Yield Line Analysis ဆိုတာဘာကိုပြောတာလဲ ?


အပိုင်း (၁)

Yield Line Analysis for slab လို့မြင်လိုက်တာနဲ့ BE မှာသင်ခဲ့ရတဲ့ structure ကိုပြေးမြင်မိမှာပါ။ Yield line ဆိုတာ failure line ကိုပြောတာ ။ fracture line လိုင်းကိုပြောတာ။ slab တွေရဲ့ ပြတ်ထွက်သွားမဲ့ line ဒါမှမဟုတ် slab တွေ failure ဖြစ်ပြီး ပြိုကျမဲ့ line ပါ။ စာထဲမှာတော့ upper bound,upper limit လို့ရေးထားတယ် ။

yield line analysis for slab ဆိုတာ ဘာအတွက်လည်းဆိုရင် slab တွေအများဆုံး ထမ်းနိုင်တဲ့ moment ကိုရှာတာ ။ ဒါမှမဟုတ်ရင် Load ဘယ်လောက်ထမ်းရင် ကျိုးသွားနိုင်လည်းဆိုတာရှာတာ ။ RC သီအိုရီတွေထဲမှာ .... slab ရဲ့ အများဆုံးထမ်းနိုင်တဲ့ moment ကို ရှာတဲ့ formula ဆိုတာမရှိဘူး ။ တစ်ခုပဲတွက်လို့ရတယ် ။ ဘာနည်းလည်းဆိုတော့ yield line analysis for slab ဆိုတဲ့နည်းပါ။

ဒါဘာကိုအဓိကထားတွက်နေလည်းဆို collapse load ကိုရှာတာ ။ slab တွေရဲ့ အများဆုံး ထမ်းနိုင်တဲ့ moment ကိုရှာတာ။  slab တွေရဲ့  အများဆုံးထမ်းနိုင်တဲ့ load ကို တွက်တာ yield line မှာပဲရှိတယ်။ တခြား RC မှာသင်ခဲ့တဲ့ method တွေအကုန်လုံးက ဒါကိုမတွက်နိုင်ဘူး ။ သံချောင်းထည့်တာလောက်ပဲ တွက်နိုင်တယ် ။ slab က ဘယ်လောက် maximum ထိထမ်းမှာလည်းဆိုတာ တွက်လို့မရဘူး ။

Yield Line ရဲ့ အောက်မှာမှ တွက်တဲ့ နည်း ၂ ခုရှိတာ ။

ပထမတစ်ခုက Virtual Work Method ပါ ... နောက်တစ်ခုက Equilibrium Method ပါ

ဒီနှစ်ခုကတော့ ရှင်းရှင်းလေး ... slab တွေရဲ့ failure line ကိုဆွဲ ပြီးရင်ဘာနဲ့တွက်မလည်း virtual work ဆိုရင် virtual work method , equilibrium နည်းနဲ့တွက်မယ်ဆိုရင် equilibrium method ပေါ့ ။  တကယ်တော့ yield line ဆိုတာ fracture line ကိုဆွဲတာပဲ ၊ failure line ကိုဆွဲတာပဲ ။

slab တွေပြိုသွားရင် ဘယ်ရဲ့ လမ်းကြောင်းအတိုင်းကျိုးကျမလည်း ဆွဲလိုက်.... အဲ့ဒါ yield line ပဲ ။ ဆွဲပြီးသွားလို့ ဘယ်အတိုင်းတွက်မလည်းဆိုရင် ဒီ ၂ နည်းအတိုင်း စဉ်းစားပေါ့ ။ အဲ့ဒါကိုမှ method ထည့်ပြီးခေါ်လိုက်တာပဲ ။

RC မှာသင်ခဲ့တဲ့ One way slab, two way slab တွေအကုန်လုံးက yield line အတိုင်းပြိုမှာ ။ ဒါပေမဲ့ အများဆုံးထမ်းနိုင်တဲ့ load တွေ moment တွေကိုတော့ အဲ့ Theory တွေက မပေးနိုင်ဘူး ။ Yield line ကပဲ ပေးနိုင်တယ် ။

ဒါပေမဲ့ Yield line က ဘာဖြစ်လည်းဆိုတော့ သူက သူ့အတွက် အများဆုံးထမ်းနိုင်တဲ့ load ကိုစဉ်းစားထားတော့ crack တို့ deflection တို့လိုဟာမျိုးကိုတော့ ထွက်နိုင်မှာမဟုတ်ဘူး ။

crack တို့ deflection တို့ဆိုတာ elastic သဘောတရားအပေါ်မှာ မူတည်ပြီးတွက်တာ ။ အခု Yield line က ultimate အထိ စဉ်းစားထားတော့ crack တို့ deflection တို့ကိုတော့ cover မဖြစ်နိုင်ဘူး ။ ပြောချင်တာက yield line နဲ့တော့ ဒါတွေကိုမသိနိုင်ဘူး ။

ဘာကြောင့်ကွာတာလည်းဆိုရင် yield line ဆိုတာ နောက်ဆုံး ကျိုးသွားတဲ့ moment ထိကိုစဉ်းစားတာ ... သူက အများဆုံးပဲ .ဟိုး ဂိတ်ဆုံးထိ ရောက်သွားတာ ....

တကယ်တန်း crack နဲ့ deflection ဆိုတာ elastic stage မှာ အတွင်းမှာပဲ စဉ်းစားတာ ။ သူက ဒါတွေထက် အများကြီးကျော်သွားတယ် ... ။ ဒါကြောင့် ဒီတန်ဖိုးတွေတော့ မပေးနိုင်ဘူး ။ တွက်ပြီး ထွက်လာတဲ့အဖြေတွေက cover မဖြစ်နိုင်ဘူးပေါ့လေ ...

ပြောချင်တာက Yield line နဲ့ တွက်ပြီးထွက်လာတဲ့ slab ရဲ့ အများဆုံးခံနိုင်တဲ့ moment တန်ဖိုးတွေဟာ အမြင့်ဆုံး၊ အပြင်းထန်ဆုံးနဲ့ အများဆုံးပဲ ။ ဒါကြောင့် crack ဖြစ်တာ deflection ဖြစ်တာ စတဲ့ limit တွေအတွက်တော့ သူ့ရဲ့ တန်ဖိုးတွေက တော်တော်လေးပျော့တယ် ။ ဒီအတွက်တော့ အာမခံချက်တွေပေးနိုင်မှာမဟုတ်ဘူးပေါ့လေ...

Aung Hla Min Naing
အပိုင်း ၂ - Yield Line အတွက် အခြေခံယူဆချက်များ

Comments

Popular posts from this blog

မြန်မာ eBook များ

အမိုးဧရိယာ တွက်နည်း

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )