သံသယရှိလိုက်ပါ
ပွင့်လင်းရာသီရောက်ပြီဆိုတော့ …
အိမ်တွေဆောက်ကြပြီ ... မိုးတွင်းတုန်းက
လုံးချင်း ၂ ထပ် - ၃ ထပ်လေးတွေ လုပ်ပေးဖြစ်တယ် ..
ကိုယ့်အဖွဲ့တွေလုပ်ပေးထားတဲ့ Design လေးတွေ
မြေပြင်မှာ အကောင်အထည်ဖော်ပြီ ..
ပုံမှန်က ၃ ထပ်ကျော်မှ Design တွက်ရတာ
မဟုတ်ဘူးလားလို့ သံသယမရှိပါနဲ့ ...
၃ ထပ်ကျော်မှ Design လုပ်ရတာ၊ စည်ပင်တင်ဖို့
Design လုပ်ရတာ မဟုတ်ကြောင်း ရှင်းပြ ပေးပါ ..
မလိုအပ်တဲ့နေရာမှာ ပိုမကုန်ချင်ရင် ..
Design တွက်ကို တွက်ရလိ့မ်မယ် ..
(ကြီးရင်ခိုင်တဲ့ ကြီးခိုင်ဒီဇိ်ုင်း မဟုတ်)
ဥပမာ - Project တစ်ခုမှာ
Square Column တွေချည်းသုံးထားပြီဆိုရင်
Design မတွက်ထားဘူးလို့ သံသယရှိလိုက်ပါ
C12’’x12’’ (144 in2) နဲ့ C10’’x14’’
(140 in2) ဟာ Area ချင်းသိပ်မကွာပါဘူး။
Concrete , Formwork, Rebar အတွက်
ကုန်ကျစရိတ်မကွာသွားဘူးလို့ ယူဆပါမယ်။
ဒါပေမယ့် shape မတူတဲ့ Square Column နဲ့
Rectangular Column ရဲ့ shape မတူလို့
Structure Performance ချင်းကွာပါတယ်။
ဘယ်လိုအနေအထားမှာ
ဘယ် shape သုံးသင့်သလဲ .. လို့ မေးရင် ..
အိမ်ရှင်များအနေနဲ့ ခန်းဖွဲ့ Span ၂ ခုကို နှိုင်းယှဉ်ကြည့်ပါ ..
L = B ဖြစ်ခဲ့ရင်
(ဥပမာ - ၁၂ ပေပတ်လည်ခန်းဖွဲ့မှာ)
Moment control မဖြစ်လောက်တာမို့ Square Column သုံးပါတယ်။
ဒါပေမယ့် အခန်းတိုင်းဟာ ၁၂ ပေမှ မဟုတ်ပဲ။ ဧည့်ခန်းက ပိုကျယ်မယ်။ အိပ်ခန်းက သူ့ထက်ကျဉ်းမယ်။ နားမလည်နိုင်မှာစိုးလို့ Unequal Loading ကိစ္စကိုထည့်မပြောပါ။
တကယ်လို့ L > 2B ဖြစ်ခဲ့ရင်
( ဥပမာ - 10’x20’ အခန်းမှာ) Moment က ၀င်လာမှာမို့
Rectangular Column သုံးပါတယ်။
Rectgular Column သုံးခြင်းဖြင့် ..
Moment of Inertia ကိုတဖက်မှာပိုများစေတယ်
နောက်အားသာချက်တစ်ခုက Rebar တွေကို N.A ကနေ ဝေးအောင် (Resisting Moment) ပိုများအောင် Arrangement လုပ်လို့ရတယ်။
အဲ့ဒီလိုနေရာမှာ Square Column သုံးထားရင်
Design မတွက်ထားဘူးလို့သံသယရှိလိုက်ပါ။
Archi အရ အခန်းထဲကို Column Orientation လှည့်ဖို့ limit ဖြစ်လာရင်တော့ Square ပဲသုံးရပါမယ်။ ဒီမှာ Rebar Pattern ကို အဓိက ကစားရပါမယ်။ ဒါကို လက်ခံပါတယ်။
ဥပမာ - C12x12 မှာ 16mm - ၈ လုံးထည့်မယ်ဆိုပါတော့ .. Resisting Moment များဖို့လိုအပ်တဲ့ဖက်မှာ ပိုထည့်ရပါမယ်။ ဒီမှာ 16mm - ၈လုံးကို symmetric ဖြစ်အောင် ထည့်ထားရင်တော့ Optimum Design မတွက်ထားဘူးလို့ သံသယရှိလိုက်ပါ …
အဲ့ဒီလိုပဲ ဘယ်နှထပ်တိုက်ဖြစ်ဖြစ်
Footing တွေကို Size အတူတူပေးရင်တော့ ...
Design မတွက်ထားဘူးလို့ သံသယရှိလိုက်ပါ
အမြဲတမ်း တူရမယ်/ မတူရဘူးတော့
Structure Design မှာ .. မရှိပါဘူး
Function အရ .. Workability အရ
Size တူရရင်တော့ တမျိုးပေါ့လေ။
ဘာလို့ ဒီလိုထားတာလဲလို့မေးလိုက်တဲ့အခါ
Reasonable Answer တစ်ခုခု မပေးနိုင်ခဲ့ရင်
Engineer မဟုတ်ဘူးလို့ သံသယရှိလိုက်ပါ …
Engineer ပါတယ်ဆိုတာ ...
နံပါတ်(၁) Safe ဖြစ်ဖို့ တစ်ခုထဲမဟုတ်ဘူး
နံပါတ်(၂) Economic ဖြစ်ရမယ် .. ဒါက
ဟိုဟာ ဒီဟာ လျှော့ခိုင်းတာမဟုတ်ဘူး ..
C12x12 နဲ့ C10x14 မှာ ဘယ်ဟာကို
ဘယ်နေရာမှာ သုံးသင့်လဲ သိရမယ် ..
အခန်းဖွဲ့တွေ မတူပါပဲနဲ့ … အားလုံးကို
၁ ပေ ပတ်လည်တိုင်နဲ့ လုပ်ထားပြီး
Steel Pattern ကအစတူရင်ဘာလို့လဲ။
အလွယ်ဆုံးပြောရရင်
လူ့ခန္ဓာကိ်ုယ်မှာတောင် .. သူ့နေရာနဲ့သူပဲ ..
၃၄ .. ၂၄ .. ၃၆ .. အလှအပအရပ်အမြင့်က
၅ ပေခြောက်ဆို လှတာသံသယမရှိဘူးမလား။
၂၄ .. ၂၄ .. ၂၄ .. ဆိုရင် un-designed ဖြစ်နေပြီ
၃၄ .. ၃၄ .. ၃၄ .. ဆိုရင် စည်ပိုင်းဖြစ်နေပြီ ..
ဘယ်နေရာမှာ ဘယ် size ရှိသင့်လဲဆိုတာ
Civil Engineer/ Designer ပဲသိမယ် ..
Moment ဆိုတာကို နားလည်မှ သိမယ် ..
Just one moment .. ခဏလေးစောင့် ..
P x e ဆိုရင် First Moment ရမယ် ..
P x delta ဆိုရင် Second Moment ရမယ် ..
အဲ့ဒီ moment တွေကငြိမ်နေတာမဟုတ်ဘူး
Lateral Combination (၂၆) ခုစဉ်းစားရင်
မတူညီတဲ့ Moment ၂၆ မျိုးထွက်တယ် ..
Mode Shape (၃) ခုစဉ်းစားရင် နောက်ထပ်
၃ မျိုးထွက်မယ် .. အဲ့ဒါကို ခုခံဖို့
Building geometry နဲ့EI – value မှန်ရမယ် ..
E နဲ့ I ကို သိဖို့ RC, Steel, Masonry,
Timber, Mechanics .. ဘာသာရပ်တွေ
ကျောင်းမှာ ၅ နှစ်လေ့လာခဲ့ ကြရတယ် ..
EI ကို ကစားတတ်ဖို့နဲ့ … မျက်လုံးထဲ
မြင်တတ်ဖို့ကျတော့ .. လုပ်ငန်းခွင်မှာ
၃ နှစ်လောက် ဆက်လေ့လာရတယ်။
ဒါတောင် Moment ဆိုတာ လည်နေတုန်းပဲ။
Life is moment ... ဘ၀ဟာ တခဏပဲ ..
အဲ့ဒီ တခဏဟာ တဘ၀ပဲ ..
တစ်ဘ၀လုံး Moment လည်နေမယ့် ..
အင်ဂျင်နီယာတွေကို ဉာဏ်ပညာခပေးရတ
အိမ်ရှင်တွေအတွက်မလိုအပ်တဲ့ နေရာမှာ
ပိုမကုန်ရလို့အလကားမဖြစ်ဘူးဆိုတာရယ် .
အင်ဂျင်နီယာပညာရပ်က သာမန်လူမဟုတ်ဘူး
အင်ဂျင်နီယာအချင်းချင်းတောင် နားလည်ဖို့
ခက်တယ်ဆိုတာတော့ သံသယမရှိပါနဲ့ ...
အောင်မြတ်သူ
Comments
Post a Comment