ETABS Result နဲ့ပတ်သတ်သမျှ အယူဆ အမှားများ
အဆေအဆောက်အဦးတစ်လုံး Structural Design လုပ်ဖို့ဆိုရင် ဒီခေတ်ကြီးမှာ မခက်တော့ပါဘူး။ software ကို ကောင်းကောင်းအသုံးချတတ်ရုံနဲ့ရပါတယ်။ စာဖတ်နေကျလူတောင် သူတကယ်တန်း structure လုပ်ပြီဆိုရင် hand calculation မတွက်ပါဘူး။ စက်နဲ့သာ Run ပါတယ်။ ဘာကြောင့်လည်းပေါ့။ မလွယ်ကူလို့ပါ။ တိတိကျကျလုပ်မယ်ဆိုရင်ပေါ့။ ဖြစ်သလိုကတော့ ဘာမှတောင် တွက်စရာမလိုဘူး။ column ဆို ၂ % လောက်ကို မှန်းထည့်။ Beam ဆိုလည်း 16 mm လေး အပေါ် ၃ လုံး အောက်၃လုံးထည့် ။ စသဖြင့်လျှောက်ထည့်လို့ရသလိုရှိပေမယ့် ဒါတွေက တိတိကျကျလုပ်တာလောက်တော့ မှန်မှာမဟုတ်ဘူး။ Gravity နဲ့ Lateral ပါလာတာနဲ့တောင် သံချောင်းဆိုဒ်ထွက်တာချင်းမတူပါဘူး။ Seismic Load တွေပါထည့်ပြီဆိုရင် သံချောင်းတွေက gravity only ထက် အများကြီး သံချောင်းတွေ ပိုများပါတယ်။ ဒါကြောင့် seismic resistance building, wind resistance building ဆိုတဲ့ ခေါင်းစဉ်တပ်ဖို့ဆိုရင် တော်တန်ရုံ ကုန်ကျစရိတ်နဲ့တော့ မရနိုင်ပါ။ တချို့တွေကရှိသေးတယ် သက်သာချင်လို့ စက်နဲ့ run ပါတယ်ဆိုမှ ကုန်ကျစရိတ်က ပိုများနေပါလားပေါ့။ မှန်ပါတယ်။ စက်နဲ့လုပ်ရင် ကုန်ကျစရိတ်ကို အမြဲတမ်းပိုပါတယ်။ ဘာလို့လည်းဆိုရင် လူမစဉ်းစားနိုင်တာတွေကိုပါ စက်က စဉ်းစားပြီးလုပ်ပေးနိုင်လို့ပါ။ ဥပမာ... ဒီအဆောက်အဦးက ဘယ်လိုနည်းနဲ့ ပြိုကျနိုင်သလည်းဆိုတာကို လူထက် စက်က အများကြီး ပိုစဉ်းစားပေးနိုင်တယ်။ ပြိုကျနိုင်ခြေတွေများလေလေ သူက မပြိုကျအောင် steel area တွေ အမျိုးအမျိုးပေးတယ်။ ဥပမာ- load combination ၂၆ ကြောင်း ရှိတယ်ဆိုပါတော့။ ပြိုကျနိုင်ခြေက ၂၆ ခုရှိတယ်။ ဒီ ၂၆ ခုထဲမှာ လူက အကုန်တွက်နိုင်ပေမယ့် တကယ်တမ်းအချိန်ကြောင့် သူလုပ်နိုင်တာ ၂ ခုလောက်ပဲရှိမယ်။ လူက ဒီ ၂ခုကိုယူပြီးတွက်လိုက်တာ သံချောင်း Area က A unit^2 ရတယ်ဆိုပါတော့။ ဒါပေမယ့် စက်က တခြား failure တွေက အဲ့ထက်များနိုင်လို့ သံချောင်း Area က B unit^2 ရတယ်။ ဒီတော့ လူနဲ့တွက်တာထက် စက်နဲ့တွက်တာက သံချောင်း area ပိုများသွားတယ်။
ဥပမာ... အမေက ခရီးထွက်ဖို့ ငွေ ငါးသိန်းပေးလိုက်တယ်။ သူက အဲ့ခရီးကို တခါမှမသွားဖူးဘူး။ သူထင်တာက စားစရိတ်ရယ်၊ ကားခရယ် ၊ ဟော်တယ်ခရယ် ဒီလောက်ဘဲ ကုန်မယ်ထင်တာ။ ဒါပေမယ့် တကယ်သွားဖူးတဲ့သူက ဘာပြောလည်းဆိုရင် ၅ သိန်းနဲ့မလောက်ဘူး။ ဟိုသွားရင် မဖြစ်မနေ အခွန်ဆောင်ရတာတို့၊ ဝင်ကြေးပေးရတာတို့ တခြားအသုံးစာရိတ်တွေပါရှိသေးတယ်လို့ပြောတယ်။ အမေဖြစ်သူက သူက ဒါတွေမမြင်နိုင်ဘူးလေ။ structure ကို ကွန်ပြူတာနဲ့လုပ်တာနဲ့ စက်နဲ့လုပ်တာရဲ့ ကွာခြားချက်ကလည်း ဒါတွေဘဲ။ လက်နဲ့လုပ်ရင် တခြား failure တွေကို လူက မမြင်နိုင်တာမျိုးတွေရှိတယ်။ ဒီအတွက် သံချောင်းက ပိုတယ်။ ဒါကြောင့် အဆောက်အဦးတခုက မပြိုအောင် များများစဉ်းစားလေလေ များများပိုကုန်လေလေပါ။
၅ ထပ်တိုက်တစ်လုံးကို Element တွေ ဖြုတ်လိုက်မယ်ဆိုရင် Equation ပေါင်း သောင်းနဲ့ချီတွက်ပါတယ်။ Matrix ပေါင်းကလည်း သိန်းနဲ့ချီပါ။ လူအနေနဲ့ဆိုရင် ဒီတွေကို ရှင်းဖို့မလွယ်ကူတော့ဘူး။ သင်္ချာ equation လေးတစ်ကြောင်းတောင်မှ မနည်းရှင်းရတာ ။ ဟိုးအရင်ကတော့ Approximate Method တွေကိုသုံးကြပါတယ်။ ဥပမာ-- Portal Frame Method, Cantilever Method, Column Analogy စသဖြင့်ပေါ့။ အဆောက်အဦးတစ်လုံးကို design လုပ်တာတောင် နှစ်နဲ့ချီပြီးကြာတယ်။ ဒါတောင် Team အနေနဲ့လုပ်ရတာ။
အခုနောက်ပိုင်းစက်တွေပေါ်လာတော့ တချို့ ဆို အပြင်မှာ အလုပ်လုပ်နေတဲ့ structural engineer တွေဆိုရင် စာတောင် မေ့နေပါပြီ။ စက်ထဲမှာ ပုံစံဆောက်၊ Load တင်၊ Run အဖြေကိုကြည့်၊ သံချောင်းတွေဆိုဒ်ရွေး စသဖြင့်ပေါ့။ ဒါတွေက Daily လိုဖြစ်နေတာ။ နေ့စဉ်နေ့တိုင်း စာမဖတ်ဘဲနဲ့ ဒါတွေမှတ်မိနေတယ်ဆိုရင်တော့ တကယ့်ကို Genius ပေါ့။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ စာတော့ မေ့ပါတယ်။
အပြင်မှာတော်တော်များများက ETABS ကနေ ထွက်လာတဲ့ steel area တွေကို မျက်လုံးနဲ့ ကြည့်ပါတယ်။ ဒါက မမှန်ပါ။ ဘာလို့လည်းဆိုရင် စက်က Steel Minimum တန်ဖိုးတွေကိုမပြပါဘူး။ သူတို့ပြတဲ့ဟာက As Minimum ထဲလည်း နည်းသွားနိုင်တယ်။ အဲ့လိုဆိုရင် As minimum ကိုဘဲယူရပါမယ်။ ဒါကလည်း တွက်ကြည့်မှ သိတာ ။ စက်ကတော့ အရှိအတိုင်း လိုအပ်သလောက်ဘဲ ထုတ်ပေးလိုက်မှာဘဲ။ ပြီးတော့ Column မှာ ၁၂ လက်မ ပတ်လည်တိုင်ဆိုရင် ကိုယ် load တင်ထားတာနည်းရင် 1% steel ratio ထွက်ပါတယ်။ 1.44 ဆိုပြီး သွားသုံးလို့မရပါ ။ နဲနဲလေးတော့ ကိုယ့်ဟာကိုယ် judgement လုပ်ပြီး ပိုထည့်ပေးရတယ်။ stirrups တွေဆိုရင်လည်း သူတို့သတ်မှတ်ထားတဲ့ spacing တွေနဲ့ယူမယ်ဆိုရင် လုံး၀ကို မရှိသလောက် စိတ်သွားပါတယ်။ တချို့နေရာတွေဆို ၂ လက်မ ၃ လက်မ တွေဖြစ်ကုန်တာ။ အဲ့အတိုင်းကြီးကြတော့လည်း အကုန်လုံးကို သွားထည့်ပြန်လို့လည်းမရပြန်ဘူး။
Beam တချောင်းမှာဆိုရင် သံချောင်း area ကို ၆ မျိုးပြတယ် ( flexural reinforcement)။ အပေါ်က ၃ ခု အောက်က ၃ ခုပါ။ ဒီ ၆ မျိုးစလုံးက Load Combination တူချင်မှတူတာပါ။ လူနဲ့ဆိုရင် ဒီလို control ဖြစ်တဲ့ဟာကို လိုက်ရှာနေမယ်ဆိုရင် ၂ ထပ်တိုက်လေးတောင် ၃ နှစ်လောက် ကြာသွားနိုင်ပါတယ်။ ဒီအပိုင်းမှာကတော့ ပြောချင်တဲ့ဟာကို intro ဝင်တာပါ။ နောက်ပိုင်းကျရင် excel spreadsheet နဲ့ ဘယ်လိုတွက်ရမလည်းဆိုတာ ပြောပါမယ်။
Aung Hla Min Naing
Comments
Post a Comment