ကျတော်နှင့် Etabs အပိုင်း ( ၂ )



အခုရေးမယ့်အကြောင်းက တော်တော်လေးကို အဆင့်မြင့်ပါတယ် ။ ကျတော်က လွယ်လွယ်လေးရေးထားပေမယ့် တကယ့်ကိုအဆင့်မြင့်တဲ့အပိုင်းပါ ။ အဆင့်မြင့်တယ်ဆိုတာ ခက်ခဲတာကိုဆိုလိုတာမဟုတ်ပါဘူး ။ ခက်ခဲတဲ့အရာတိုင်းအဆင့်မမြင့်ပါဘူး ။ အသုံးဝင်တဲ့အရာကိုမှ အဆင့်မြင့်တယ်ခေါ်တာပါ ။

Etabs မှာ ခလုတ် ၃ ခုဘဲရှိတယ်

1. Modelling
2.Analysis
3.Design

Etabs ရဲ့ အလုပ်လုပ်ပုံက လူ့အုံးနှောက်ရဲ့ အလုပ်လုပ်ပုံနဲ့ဆင်တူတယ်။

ကျတော်တို့ ကိစ္စတစ်ခုကိုဖြေရှင်းဖို့ဆိုရင် အရင်ဆုံး ပုံဖော်ကြည့်ရပါတယ် ။ ပုံပေါ်လာပြီဆိုရင် ပြသနာတခုကို ခွဲခြမ်းစိတ်ဖြာရတယ် ။ ခွဲခြမ်းစိတ်ဖြာပြီးရင် မတူညီတဲ့ ပြသနာတစ်ခုခြင်းစီကို ဖြေရှင်းနည်းတွေ ထုတ်ပေးရတယ် ။

Etabs ရဲ့ အလုပ်လုပ်ပုံကလည်း ဒီအတိုင်းပဲ ။ အရင်ဆုံး ကျတော်တို့ဆောက်ချင်တဲ့အိမ်ကို ကွန်ပြူတာထဲမှာ အရင်ဆွဲရတယ် ။ ဒါကို Modelling လုပ်တယ်လို့ခေါ်ပါတယ် ။ ပုံဖော်လိုက်တာပေါ့ ။ အိမ်ပုံပေါ်လာအောင် beam size တွေ Column size တွေ Slab ပြင်တွေ ဆွဲပေးရတယ် ။ ဒါဆိုရင် အိမ်ပုံလေးတော့ပေါ်လာပြီပေါ့ ။

ခလုတ် နံပတ် ၂ အနေနဲ့ ကိုယ်ဆွဲထားတဲ့အိမ်ပေါ်ကို Load တွေတင်ပေးရတယ် ။ လူအသွားအလာများတဲ့နေရာတွေဆိုရင် များများတင်ပြီး နဲတဲ့နေရာဖြစ်တဲ့ လူနေအိမ်ဆိုရင်တော့ နဲနဲ တင်မှာပေါ့ ။

ကိုယ်တင်ထားတဲ့ Load တွေကို အိမ်ရဲ့အစိတ်ပိုင်းတွေက တစ်ယောက်နဲနဲစီယူကြမှာ ။ Beam ကလည်း ယူမယ် ၊ column ကလည်းယူမယ် Footing ကလည်း အသီးသီးယူကြမယ် ။ Beam တိုင်း ကိုယ်အချိုးကျခွဲဝေရတဲ့ Load တန်ဖိုးတွေ တူမှာမဟုတ်သလို Col တိုင်းလည်း တူမှာမဟုတ်ဘူး ။ ပြောချင်တာကဗျားးးး Load များများယူရမယ့် Beam ရှိသလို Load နဲတဲ့ Beam လည်းရှိမှာဘဲ ။ ဒီအဆင့်ကို Analysis လို့ခေါ်တယ် ။ အဆင့် ၂ ဒါမှမဟုတ် ခလုပ် ၂ ပေါ့ ။

ပြီးရင် Design လုပ်ရတော့မယ် ။ ဒါက ခလုပ်နံပတ် ၃ ။

ဘယ်လ်ုလုပ်မလည်းဆိုရင် တိုင်တွေဆီရောက်လာတဲ့ Load & Reaction တန်ဖိုးတွေကို ကြည့်ရမှာ ။ ဥပမာ ၈၀ ဖိုး ရောက်လာတယ်ဆိုရင် ၈၀ နဲ့ အဆင်ပြေမယ့် သံချောင်းထည့်ပေါ့ ။ တခြား beam တွေ slab ပြင်တွေလည်းဒီတိုင်းပါပဲ ။

ပြန်ပြောရရင်

1.Modelling
ပုံဖော်ရမယ် ။ Beam & Col size တွေ ခန့်မှန်းရမယ် အိမ်ပုံဖန်တီးရမယ်

2.Analysis
Load တွေတင်မယ် ။ တင်ထားတာတွေကို အိမ်ရဲ့အစိတ်ပိုင်းတွေဆီခွဲမယ် ။ အဲ့မှာ Bending moment တွေ shear force တွေ သိပြီ

3. Design
အဆင့် ၂ ကပေးတဲ့တန်ဖိုးတွေကိုကြည့်ပြီး သံချောင်းထည့်သင့်တာ size ကြီးသင့်တာတွေလုပ်မယ်

မှတ်ချက် ။ steel မှာဆိုရင်တော့ Auto Select ဆိုတဲ့ function ပါပါတယ် ။ ဆိုဒ်ကို သူ့ဟာသူ ရွေးသွားတာ။

နောက်အပိုင်း ၃ မှာ Beam size Col size ခန့်မှန်းနည်းတွေ ထည့်ရေးပါမယ်

Aung Hla Min Naing

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )