Types of Foundation


Foundation ကို တွက်တဲ့အခါ မှာ ယေဘူယျအားဖြင့်
1.Dead Load
2.Live load
3.Wind load
4.Earthquake load
5.Uplift force တွေနဲ့ design လုပ်ရပါတယ်။

🏗Foundation အမျိုးအစား အများကြီးထဲကမှ
1.Isolated or Single Footing
2.Combine Footing
3.Strip Footing
4.Mat Foundation
5.Pile Cap Foundation တို့က အသုံးများတဲ့Foundationတွေဖြစ်ပါတယ်။ ဘယ်Foundation ကိုသုံးသင့် လဲဆိုတာကတော့ Soil နဲ့ Loading ပေါ် မူတည်ပါတယ်။

🏗Foundation Area ကိုတော့ Superstructure Loading နှင့် Soil Bearing Capacity ကိုယူပြီးတော့ တွက်ရပါတယ်။ Footing Depth ကိုတွက်တဲ့အခါမှာတော့ Two Way Punching Shear and One Way or Beam Shear ဆိုပြီးနှစ်မျိုးကိုစဉ်းစားပေးရပါတယ်။ Two Way Punching Shear ကတော့ Column Face ကနေ d/2 အကွားအဝေးမှာ Shear Stress ဖြစ်ပြီး၊ One Way or Beam Shear ကတော့ Column Face ကနေ d အကွာအဝေးတွေမှာ ကိုယ်သုံးထားတဲ့ Footing Depth က အဲ့ဒီအကွာအဝေးတွေမှာ ဖြစ်တဲ့ Shear ကို ခံနိုင်အောင် တွက်ပေးရပါတယ်။

#Selection_of_foundation_for_building
---------‐-------------------------
🏗တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်ရာမှာ factor အကြောင်းအရာတွေ ရှိပါတယ်။ အဓိကတွေကတော့ soil condition မြေကြီးအနေအထားနှင့် Loads from building အဆောက်အအုံရဲ့ အလေးချိန်၊ ၀န်အား တို့ ဖြစ်ပါတယ်။

🏗Foundation ရဲ့ အဓိကတာဝန်က အဆောက်အအုံရဲ့ load တွေကို သက်ဆိုင်ရာ မြေကြီးက ကောင်းမွန်စွာ ထမ်းထားနိုင်ဖို့  တစ်နည်းအားဖြင့် column တိုင်(သို့မဟုတ်) wall နံရံက ကျလာတဲ့ အလေးချိန် force အားတွေကို အောက်မှာရှိတဲ့ မြေကြီးထဲကို အန္တရာယ်မရှိပဲ spread ဖြန့် ဆင်း ၀င်သွားနိုင်ဖို့  ဖြစ်ပါတယ်။ အဲဒါကြောင့် အခြေခံအကျဆုံး isolated footing သို့ မဟုတ် pad footing ကို spread footing လို့  ခေါ်တာ ဖြစ်ပါတယ်။

🏗Soil condition ကို သက်ဆိုင်ရာ soil test result တွေအရ သိနိုင်ပါတယ်။ soil result မှာ သက်ဆိုင်ရာ အနက် depth တွေအလိုက် bearing capacity မြေကြီးရဲ့ခံနိုင်ရည်အားတွေ တွေ့ ရပါမယ်။ အပေါ်ယံ မြေကြီးအလွှာတွေမှာ ကောင်းမွန်တဲ့ soil bearing capacity ရှိမယ်၊ အဲဒီ bearing capacity က အဆောက်အအုံရဲ့ တိုင်က ကျလာတဲ့ load ကို ထမ်းမ ထားနိုင်တဲ့ ခံနိုင်ရည်အားလဲ ရှိမယ်ဆိုရင် foundation ကို သိပ်အနက်ကြီး တူးစရာ မလိုတဲ့အတွက် shallow foundation တိမ်တဲ့ဖောင်ဒေးရှင်း ဖြစ်ပါမယ်။

🏗Shallow foundation ရဲ့ အခြေခံအကျဆုံးကတော့ isolated footing ပါ။ Isolated footing ရဲ့အခြေခံ သဘောတရားက ဥပမာအားဖြင့် soil test result အရ မြေကြီးအနက် ၆ပေမှာ bearing capacity 10 tons/sq.m ရှိတယ် ဆိုပါစို့ ။ column တိုင်က ကျလာတဲ့ Load က 10 tons ရှိတယ် ဆိုပါက footing depth 6 feet နှင့် footing pad ရဲ့ size က 1 sq.m ထက်ကြီးရမယ်လို့  အကြမ်းဖျင်း စဉ်းစားလို့ ရပါတယ်။  Isolated footing တွေ နေရာအထားအသိုမှာ spacing နီးတာမျိုး မြေကွက်အနေအထားအရ column တိုင်က footing pad နှင့် alignment မကျတာမျိုးတွေမှာ ဒီဇိုင်းလိုအပ်ချက်အရ footing pad တွေကို တစ်ဆက်ထဲသော pad အဖြစ်နှင့် ပုံစံထုတ်ရာက combined footing တွေ ရလာပါတယ်။

🏗တစ်ခါတစ်လေမှာ footing pad တွေ ထိစပ်မနေပေမယ့် ဒီဇိုင်းလိုအပ်ချက်အရ pad သို့ မဟုတ် column ကို strap beam နှင့်ဆက်ပြီး တစ်ပေါင်းတစ်စီးထဲ ဖြစ်စေရာက strap footing တွေ ရပါတယ်။
Soil bearing capacity နှင့် building loads တွေအရ footing pad size များ ကြီးလာပြီး တစ်ခုနှင့်တစ်ခုဆက်သွားတဲ့အခါ footing pad တွေက slab ပြင်တစ်ခုလို ဖြစ်သွားရာက mat foundation သို့ မဟုတ် raft foundation ဖြစ်လာပါတယ်။ mat ဆိုတာ ဖျာဖြစ်ပြီး raft ဆိုတာက ဖောင် ဖြစ်ပါတယ်။ တကယ်လဲ ဖျာတစ်ချပ်နှင့်တူပြီး မြစ်ရေပြင်မှာ ဖောင်လို ပေါ်နေလို့  နာမည်နှင့် သဘောတရားနှင့် လိုက်တယ် ပြောရပါမယ်။

🏗တည်ဆောက်မယ့် အဆောက်အအုံအတွက် foundation ချရာမှာ earthwork excavation ကို foundation အနက်အထိ တူးရတဲ့ အတွက် shallow foundation ကို open foundation လို့ လဲ ခေါ်ပါတယ်။
တစ်ကယ်လို့  အဆောက်အအုံဆောက်မယ့် မြေကြီးက သင့်တော်တဲ့ အနက်မှာ အဆောက်အအုံရဲ့ load တွေကို ထမ်းမ ထားနိုင်တဲ့ soil bearing capacity မရှိဘူး။ ဒါမှမဟုတ် အဆောက်အအုံက high-rise လိုမျိုး အထပ်မြင့်အဆောက်အအုံဖြစ်လို့  building loads က တအားများမယ် ဆိုတဲ့အချိန်မှာ shallow foundation နှင့် မရတော့ပါဘူး။ အဲလို အပေါ်ယံအလွှာမှာ bearing capacity မကောင်းတဲ့ မြေကြီးရဲ့ အောက်အနက်တစ်နေရာမှာ bedrock လို ခေါ်တဲ့ အောက်ခံကျောက်အလွှာကြော ရှိတတ်ပါတယ်။

🏗မာကြောတဲ့ အဲဒီအလွှာထိရောက်အောင် ဖောင်ဒေးရှင်းအတွက် ထောက်မမယ့် ကွန်ကရစ် pile တိုင်ကို ရိုက်သွင်းလို့ သော်လည်းကောင်း bore တွင်းတူးပြီး ကွန်ကရစ် pile လောင်းခြင်းဖြင့် ပြုလုပ်ရာက pile foundation ဖြစ်လာပါတယ်။ အဲဒီလို အောက်ခံအမာကြောအထိ ထိအောင်ပြုလုပ်တဲ့ pile ကို end bearing pile လို့ ခေါ်ပြီး အောက်ခံအမာကြောအထိ မရောက်သော်လဲ မြေသားနှင့် pile နှင့် ထိစပ်မှု friction ပေါ်မှာ အားပြုတဲ့ pile တွေကို friction pile လို့ ခေါ်ပါတယ်။ အဲဒီ pile တွေထိပ်မှာ pile cap လုပ်ရာက  isolated footing ရဲ့ footing pad သဘော ဖြစ်သွားပါတယ်။ pile cap တစ်ခုမှာ pile အရေအတွက် တစ်ခုလဲ ဖြစ်နိုင်သလို အများလဲ ဖြစ်နိုင်ပါတယ်။ အဲလို မြေအောက်အနက်ထဲအထိ ချရတဲ့အတွက် pile foundation ကို deep foundation လို့ ခေါ်ပါတယ်။
တစ်ခါတစ်လေမှာ bearing capacity ကလဲ နည်း၊ building load ကလဲ သိပ်ကြီးမားပါက pile တွေလဲအများကြီးရိုက်ရ pile cap တွေက တစ်ခုနှင့် တစ်ခုနှင့် ထိစပ်သွားရာက mat ဖြစ်သွားပြီး pile raft foundation  ဖြစ်လာပါတယ်။

🏗အဲဒါကြောင့် တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ foundation ရွေးချယ်ရာမှာ soil condition နှင့် building loads တွေကို ကြည့်ပြီး ရွေးချယ်နိုင်တာတွေကတော့
Shallow foundation အနေနှင့်
(1) Spread footing or isolated footing or pad footing
(2) Combined footing
(3) Strap footing
(4) Raft or mat foundation

🏗Deep foundation အနေနှင့်
(1) Pile foundation
(2) Pile raft foundation တို့ ဖြစ်ပါတယ်။
ဒါတွေက အခြေခံအားဖြင့် စဉ်းစားမိသလောက်ပါ။ တခြားနည်းလမ်းတွေလဲ ရှိနိုင်ပါသေးတယ်။

ပုံတွင် Function of Beam, Column and Slab နှင့် Types of  Foundation and Typical Detail တို့ကို ဖော်ပြပေးထားပါတယ်။

Credit>>SayarKyiTharMyint

Comments

Popular posts from this blog

မြန်မာ eBook များ

Standard Army ဆိုင်ရာ....

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )