Electoral College ဆိုတာ
အမေရိကန် သမ္မတကို ပြည်သူကနေ တိုက်ရိုက်ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တယ်လို့ အချို့က ယူဆနေကြပါတယ်။
ဒါကြောင့် 2004 November လထုတ် American Mosaic Magazine မှာ Electoral College အကြောင်း ရေးထာတာကို ဖော်ပြလိုက်ပါတယ်။
-
Electoral College
သမ္မတရွေးချယ်ရေးအဖွဲ့
When Americans vote for president and vice president, their votes will not go to the candidates.
အမေရိကန် သမ္မတနှင့် ဒုသမ္မတတွေကို ရွေးချယ်ရာမှာ တိုက်ရိုက် ဆန္ဒမဲပေးပြီး မရွေးချယ်ရပါဘူး။
Instead, Americans vote for electors to represent them in what is known as the Electoral College.
အဲဒီအစား သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College) လို့ လူသိများတဲ့ တစ်ဆင့်ခံရွေးချယ်သူများကို သူတို့ကို ကိုယ်စားပြုရန် မဲဆန္ဒပေး ရွေးချယ်ပါတယ်။
The founders of the nation thought appointed representatives should make the choice.
သမ္မတကို ရွေးချယ်ရန် တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်များမှ တစ်ဆင့် ရွေးချယ်တင်မြှောက်သင့်တယ်လို့ နိုင်ငံကို စတင်တည်ထောင်သူများက ယူဆခဲ့ကြတယ်။
They saw this as a compromise between having Congress elect a president and having the people do it directly.
ဒီလို ရွေးချယ်ခြင်းဖြင့် လူထုမှ တိုက်ရိုက်ရွေးချယ်စေခြင်းနှင့် Congress လွှတ်တော်များ သမ္မတကို ရွေးချယ်စေခြင်း နည်းလမ်းနှစ်သွယ်အကြား အငြင်းပွားမှုကို ဖြေလျော့စေနိုင်တဲ့ နည်းလမ်းအဖြစ် သူတို့က ထင်မြင်ခဲ့ကြတယ်။
They borrowed an idea from the ancient Holy Roman Empire.
ရှေး သာသနာစောင့် ရောမ အင်ပါယာ (Holy Roman Empire) ခေတ်က အယူအဆကို ယူငင်သုံးစွဲခဲ့ခြင်းဖြစ်တယ်။
Back then, a number of princes of German states acted as electors of the king.
အဲဒီခေတ်ကဆိုရင် သာသနာစောင့် ရောမ အင်ပါယာမှာ ဘုရင်ကို ဂျာမန် မင်းညီမင်းသားတစ်စုက ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
[မူလ ရောမ အင်ပါယာ မဟုတ်ပါ။ အလယ်ခေတ် သာသနာစောင့် ရောမ အင်ပါယာခေတ်ကို ဆိုလိုပါတယ်။ ]
The term ''college" comes from Latin.
"College" ဆိုတာ Latin ဘာသာစကားမှ ဆင်းသက်လာတာပါ။
It can mean any group of people who act together for a common purpose.
ဘုံရည်ရွယ်ချက် တစ်ခုခုအတွက် စုပေါင်းဆောင်ရွက်တဲ့ လူအုပ်စုလို့ အဓိပ္ပါယ်ရပါတယ်။
The Constitution talks about "electors," but never uses the term "electoral college."
အခြေခံဥပဒေမှာတော့ ရွေးချယ်သူများ (Electors) လို့သာ သုံးပါတယ်။ Electoral College လို့ မသုံးပါဘူး။
Yet Americans were calling it that by the early eighteen hundreds.
သို့သော် ၁၈၀၀ ကျော် နှစ်များကတည်းက အမေရိကန်ပြည်သူများက Electoral College လို့သာ ခေါ်ဆိုခဲ့ကြပါတယ်။
Different states have different laws on the appointment of electors.
ပြည်နယ်တွေမှာ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်များကို ခန့်အပ်ရန် မတူကွဲပြားတဲ့ ဥပဒေတွေ ရှိကြပါတယ်။
But political parties often nominate people to recognize their service to their party.
ဒါပေမယ့် တစ်ခါတစ်ရံမှာ သူတို့ပါတီအတွက် ရွေးချယ်ရေးအဖွဲ့ဝင်ကို နိုင်ငံရေးပါတီတွေက အမည်စာရင်း တင်သွင်းလေ့ရှိပါတယ်။
In some states, the names of the electors appear on the ballot, below the names of the candidates.
အချို့ပြည်နယ်တွေမှာတော့ မဲပေးရွေးချယ်ရာတွင် သမ္မတလောင်းအမည်နှင့်အတူ ရွေးချယ်ရေးအဖွဲ့ဝင်အမည်ကို တွဲဖက်ဖော်ပြထားတတ်ပါတယ်။
The number of electors in each state equals the number or representatives and senators that the state has in Congress.
ပြည်နယ်တစ်ခုချင်းအတွက် သမ္မတရွေးချယ်ရေးအဖွဲ့ဝင် အရေအတွက်ဟာ သက်ဆိုင်ရာပြည်နယ်အလိုက် Congress လွှတ်တော်မှာ ရှိတဲ့ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ်အရေအတွက်နဲ့ တူညီပါတယ်။
This depends on population.
သမ္မတရွေးချယ်ရေးအဖွဲ့ဝင် အရေအတွက်ဟာ လူဦးရေအပေါ်မှာ မှီတည်နေပါတယ်။
So, states with more people have more electoral votes.
ဒါကြောင့် လူဦးရေများတဲ့ ပြည်နယ်တွေမှာ သမ္မတရွေးချယ်ရေးအဖွဲ့ဝင် အရေအတွက် ပိုများပါတယ်။
California has the most-fifty-five.
ကာလီဖိုးနီးယားပြည်နယ်မှာဆိုရင် ၅၅-ယောက်အထိ ရှိပါတယ်။
In all, there are 538 votes in the Electoral College.
အမေရိကန်တစ်နိုင်ငံလုံးအတွက် သမ္မတရွေးချယ်ရေးအဖွဲ့ဝင် ၅၃၈-ဦး ရွေးချယ်ရပါတယ်။
To become president, a candidate must win more than half, or at least 270.
သမ္မတလောင်းတစ်ဦးဟာ သမ္မတဖြစ်ဖို့ဆိုရင် သမ္မတရွေးချယ်ရေးအဖွဲ့မှ ထက်ဝက်ကျော်သော မဲအရေအတွက် သို့မဟုတ် အနည်းဆုံး မဲအရေအတွက် ၂၇၀ အနည်းဆုံး ရရှိရမှာ ဖြစ်ပါတယ်။
If there is a tie, the election would be decided in the House of Representatives.
အကယ်၍ ဆန္ဒမဲတူညီနေလျှင်၊ သမ္မတရွေးကောက်ပွဲအဆုံးအဖြတ်ကို အောက်လွှတ်တော် (the House of Representatives) မှာ အဆုံးအဖြတ်ခံယူရမှာ ဖြစ်ပါတယ်။
In general, the candidate with the most popular votes in a state wins all the electoral votes in that state.
ယေဘူယျအားဖြင့် ပြည်နယ်အလိုက် လူကြိုက်များမဲ (Popular Vote) အများဆုံးရရှိသူ သမ္မတလောင်းများသာလျှင် သမ္မတရွေးချယ်ရေးအဖွဲ့မှာလည်း မဲအားလုံးရရှိလေ့ရှိပါတယ်။
Two of the fifty states, Maine and Nebraska, no longer have a winner-takes-all system.
အမေရိကန်ပြည်နယ်အားလုံးအနက် မိန်း (Maine) နှင့် နီဘရားစကား (Nebraska) ပြည်နယ်နှစ်ခုမှာတော့ အနိုင်ရသူ အကုန်ယူစတမ်းစနစ် မရှိတော့ပါဘူး။
And on Election Day, November 2, voters in Colorado will consider a ballot measure that proposes a similar change.
အလားတူ ပြောင်းလဲဖို့ ကော်လိုရာဒို (Colorado) ပြည်နယ်မှာလည်း (၂၀၀၄) နိုဝင်ဘာ ၂-ရက်နေ့မှာ ဆန္ဒခံယူပွဲလုပ်ပါလိမ့်မယ်။
Their nine electoral votes would be divided by the share of the popular vote that each candidate receives.
သူတို့ရဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင် ၉-နေရာအတွက် သမ္မတလောင်းတစ်ဦးချင်းအတွက် လူကြိုက်များမဲ (Popular Vote) ရရှိမှုအပေါ်မူတည်ပြီး ခွဲဝေကြပါလိမ့်မယ်။
The proposal calls for the change to take effect immediately.
အဆိုပြုသူများက အပြောင်းအလဲကို ချက်ချင်းအကျိုးသက်ရောက်စေဖို့ တောင်းဆိုကြပါတယ်။
No federal law requires electors to vote for the candidate who won the most votes in their state.
သက်ဆိုင်ရာ ပြည်နယ်အလိုက် ဆန္ဒမဲ အများဆုံး ရရှိသူတွေကို သမ္မတရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ရမည်ဟူသော ဖက်ဒရယ် ဥပဒေသတ်မှတ်ချက် မရှိပါဘူး။
Some states, however, do have such laws.
သို့သော်လည်း ပြည်နယ်အချို့ကတော့ ၎င်းဥပဒေမျိုး ပြဋ္ဌာန်းထားကြပါတယ်။
Usually, the candidate who wins in the popular vote nation-wide also wins in the Electoral College, but not always.
အများအားဖြင့် တစ်နိုင်ငံလုံးမှာ လူကြိုက်များမဲ (Popular Vote) အများဆုံး ရရှိတဲ့ သမ္မတလောင်းတွေဟာ သမ္မတရွေးချယ်ရေးအဖွဲ့မှာလည်း အနိုင်ရရှိပါတယ်။ အမြဲတမ်းတော့လည်း မဟုတ်ဘူးပေါ့။
In two thousand, for example, AL Gore received half a million more votes than George W. Bush.
ဥပမာ သက္ကရာဇ် ၂၀၀၀-ခုနှစ်မှာ (Republican Party သမ္မတလောင်း) George W. Bush ထက် (Democratic Party သမ္မတလောင်း) AL Gore က ဆန္ဒမဲ သန်းဝက်လောက် (အတိအကျဆိုရင် 543,895 မဲ)အသာရခဲ့ပါတယ်။
But Mister Bush won the electoral vote when the Supreme Court ruled, five to four, to halt a recount of the ballots in Florida.
ဒါပေမယ့် ဖလော်ရီဒါပြည်နယ်ရဲ့ ဆန္ဒမဲ ပြန်လည်ရေတွက်မှုကို ရပ်တန့်ရန် တရားလွှတ်တော်ချုပ်က ၅-မဲ ၄-မဲ နဲ့ မဲခွဲဆုံးဖြတ်လိုက်တဲ့အခါမှာ Mr. Bush ကို အနိုင်ပေးလိုက်ရပါတယ်။
The state was decided by five hundred thirty–seven votes.
(သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ ဆန္ဒမဲ) ၅၃၇-မဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။
[George Walker Bush က 271 ရရှိပြီး၊ Albert Arnold Gore Jr. က 266 ရရှိခဲ့ပါတယ်။]
Critics of the Electoral College system call it undemocratic, difficult to understand and dangerous to the political system.
သမ္မတရွေးချယ်ရေးအဖွဲ့နဲ့ ရွေးချယ်တဲ့စနစ်ဟာ ဒီမိုကရေစီမဆန်ဘူး၊ အလွယ်တကူ နားလည်ဖို့ ခက်ခဲတယ်၊ နိုင်ငံရေးစနစ်အတွက် အန္တရာယ်ရှိတယ်လို့ ဝေဖန်ကြပါတယ်။
Supporters say it helps to guarantee the rights of states with small populations.
ထောက်ခံသူတွေကတော့ ဒီစနစ်ဟာ လူဦးရေနည်းတဲ့ ပြည်နယ်တွေရဲ့ အခွင့်အရေးအတွက် အာမခံချက်ရှိတယ်လို့ ပြောကြပါတယ်။
They say it also requires candidates to reach out to many states, not just those with large populations.
ဒီစနစ်အရ သမ္မတလောင်းတွေဟာ လူဦးရေများတဲ့ ပြည်နယ်တွေသာမက ပြည်နယ်အများစုကို သွားရောက် မဲဆွယ်ဖို့လည်း လိုအပ်စေတယ်လို့ သူတို့က ပြောကြပါတယ်။
There have been hundreds of proposals in Congress to end or reform the Electoral College.
သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College) နဲ့ ရွေးချယ်တဲ့စနစ်ကို အဆုံးသတ်ဖို့ ဒါမှမဟုတ် ပြုပြင်ပြောင်လဲဖို့ Congress လွှတ်တော်မှာ ရာပေါင်းများစွာသော အကြံပြုချက်တွေ ရရှိခဲ့ပါတယ်။
But amending the Constitution is a difficult process.
ဒါပေမယ့် အခြေခံဥပဒေ ပြင်ဆင်မှုကတော့ ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
In any case, this year the election of the president and vice president will not take place, officially, until December 13.
ဘယ်လိုဖြစ်ဖြစ် ဒီနှစ် (၂၀၀၄) မှာတော့ သမ္မတနှင့် ဒုသမ္မတ ရွေးကောက်ပွဲတွေ ဒီဇင်ဘာ ၁၃-ရက်နေ့အထိ ကျင်းပလိမ့်မယ် မဟုတ်ပါဘူး။
That is the day for electors in each state and the District of Columbia to meet to choose America's leaders for the next four years.
အဲဒီနေ့ကတော့ လာမည့် လေးနှစ်တာကာလအတွက် အမေရိကန်နိုင်ငံကို ဦးဆောင်မည့်သူကို ရွေးချယ်ရန် ပြည်နယ်အသီးသီးနှင့် District of Columbia မှ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်တွေ တွေ့ဆုံကြမယ့်နေ့ ဖြစ်ပါတယ်။
[American Mosaic, 2004 November, p-25]
Htoon Aung Kyaw

Comments
Post a Comment