ကျတော်နှင့် Etabs အပိုင်း (၃)


Beam size & Col Sizes များခန့်မှန်းခြင်း

ကျွန်တော်အပါအဝင် Beginner အများစု မလုပ်တတ်တာက ဆိုဒ်တွေခန့်မှန်းတာပါ ။

Run လိုက်တယ် နီနေတယ် ကောက်ချိန်းလိုက်တယ် ok သွားတယ် ရပြီပေါ့ ~~~ အဲ့လိုလည်း မဟုတ်သေးဘူး

ပထမဆုံး ကျတော်တို့ အပြင်မှာ သုံးနေတဲ့ sizes တွေကို သိရပါမယ် ။ ကျတော်ကြိုက်တဲ့ ဆိုဒ်တွေရွေးလိုက်မယ်

........

Beam - 9 x 12 , 9 x 15 , 12 x 18 , 12 x 20 , 12 x 22
14 x 18 , 14 x 20 , 6 x 10

ရှေ့က width နောက်က depth
(ပြောင်းပြန်မရေးပါနဲ့)

Col     - 9 x 9  , 12 x 12 , 15 x 15

slab - 4 inch , 5 inch

............

ပထမဆုံး အဆောက်ဦးကို x-direction နဲ့ y-direction ခွဲပါ

x - direction တလျှောက် မှာ 9 x 12 ထည့်ထားတယ်

span တခုက မ ok ဘူးဆိုရင် အဲ့တနေရာဘဲ ပြောင်းဖို့မကြိုးစားပါနဲ့

9 x 15 ဘဲ တလျှောက်လုံးချိန်းပြီး Run ကြည့်ပါ

အပြင်မှာ ဆိုဒ်အမျိုးမျိုးပြောင်းနေတာက formwork  ဆင်ရတဲ့လူ ဒုက္ခရောက်တယ် အမြင်အရလည်း မလှဘူး

Important Note

Shear Not Ok - depth ကြီး
Torsion Not Ok - width ကြီး
Bending Not Ok - depth ကြီး

Etabs မှာ ကျောင်းပုဒ်စာတွေရဲ့Hand Calculation တုန်းကလို တစ်လက်မ နှစ်လက်မ ကွက်ကြီးနေလို့မရပါဘူး ။ အပြင်မှာ လုပ်ဖို့ အဆင်ပြေတဲ့ထိ စဉ်းစားပြီးလုပ်ပေးရပါမယ်

Aung Hla Min Naing

Comments

Popular posts from this blog

မြန်မာ eBook များ

အမိုးဧရိယာ တွက်နည်း

ဘုရားသခင်ပြန်လာပြီလား ( Is God back ? )