Basement Construction
Basement Construction ဆိုတာနဲ့ Deep excavation ဆိုတာ တခါထဲ ထည့်စဉ်းစားဖို့ လိုပါတယ်။
Basement Construction အတွက်စဉ်းစားရမှာက ငါးမျိုးရှိပါတယ်။ အဲဒါတွေက
(၁) Type of Basement
(၂) Level of Basement
(၃) Stratigraphy and Ground water table
(၄) Earth Retaining System
(၅) Ground Water Control
(၁) Type of Basement
(၂) Level of Basement
(၃) Stratigraphy and Ground water table
(၄) Earth Retaining System
(၅) Ground Water Control
(၁) Type of Basement
သူက သုံးမျိုးရှိပါတယ်။
Drained Type,Tanked Type and Hybrid Type
သူက သုံးမျိုးရှိပါတယ်။
Drained Type,Tanked Type and Hybrid Type
Drained Type ဆိုတာက Basement ထဲကို မြေအောက်ရေတွေကို စီးခွင့်ပြုတယ်။အဲဒါတွေကို Vertical Strip Drain တွေကနေတဆင့် perimeter drain တွေထဲကို ဝင်ရောက်စေပြီး pump နဲ့စုပ်ထုတ်ပါတယ်။ ဒီအတွက် စွန့်ပစ်မယ့်ရေကို ရေမြောင်းတွေထဲကနေတဆင့် မြစ်ထဲကို မစွန့်မီမှာ treatment လုပ်ပေးဖို့လိုအပ်ပါတယ်။ အဲဒီ treatment cost က basement floor area ပေါ်မူတည်ပြီးနှစ်စဉ်ကုန်ကျစရိတ်အလွန်များပါတယ်။ ဒီအတွက် client ကို အကုန်ခံနိုင်ရဲ့လား မေးရမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့်တော့ မြေအောက်ရေမျက်နှာပြင်ဟာ basement floor အောက် အလွန်နိမ့်တဲ့နေရာမှာရှိပြီး seasonal fluctuation ကြောင့်တက်လာမယ့်ရေဟာလည်း floor အောက်ခြေမှာပဲ ရှိနေမယ်ဆိုရင် drained design ကို အသုံးပြုနိုင်ပါတယ်။နောက်တစ်ခုက မြေကြီးအမျိုးအစားက low permeability ဖြစ်ခဲ့ရင်လဲ ဒီ ဒီဇိုင်းကို သုံးဖို့ စဉ်းစားနိုင်ပါတယ်။
Drained Type ရဲ့ အားသာချက်က basement floor and wall thickness တွေက မြေအောက်ရေဖိအားကို ခုခံစရာမလိုလို့ သိပ်မထူပဲ ခပ်ပါးပါးပဲ ထားလို့ရပါတယ်။
Tanked Type
ဒီ ဒီဇိုင်းကတော့ Basement ထဲကို ရေလုံးဝမဝင်အောင် လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအတွက် floor နဲ့ wall ဟာ တေ်ာတေ်ာထူနိုင်ပါတယ်။ အတွေ့အကြုံအရ floor က ၅၀၀ မီလီမီတာ လောက် ထူနိုင်ပြီး၊ wall ကတော့ ၃၀၀ မီလီမီတာလောက်ထိ ထူနိုင်ပါတယ်။

အဲဒီအတွက် ကုန်ကျစရိတ်ပိုနိုင်တယ် ဒါပေမယ့် treatment cost for ground water ကတော့ ကုန်ကျစရာမလိုတော့ပါဘူး။ floor နဲ့ wall တွေ ရေလုံဖို့ waterproof concrete သုံးနိုင်သလို၊ joint တွေကိုလည်း water stop တွေနဲ့သေသေချာချာ ပိတ်ထားပေးဖုိ့ လိုပါတယ်။
Hybrid Type
ဒီ ဒီဇိုင်းမှာတော့ မြေအောက်ရေကို floor ကြမ်းခင်းကပဲ စိမ့်ဝေစေပြီး နံရံတွေကိုတော့ ရေစိမ့်မဝင်အောင် ဒီဇိုင်းလုပ်ထားပေးတာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် floor thickness ကိုလျော့ချနိုင်ပြီး wall thickness ကတော့ ပိုများသွားပါလိမ့်မယ်။
မြေအောက်ရေမျက်နှာပြင်က floor ကိုနည်းနည်းလောက်ပဲ ကျော်နိုင်တဲ့ အခါမျိုး (တစ်နည်းအားဖြင့်) မြေအောက်ရေ ဝင်နှုန်း နည်းတဲ့နေရာမျိုးတွေမှာ ဒီ ဒီဇိုင်းကို စဉ်းစားပါတယ်။

တစ်နှစ်လုံးစာ water treatment cost က သိပ်မပြောပလောက်ရင်တော့ client ကိုပြောပြပြီး Tanked နဲ့ Hybrid နှစ်မျိုးထဲက ကြိုက်ရာတစ်ခုရွေးနိုင်ပါတယ်။
တကယ်လို့ client က basement မှာ စိုထိုင်းထိုင်းဖြစ်နေလဲ ကိစ္စမ၇ှိဘူးဆိုခဲ့ရင်တော့ Hybrid type ကို ရွေးလိုက်ပါ။
တကယ်လို့ client က basement မှာ စိုထိုင်းထိုင်းဖြစ်နေလဲ ကိစ္စမ၇ှိဘူးဆိုခဲ့ရင်တော့ Hybrid type ကို ရွေးလိုက်ပါ။
(၂) Level of Basement
ဒါက သိပ်အရေးကြီးပါတယ်။ Basement များများထားတာ နေရာတကာမှာ မကောင်းပါဘူး။ မြေအောက်ရေနဲ့ ပိုနီးလာလေ ground water control အတွက် ထည့်စဉ်းစားရလို့ အပေါ်မှာ ပြောထားတဲ့ ဒီဇိုင်း သုံးမျိုးအရ အကုန်အကျပိုများနိုင်ပါတယ်။ နောက်တစ်ခုက earth retaining system မှာလည်း အပြောင်းအလဲတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် basement ၂ ထပ်ထက် ပိုနက်နက်တူးချင်တယ်ဆိုရင် client ကို သေချာမေးပါ။ တကယ်လိုအပ်ရဲ့လား။
(၃) Stratigraphy and Ground Water Table
မြေလွှာဖွဲ့စည်းပုံနဲ့ မြေအောက်ရေမျက်နှာပြင်က basement design အတွက် အရမ်းအရေးကြီးပါတယ်။ သဲဆန်တဲ့ မြေမျိုးလား၊ ရွံ့ဆန်တဲ့ မြေမျိုးလား၊ ဖို့ထားတဲ့ မြေကြီးလား ဆိုတာပေါ်မူတည်ပြီး earth retaining system က ပြောင်းသွားနိုင်ပါတယ်။ မြေအောက်ရေပြင် အနေအထားပေါ်မူတည်ပြီး Drained/Tanked/Hybrid တစ်ခုခုကို ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။
(၄) Earth Retaining System
မြေကြီးကို ဘယ်လို ထိန်းထားမလဲ ဆိုတာကတော့ Basement Construction မှာ အလွန်အရေးကြီးပါတယ်။ Earth Retaining System လို့ပြောလိုက်ရင် Deep Excavation တခါထဲ တွဲမြင်ရမှာ ဖြစ်ပါတယ်။ Braced Excavation ကို သုံးမလား၊ ဒါမှမဟုတ် pile and soil nailing system သုံးမလားဆိုတာက ဒီဇိုင်နာက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
(၁) Braced Excavation
Braced Excavation ဆိုတာက မြေကိုအဆင့်လိုက်တူးပြီး Waler and Strut တွေနဲ့ထောက်တာ ဖြစ်ပါတယ်။ sheet pile နဲ့တွဲသုံးလေ့ရှိပြီး အားလုံးက steel structure တွေချည်းပါပဲ။ Strut တွေကို Prestressed လုပ်ပြီးမှ မြေကြီးကို ဆက်တူးရမှာ ဖြစ်ပါတယ်။ အဲဒီမှာ စဉ်းစားရမှာက basement wall ဆောက်လာတာနဲ့ သက်ဆိုင်ရာ sheet pile တွေနဲ့ strut တွေကို အဆင့်လိုက်ဖြုတ်သွားရမှာဖြစ်ပါတယ်။ မဖြုတ်ခင်မှာ wall နဲ့ sheet pile ကြားမှာ Backfilling ကို သေချာလုပ်ပေးဖို့ လိုအပ်ပါတယ်။
တူးပုံတူးနည်းက
(၁) sheet pile တွေ အရင်ရိုက်ပါ။
(၂) ၁ မီတာလောက်ထိ မြေကြီးတူးလို့ရပါတယ်။ တစ်နည်းအားဖြင့် sheet pile တွေဟာ ၁ မီတာ cantilever ထားလို့ရပါတယ်။ ၁မီတာခွဲအထိ တူးလို့ရတယ်လို့ ဆိုပါတယ်။
(၃) strut တွေတပ်ဆင်ပါ။ Prestressed ပေးပါ။ အဲဒီမှ loss တွေကြောင့် သတ်မှတ်ထားတဲ့ Prestressed force ကို ချက်ချင်းမရတတ်ပါ။ pressure dial မှာ သတ်မှတ်ထားတဲ့ force ကိုပြနေလို့ ရပြီဆိုပြီး မရပ်လိုက်ပါနဲ့၊ ချက်ချင်းပြန်ကျပါတယ်။ အဲဒါကြောင့် ၅ %လောက်တော့ အပိုဆောင်းပြီး Preload ပေးပါ။
(၄) Waler ဆိုတာ Sheet pile တွေကို အလျားလိုက်ကပ်ထားတဲ့ horizontal member တွေဖြစ်ပါတယ်။ သူတို့နှစ်ခုကြားမှာ ဟနေတတ်ပါတယ်။ အဲဒီနေရာကို concrete လောင်းပါ။ C20 လောက်ရှိရပါမယ်။ အဲဒါကို concrete plug လို့ခေါ်ပါတယ်။
(၅) အဲဒါပြီးမှ နောက်တဆင့် တူးပါ။ အပေါ်က အဆင့် ၃ နဲ့ ၄ ကို ပြန်လုပ်ပါ။

strut တစ်ခုနဲ့တစ်ခုကြား spacing ကို ၃ မီတာအထိပဲ ထားတတ်ပါတယ်။ အကယ်၍များ မြေကြီး level က တဘက်နဲ့ တဘက် မတူခဲ့ရင် Struct တွေကို စောင်းထောက်ပေးဖို့ လိုအပ်ပါတယ်။
ပတ်ဝန်းကျင်မှာ construction site ရှိနေရင် သူတို့ဘက်က မြေကြီးတွေတူးတာကို သတိထားဖို့လိုပါတယ်။ Strut တွေကို Preload ပေးပြီးမှ တဘက်က မြေကြီးကို တူးချလိုက်ရင် အဲဒီဘက်က sheet pile ကို struct ကတွန်းပါလိမ့်မယ်။ ဒီအခါ တဘက်က မြေကြီးက ပြန်မတွန်းလို့ sheet pile က ကွေးသွားနိုင်ချေရှိပါတယ်။ ဒီအခါမှာ Intermediate struct တွေ ထောက်ပေးဖို့ လိုအပ်ပါတယ်။
ဒီငါးဆင့်လုံးမစခင်မှာ Water level နဲ့ ground settlement ကို monitor လုပ်မယ့် instrument တွေတပ်ဆင်ရပါမယ်။ အဲဒီကနေ water level ကို အမြဲတန်းမျက်ချေမပြတ် စောင့်ကြည့်နေရပါမယ်။ ေ၇ ကျသွားရင် မြေကြီးလဲ ကျသွားလို့ settlement ဖြစ်ပါတယ်။ site stability အတွက် ဒါတွေကို သိဖို့ အလွန်အရေးကြီးပါတယ်။
Sheet pile ရဲ့ anchorage depth ကလဲ လုံလောက်အောင်ရသင့်ပါတယ်။ မရခဲ့ရင် မရခဲ့တာတွေကို သတိထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ anchorage length အလုံအလောက် မရခဲ့ရင် sheet pile ဟာ Prestressed strut တွေက တွန်းတဲ့ဒဏ်ကြောင့် ကွေးလာနိုင်ချေရှိပါတယ်။
(၂) Pile and Soil Nailing System
ဒီ ဒီဇိုင်းမှာတော့ Pile သုံးမျိုးနဲ့ diaphragm wall ဆိုပြီး ရွေးခြယ်စရာရှိပါတယ်။ Soil Nailing System က Prestressed Strut တွေနဲ့ သဘောတရားခြင်းအတူတူပါပဲ။ Pile ရိုက်ပြီးတာနဲ့ Soil Nail ကို Install လုပ်ရတယ်။ ဒါမှသာ မြေကြီးတူးရင် pile တွေက ပြိုမကျမှာ ဖြစ်ပါတယ်။ soil nail ရဲ့ anchorage length က ၄၅ ဒီဂရီ မြေကြီးရဲ့ Failure plane ပြိုကျမယ့်မျက်နှာပြင်ကနေ စတိုင်းပါတယ်။ အဲဒါကလည်း မြေကြီးရဲ့ shear strength နဲ့ဆိုင်ပါတယ်။
(၁) Soldier Pile Wall
ဒီပိုင်အမျိုးအစားကတော့ တစ်ခုနဲ့တစ်ခုကြား ၁ မီတာ ကနေ ၃ မီတာ ခြားပြီး ရိုက်ပါတယ်။ မြေအောက်ရေက basement floor ထက်နိမ့်တဲ့ နေရာမျိုးနဲ့ မြေကြီးအမျိုးအစားက ရွံ့ဆန်တဲ့ မြေကြီးမျိုး cohesive soil မှာပဲ သုံးပါတယ်။ Drained Basement မှာ ဒီလို ပိုင်မျိုးကို သုံးပါတယ်။
သူ့ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ပုံမှာ ကြည့်နိုင်ပါတယ်။
သူ့ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ပုံမှာ ကြည့်နိုင်ပါတယ်။
(၂) Contiguous Pile
ဒီပိုင်အမျိုးအစားကတော့ ပိုင်တစ်ခုနဲ့တစ်ခု ကြားထဲက gap က ၇၅ မီလီမီတာလောက်ပဲ ရှိပါတယ်။ granular soil လို့ခေါ်တဲ့ သဲဆန်တဲ့မြေကြီးမျိုးမှာ သုံးပါတယ်။ မြေအောက်ရေကလည်း basement floor အောက်မှာ ရှိရပါမယ်။ spacing ဘာလုိ့စိပ်လိုက်တာလဲဆိုတော့ ရွံ့မြေကြီးလို သဲမြေကြီးက သူ့ဘာသာသူ မရပ်တည်နိုင်ပါဘူး။ပြိုကျတတ်ပါတယ်။ ဒါကြောင့် soldier pile လို ချဲမထားပဲ ခပ်စိတ်စိတ်ထားတာ ဖြစ်ပါတယ်။ Drained Basement မှာ ဒီလို ပိုင်မျိုးကို သုံးပါတယ်။

(၃) Secant Pile
ဒီပိုင်အမျိုးအစားကတော့ မြေအောက်ရေမြင့်တဲ့နေရာတွေမှာ သုံးပါတယ်။ သဲမြေကြီးတွေမှာ အသုံးများတယ်။ Basement က ၂ ထပ်ကျော်ရင် alignment မှန်မှန်၇အောင် ရိုက်ရခက်တယ်။ သူက hard soft နှစ်မျိုးရိုက်ရပါတယ်။ တစ်နည်းအားဖြင့် အဖိုနဲ့အမ ဖြစ်ပါတယ်။ဒီပိုင်တွေက တစ်ခုနဲ့တစ်ခုထပ်ပြီးရိုက်တာဖြစ်လို့ မြေအောက်ရေကို တားဆီးဖို့ အလွန်ကောင်းပါတယ်။ Tank Design and Hybrid Design Basement မှာ ဒီလိုပိုင်မျိုးကို သုံးပါတယ်။
ရိုက်ပုံရိုက်နည်းက
(၁) Guide Wall အရင် install လုပ်ရမယ်။
(၂) soft pile လို့ခေါ်တဲ့ unreinforced pile ကို တစ်ခုနဲ့တစ်ခု တော်တော်ခြားပြီး အရင်၇ိုက်ပေးရမယ်။
(၃) ကြားထဲမှာ hard pile လို့ခေါ်တဲ့ reinforced pile ကို လာပြီး ရိုက်တဲ့အခါ အဲဒါက soft pile တွေကို ထွင်းပြီးသွားရမယ်။ အဲဒီလို hard pile က cut လုပ်တဲ့ဒဏ်ကို ခံနိုင်ဖို့ soft pile ဟာ လုံလောက်တဲ့ strength ရှိရမယ်။
(၄) Capping Beam လောင်းပေးရမယ်။ ဒါမှ pile တွေဟာ တစ်ခုတည်းလို ဖြစ်သွားမှာပါ။ Group Effect ရမှာပါ။
(၅) Soil Nail တွေ install လုပ်ရမယ်။ Prestressed ပေးရမယ်။
(၆) shotcrete လုပ်ရမယ်။ ဒါမှ ညီညာတဲ့မျက်နှာပြင်ရမယ်။
(၇) အားလုံးပြီးလို့ Basement က လောင်းလာပြီဆိုရင် အဆင့်လိုက် soil nail တွေကို Stress release လုပ်ပေးရမယ်။ ဆွဲထုတ်စရာတော့မလိုပါ။ မြေကြီးထဲမှာ ဒီအတိုင်းထားခဲ့လို့ရပါတယ်။
ကောင်းကျိုးဆိုးပြစ်များကို ပုံမှာ ကြည့်ပါ။

(၄) Diaphragm Wall
D-Wall တွေကို ဘယ်လိုမြေကြီးအမျိုးအစားမှာမဆို သုံးနိုင်ပါတယ်။ မြေအောက်ရေမြင့်လဲ ကိစ္စမရှိပါ။ Basement level တွေအရမ်းများတဲ့ အခါမှာ ဒါကို သုံးကြပါတယ်။ သူလဲ Guide wall လိုပါတယ်။ fill material ရှိနေ၇င်၊ကျောက်တုံးကြီးတွေရှိနေရင် ရိုက်ရ အဆင်မပြေပါ။
ကောင်းကျိုးဆိုးပြစ်များကို ပုံမှာ ကြည့်ပါ။
ကောင်းကျိုးဆိုးပြစ်များကို ပုံမှာ ကြည့်ပါ။
5. Ground Water Control
Dewatering system က သုံးမျိုးရှိတယ်။
(၁) Pump and Sump
Sump လို့ခေါ်တဲ့ မြေတွင်းတူးထားပြီး ရေတွေကို အဲဒီကျင်းထဲရောက်အောင် လုပ်ရတယ်။ အဲဒီကနေတဆင့် ရေကို pump နဲ့စုပ်ထုတ်တယ်။ ဒီစနစ်ကို clay and hard rock ရှိတဲ့နေရာမျိုးတွေမှာ အသုံးများပါတယ်။ လူကြိုက်နည်းတဲ့အချက်တစ်ခုကတော့ ရေတွေအားလုံးကို sump ရှိရာကို ရောက်အောင်လုပ်ရင် construction site တစ်ခုလုံး wet ဖြစ်ပြီး stability ရှုထောင့်ကကြည့်ရင် မကောင်းပါ။

(၂) Deep Well Dewatering
မြေတူးထားတာက ၅ မီတာထက် နက်ခဲ့ရင် ဒီနည်းလမ်းကို သုံးပါတယ်။ ဒီနည်းလမ်းက အကုန်အကျနည်းပါတယ်။ အသံဆူညံမှုလဲမရှိသလောက်ပါပဲ။ Maintenance လဲ သိပ်လုပ်စရာမလိုပါ။ steel casing နှစ်ခုကို install လုပ်ပြီး ကြားထဲမှာ ကျောက်စရစ်တွေနဲ့ဖြည့်ပြီးရေကို pump နဲ့စုပ်တာဖြစ်ပါတယ်။ အပေါ်မှာ Holding tank တစ်ခုရှိနေဖို့လိုပါတယ်။

(၃) Well-point Spear system
သဲမြေကြီးတွေမှာ အသုံးများပါတယ်။ ၄ မီတာထက်မကျော်တဲ့ basement excavation မှာအသုံးများပါတယ်။။ Deep well dewatering system နဲ့မတူတာက ဒီနည်းလမ်းမှာ PVC ပိုက်တွေကို header pipe မှာ သွားချိတ်ထားတယ်။ pump ကနေ vacuum တစ်ခုကို ဖန်တီးပြီး လေနဲ့ရေကို well point လို့ခေါ်တဲ့ ပိုက်တွေတစ်ခုချင်းစီကနေ စုပ်ယူတယ်။ well point တွေရဲ့ spacing က ၁ မီတာကနေ ၃ မီတာ ထိ ရှိတတ်တယ်။
Ground Water Control က ရေးမယ်ဆို အတော်ကျယ်ပြန့်ပါတယ်။ နောက်မှ သူ့ချည်းသပ်သပ် ဆောင်းပါးတစ်ပုဒ်ရေးပါအုံးမယ်။

Secant Pile
https://www.youtube.com/watch?v=UF9FLUioZv8
https://www.youtube.com/watch?v=UF9FLUioZv8
Credit ပေးပါသည်။
ရေးသားသူ အမည်မသိပါ
Comments
Post a Comment