ကျွန်တော်နှင့် Etabs အပိုင်း(၁)



ဒါကိုရေးဖို့အတွက်ရေးသင့်မရေးသင့် အချိန်အတော်အကြာလေး ဆုံးဖြတ်လိုက်ရပါတယ် ။ ဒီလိုပါ တစ်ယောက်နဲ့တစ်ယောက်က အလုပ်လုပ်နေရတဲ့သဘောသဘာဝချင်း မတူသလို Etabs ပေါ်မှာထားတဲ့အမြင်တွေလည်း တူကြမှာမဟုတ်ဘူး ။ ကျွန်တော့အမြင်ဟာ negative အမြင်ဖက်ကို ပိုရောက်နေလို့ပါ ။ structural analysis and design software ဘဲ မကောင်းဘူးလားလို့မေးစရာရှိပါတယ် ။ ကျတော့အမြင်ကတော့ မကောင်းပါဘူး။ ကောင်းလွန်းလို့ကို မကောင်း ဖြစ်နေတာပါ ။ hand calculation နဲ့ လုပ်လို့ရတာတွေ အကုန် etabs မှာလုပ်လို့ရတယ် ။

ဆိုလိုတာက Etabs ကို ထုတ်တဲ့ CSI ကုမဏီက ငါတို့ etabs မှာရလာတဲ့အဖြေဆိုတာ အလကားရတာမဟုတ်ဘူးကွ ... မင်းတို့တွက်ခဲ့တဲ့ hand calculation တွေကနေ လာတယ်ဆိုတဲ့သဘောပဲ ။ ကျတော်တို့ ကျောင်းတွေမှာသင်ခဲ့တဲ့ method တွေ ဥပမာ effective depth ကိုရှာတာမျိုး steel area,As ကိုရတဲ့ equation တွေ ဒါတွေအကုန် Etabs မှာ ထည့်ထားပြီးပြီ ။ ကျတော်တို့သင်ခဲ့တဲ့ တွက်ခဲ့တဲ့ အရာတွေအားလုံးက Etabs သိနေတာနဲ့ယှဉ်ကြည့်ရင် ၁ % တောင်မရှိပါဘူး ။ Etabs က ကျတော်တို့ထက် အများကြီးသိတယ် ။ သူ့မှာ code သတ်မှတ်ချက်တွေ သံချောင်းဆိုရင် ဘယ်လောက် Maximun ထည့်ရမှာလည်း စတာတွေ နိုင်ငံအသီးသီး အဖွဲ့စည်းအသီးသီးက သတ်မှတ်ထားချက်တွေ နှစ်အလိုက် အဆင့်ဆင့်ပြောင်းလည်းလာတာတွေ သူ့ ဦးနှောက်ထဲမှာ Record တွေရှိပြီးသား ။

လက်တွေ့ကော် modifies လုပ်ပြီး ထွင်ထားတဲ့အရာတွေကော် ကုမဏီက အကုန် etabs ထဲကိုထည့်တယ် ။ etabs ရဲ့နောက်ကွယ်မှာ ပညာရှင်ပေါင်း မြောက်များစွာရှိတယ် ။ သူတို့တွေက ပြောင်းလဲလာတဲ့ construction method တွေကို အခြေခံပြီး သူတို့ software တွေထဲကို နှစ်အလိုက် update တွေပေးတယ် ။

ဥပမာ ၂၀၁၆ မှာ construction technology အသစ်ပေါ်တယ်ဆိုပါစို့  ၂၀၁၇ မှာ ထည့်သွင်းဖို့ စဉ်းစားထားပြီးသား ။

ဒါတင်ဘဲလားဆိုတော့မဟုတ်သေးဘူး ။ လုပ်ငန်းခွင်မှာရနိုင်တဲ့ materials တွေ structural steel ဆိုလည်း W section I section, China စက်ရုံထုတ် US စက်ရုံထုတ် စသဖြင့် အကုန် သူ့မှာရှိပြီးသား

အိမ်တစ်လုံးရဲ့ အစိတ်ပိုင်းတွေ ဥပမာ slab လား Roof လား ခေါင်မိုးလား လှေကားလား သူအကုန်သိတယ်

Light Weight Concrete နည်းပညာပေါ်လာတယ် ။ နောက်နှစ်ဆို Etabs ထဲထည့်ပြီ ။ ငလျှင်လုပ်တာနဲ့ပတ်သပ်တဲ့ ယူဆချက်တွေ ပြောင်းပြီ ။ စိတ်မပူပါနဲ့ နောက်တနှစ်ဆို Etabs ထဲ ထည့်ပြီးသား ။

etabs ရဲ့ ကုမဏီ CSI ကထုတ်တဲ့ SAFE ။ ဒါကတော့ foundation သီးသန့် ။ ကျတော်တို့က Etabs မှာ Foundation design လုပ်လို့မရဘူး ။ လုပ်ချင်ရင် SAFE ကိုကူးရတယ် ။ အပေါ်ကကျလာတာတွေရဲ့ အလေးချိန်ကို etabs ကနေရပြီ။ သူကနေ column တွေကတဆင့် force တွေကို SAFE ဆီပို့တာ ။ SAFE က foundation ဆက်လုပ်ပေါ့ ။

မထူးပါဘူး ပြောလက်စနဲ့ SAFE ပါတခါထဲ ဆက်ပြောလိုက်မယ်

SAFE မှာလည်း Foundation နဲ့ပတ်သပ်တာ အကုန်သိတယ် ။ မြေကြီးအမျိုးစားလား မြေကြီးနဲ့ ပတ်သပ်တဲ့ strength property တွေလား သူ့မှာ အကုန်ရှိတယ် ။ နည်းပညာတိုးလာတာနဲ့အမျှ တိုးလာတာကို ကုမဏီက အကုန် သူ့ software ထဲ့မှာပဲ ။

ဟိုးးး ပြီးခဲ့တဲ့ စာအုပ်တွေ construction technology တွေတောင် ကျတော်တို့လိုက်မမှီနိုင်တာ အသစ်ဝင်လာတဲ့ဟာတွေဆိုရင် ကျတော်တို့နဲ့ ဝေးပြီပေါ့ဗျာ

ကျွန်တော်ကိုယ်တိုင် Etabs နဲ့ အပြင်မှာ ဆောက်တဲ့အဆောက်အဦတွေကို ဆယ်ဂဏန်းနဲ့ချီ Run ခဲ့ဖူးပါတယ် ။ ပိုက်ဆံရတာတွေကော် မရတာတွေအပါဝင်ပါ။ ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေ စာသင်တိုက်တွေလည်းပါတယ် ။

Etabs ထဲမှာ ကိုယ်မသိတဲ့ ခလုတ်တွေအများကြီးပဲဗျ version မြင့်ရင်ပိုဆိုးတယ် ။

တခါတခါ Etabs က ကျတော်တို့သုံးနေတဲ့ scientific calculator နဲ့တူတယ် ။ သူ့မှာ solve လုပ်ဖို့ program တွေပါပြီးသား ။ calculator တွေကိုင်နေတာသာ နှစ်ချို့တော့မယ် ကျတော်တို့ အဲ့ထဲမှာပါတဲ့ function တွေအကုန်သိလားဆိုတော့ မသိဘူးလေ ဟုတ်တယ်မလား

ဒါဆိုရင် ကိုယ်မသိတာကိုမှတ်ထားပြီး သူ့ထဲပါတာတွေကို အပြင်မှာ ရှာပြီးလေ့လာကြည့်ပါလား လွယ်မယ်မထင်ဘူးနော်

etabs မှာလည်းဒီအတိုင်းဘဲ

ကိုယ်မသိတဲ့ ဆော့ဝဲကို မူတည်ထား  tools တွေကို target ထားပြီး လေ့လာဖို့ဆိုတာ ခင်ဗျားတို့တော့မသိဘူး ကျွန်တော်ကတော့ လုပ်မလို့မရဘူး လုပ်ကြည့်တယ် မရတာ

ဒီ series ထဲမှာ etabs အသုံးပြုပုံ တွေတော့ ကျတော်ရေးမှာမဟုတ်ပါဘူး အင်တာနက်မှာ ရေးထားတာတွေ အများကြီးရှိပါတယ် ရှာကြည့်ပါ

 နောက်ပိုင်းကျရင် beam col size ယူဆချက်တွေ ကျတော့ အလွယ်နည်းတွေကို ရေးပေးပါမယ်

Aung Hla Min Naing

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )