆင်တူလေလေ အားကြီးလာလေလေ။ ဒါက Resonance ဘဲ။ အကယ်လို့ တယောက်က တအားရမ်းမယ် နောက်တယောက်က ဖြေးဖြေးရမ်းမယ်ဆိုရင် ကြေသွားမယ့်အပြင် ကြိုးက wave တွေနည်းသွားနိုင်တယ်။ ဒီလိုဆိုရင် frequency ချင်းမတူလို့ အားပိုကောင်းတဲ့ frequency တခု အသစ်မဖြစ်နိုင်ဘူး။
အဆောက်အဦး ငလျင်လုပ်တဲ့အခါ ရမ်းခါလေလေ လုပ်လေလေ ဒီ frequency နှစ်ခု တူလာလေလေ အပျက်စီးတွေ များလာလေလေ ဖြစ်မယ်။
အတိကျပြောရရင် damping တွေ Acceleration Respond spectra , Velocity Respond spectra, Displacement Respond Spectra စတာတွေထိပါ ပြောမှ ပြည့်စုံမယ်။
ချိန်သီးကို ကျွန်တော်က ကြိုးနဲ့ ဆွဲထားပြီးတော့ လွတ်ချလိုက်မယ်။ ဒါဆိုရင် ဟိုဖက်ရောက်လိုက် ဒီဖက်ရောက်လိုက်ဖြစ်မယ်။ ဘယ်ညာ ယိမ်းနေမယ်ပေါ့။ ဒီဖြစ်စဉ်ကို ခွဲခြားစိတ်ဖျာလိုက်ရင် ချိန်သီးရဲ့ velocity ရှိမယ်၊ acceleration ရှိမယ်၊ displacement ရှိမယ်။ ဘာလို့လည်းဆိုရင် ချိန်သီးက ရွေ့နေတာကိုး .... ။
ဒါပေမယ့် မျက်စိထဲ မြင်ကြည့်ပါ။ တသက်လုံး ချိန်သီးက လုပ်နေမှာမဟုတ်ဘူး။ ဘယ်ညာ ယမ်းရင်း ယမ်းရင်း ယမ်းရင်း နောက်ဆုံးမှာ ငြိမ်သွားမှာ။ ဒါဘာကြောင့်လည်းဆိုရင် damping ကြောင့်။ လောကမှာ damping zero ဖြစ်တဲ့ပစ္စည်းဆိုတာမရှိဘူး။ လုပ်နေတဲ့ပစ္စည်းက ငြိမ်သွားမှာဖြစ်သလို တသက်လုံးလုပ်နေတာလည်းမရှိဘူး။မြန်မြန်ငြိမ်သွားရင် damping ကောင်းလို့ပဲ။
ချိန်သီးကို အဆောက်အဦးလို့သာ မြင်ယောင်ကြည့်။ ငလျင်လုပ်တဲ့အခါ ဘယ်ညာရမ်းမယ်။ တချိန်ချိန်ကျရင် ငြိမ်သွားမယ်။ မငြိမ်တာ ကြာလေလေ ပြသနာရှိလေလေဘဲ။ ဘာလို့လည်းဆိုရင် displacement ရှိလို့။ ဥပမာ - ပေတံတချောင်းကို ထပ်ခါ ထပ်ခါ ခနဲ့ပြီး displacement ပေးလိုက်မယ်ဆိုရင် ကြိုးသွားမှာ။ ဒီတော့ damping ကောင်းရမလားမေးစရာရှိပြန်တယ် ။ ဒီလိုလည်းမဟုတ်ပြန်ဘူး။
ဥပမာ ... လူတယောက်ကိုတွန်းလိုက်တယ်။ သူက နဲနဲမှ မယိမ်းဘဲ တောင့်တောင့်ကြီးရှိနေတယ်ဆိုရင် တွန်းတဲ့အားအပြည့်ကို သူခံစားရမှာ။ တော်တော်နာမှာပေါ့။ အဲ့လိုမဟုတ်ဘဲ တွန်းတဲ့အခါ နဲနဲလေး အလိုက်သင့်လေး ယိမ်းပေးလိုက်မယ်ဆိုရင် အတွန်းခံရတဲ့အားက သက်သာသွားနိုင်တယ်။ ရှောင်သွားတာပေါ့။ အဆောက်အဦး ငလျင်လုပ်ခံရပြီဆိုရင်လည်း ဒီတိုင်းပြုမှုတယ်။ Flexible Building ဖြစ်လေလေ ကြိုက်လေလေ။ ဒါကို displacement ductility ratio နဲ့ဆုံးဖြတ်တယ်။
အဲ့တော့ အရမ်း damp လွန်းရင်လည်းမကောင်းသလို damp နဲလွန်းရင်လည်းမကောင်းပြန်ဘူး။ သူတို့နှစ်ခုကြားမှာရှိတဲ့ဟာက critical damping ပေါ့။
အခုကျတော်ပြောနေတာအကုန်လုံးက Response Spectrum Analysis တွေပါ။ ပြောသမျှ အကုန်မှန်လားဆိုတော့ မမှန်ဘူး။ မမှန်တာထက် မတိကျသေးဘူးလို့ပြောရမယ်။ ဘာလို့လည်းဆိုရင် damping ကြောင့် energy dissipation တွေကျန်သေးတယ်။ အခုပြောတဲ့အကြောင်းရာအားလုံးက တခုနဲ့တခု ချိတ်ဆက်ပြီး အလုပ်လုပ်တာပါ။ ဒါပေမယ့် အခုက နားလည်သွားအောင် ဥပမာပေးတာ။ အတိကျတိချင်ရင်တော့ စာဖတ်ကြည့်ပေါ့။
Aung Hla Min Naing
Comments
Post a Comment