နားလည်မိသော သံသရာ
တလောက ကံအကြောင်းကို ဇောက်ထိုး ဖြစ်အောင် ပြောပြီးပြီဆိုတော့ ခုတစ်ခါ အလှည့်ကျတာက သံသရာ။
သံသရာ ဆိုတာသည် ကျွန်တော့်အတွက်တော့ စက်ဝန်းတစ်ခုပဲ။ ဘယ်တုန်းကမှ အဖြောင့်အတိုင်း ဆွဲလာတဲ့ မျဉ်းကြောင်း တစ်ခု မဟုတ်ဘူး။
လူတွေက သံသရာကို စက်ဝန်းအားဖြင့် ပေါ့ပေါ့လေးပဲ နားလည်ထားကြပြီး မျဉ်းကြောင်းကဲ့သို့ အလေးအနက် ယူဆထားကြတယ်။
ဒီလိုမျိုး လူတွေ အနေနဲ့ မျဉ်းကြောင်းလို့ ယူဆထားတဲ့ အကြောင်း ဘယ်မှာ သိသာသလဲ ဆိုရင် သံသရာ အစကို လိုက်ရှာ လိုက်မေးနေကြတဲ့ လူတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ဟုတ်တယ် မှတ်လား။
ဆိုတော့ ဘယ်တုန်းကမှ သံသရာသည် မျဉ်းဖြောင့် တစ်ကြောင်းလို လက်ဆင့်ကမ်းလာတဲ့ သဘော မရှိဘူး။
သို့သော် ခြင်းလုံး ဆိုတဲ့ ကံလေးကို လူ တစ်ယောက်ကနေ တစ်ယောက် ခတ်ပြီး အပေးအယူ လုပ်နေတဲ့ ခြင်းဝိုင်း တစ်ဝိုင်းကဲ့သို့ သဘော သဘာဝ ရှိတယ်။ ဒါ မိမိ နားလည်တဲ့ သံသရာ။
ရှင်းရှင်းလေး ချိတ်ဆက်ပြရရင်.. အပင်ကနေ အောက်စီဂျင်ကို ထုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူရတာသည် မိမိရဲ့ ရှုထောင့်အရ အတိတ်ကံကြောင့် ဖြစ်လာရတဲ့ ရှင်သန်မှု ဖြစ်တယ်။
အခြားတစ်ဖက်မှာ လူကနေ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ပြန်ထုတ်ပေးရတာသည်လည်း အတိတ်ကံကြောင့် ဖြစ်လာသော ရှင်သန်မှု ဖြစ်တယ်။
အပင်နဲ့လူ ဒီလို တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ရှင်သန်ရေးအတွက် ထောက်ပံ့နေတာသည် စက်ဝန်း သံသရာ ဖြစ်တယ်။
သံသရာ ကို နားလည်ရင် လူဟာ သူ့ရဲ့ အဆုတ်တစ်ခြမ်းကဲ့သို့ အလုပ်လုပ်ပေးနေတဲ့ သစ်ပင်တွေကို ဘယ်တော့မှ ပေါ့ဆစွာ ခုတ်လှဲပစ်မှာ မဟုတ်။
လူတွေရဲ့ နေထိုင်မှုထဲကနေ သစ်ပင်တွေကို ဆွဲထုတ်လိုက်တဲ့အခါ အောက်စီဂျင် လိုအပ်မှုတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုလျှံမှုတွေ ဖြစ်လာစေတာသည် အလွန်ထင်ရှားတဲ့ ပြဿနာကြီး တစ်ခုပဲ မဟုတ်လား။
လူဆိုတာ အဲ့သလို တစ်ဖက်နဲ့ တစ်ဖက် အကျိုးပြုနေတာကို မမြင်တဲ့ အတ္တသမားတွေ။ ခံစားချက် ရဲ့ သားကောင်တွေ။ ဒီ အတ္တသမားတွေကြောင့် သံသရာဟာ အဝန်းအဝိုင်း ငယ်ငယ်လေးနဲ့ ရိုးရှင်းစွာ လည်ပတ်နေရမယ့် ကိစ္စကနေ အဆမတန် ကြီးထွား လာခဲ့ရတယ်။
ဘယ်တော့မှ သစ်ပင်နဲ့ ဆိုင်တဲ့ ငါတို့လို့ မမြင်ဘူး။ ငါတို့နဲ့ ဆိုင်တဲ့ သစ်ပင်လို့သာ မြင်တယ်။ ငါတို့နဲ့ ဆိုင်တဲ့ မြေတွေလို့ မြင်တယ်။ ငါတို့ရဲ့နိုင်ငံ၊ ငါတို့ရဲ့ မိသားစု၊ ငါတို့ရဲ့.. ငါတို့ရဲ့.. စသဖြင့် အဲ့သလို ပိုင်ဆိုင်မှု ရှုထောင့်တွေ တိုင်းဟာ ကိုယ်ရှင်သန်နေတဲ့ ကမ္ဘာအတွက် သံသရာ ကို အဆများစွာ ကြီးထွားလာခဲ့စေတယ်။
နောက်ဆုံး Global Warming ဖြစ်လာစေတဲ့အထိပဲ မဟုတ်လား။ ဆိုတော့.. ဒါ မိမိ နားလည်သော သံသရာ အယူအဆ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် မဟာဂေဟ စနစ်ဖြစ်ပါတယ်။
"ငါတို့နဲ့ ဆိုင်တဲ့ ကမ္ဘာ" ဆိုသော ရှုထောင့်က သံသရာကို ရှည်လျားစေပြီး သံသရာကို တိုစေလိုရင်တော့ "ကမ္ဘာနဲ့ ဆိုင်တဲ့ ငါတို့" လို့ လူသားတိုင်း ပြောင်း၍ မြင်နိုင်မှသာ ရပါလိမ့်မယ်။
#kyawnge

Comments
Post a Comment