Posts

Showing posts from October, 2019

|ဖြေဆည်ရာ

လူတော်တော်များများက အကြောင်း အကျိုးဆိုတာကို တစ်ဆက်တည်းဖြစ်တည်နေမှုအဖြစ် အပြောများ လက်ခံထားကြတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုပြီး နားလည်ကြတယ် ။ သေချာစဉ်းမှုမရှိပဲ ဘာသိဘာသာ လက်ခံထားကြတယ်လို့ ယူဆတဲ့အတွက် ဒီစာကို ရေးဖြစ်တာပါ။ တကယ်ပဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အကြောင်းကြောင့် အကျိုးဖြစ်နေသလား  စဉ်းစားကြည့်ရအောင်။ ရေဆာတယ် ဒါကြောင့် ရေသောက်တယ် ။ ရေဆာခြင်းသည် အကြောင်း ရေသောက်တာသည် အကျိုး ဒီလို ယူဆနိုင်စရာရှိတယ်။ ဒါပေတဲ့ ဒီ အဓိပ္ပါယ် ကို အခြေခံကျကျသေချာစစ်ထုတ်ရင် ထပ်ပြီး မေးခွန်းထုတ်စရာတွေရှိလာတယ်။ ရေဆာတယ် ဒါဟာအကြောင်းလို့ လက်ခံလို့ရတယ်။ ဒါပေမယ့် ရေဆာရင် ရေသောက်ရမှာလို့ သိတဲ့အသိဟာ အသိဉာဏ် ရဲ့ စေ့ဆော်မှုပဲ ။ ရေဆာလို့ ဖြစ်လာတဲ့ အကြောင်းရဲ့ အကျိုးမဟုတ်ဘူး ။ ဒီတော့ ရေသောက်တယ်ဆိုတဲ့ အကျိူးကို  ကိုယ်လိုချင်သလို ရွေးချယ်လို့ ရသလိုဖြစ်သွားတယ်။ ရှင်းအောင်ပြောရရင် ရေဆာတယ် ဒါကြောင့် ရေသောက်ရမယ်ဆိုတာမဟုတ်ဘူး။ ကိုယ့်ရဲ့ အသိဉာဏ်ကနေ နောက်တခုခုကို ရွေးချယ်လို့ရတယ်ဆိုတာ ပြနေတာပဲ ။ သို့ပေတဲ့ လက်တွေ့မှာက တခြားဆိုတာကို မရွေးချယ်ကြဘူး ။ ဘာလို့လဲ ။ အဖြေက ရှင်းရှင်းလေးပဲ ။  ကျွန်တော်တို့ရဲ့...

အပူသည်

အသစ်မဟုတ်ဘဲ နေရောင်နဲ့ပြန်သထားတဲ့ မနက်ခင်း တစ်ခုမှာပါ။ ကျွန်တော်အရူးအမူးဖြစ်နေတာကတော့ အိမ်မက်ထဲက... မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။ လေကလည်း တဟူးဟူးတိုက်နေရဲ့ နှလုံးသားပေါ်မှာ ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်က တစာစာအာနေလေရဲ့ ၊ အလွမ်းတွေ ဖွာလန်ကြဲလို့... မြင်မကောင်းအောင် ငိုထားတဲ့ တေးသွားလေးလိုပဲ သက်ဆင်းခဲ့၊ သိပ်တော့လည်း မဆန်းပါဘူးကွယ်တဲ့ တချွတ်ချွတ်မြည်နေတဲ့ သစ်ကိုင်းခြောက်က မာဂဓဘာသာစကားနဲ့ ကျွန်တော့်ကို ချွေးသိပ်ခဲ့တယ်။ ရေတံခွန်အောက်ဝင်လည်း အပိုပဲ။ နှလုံးသားတစ်ရပ်စာသာမြင့်တဲ့ မျှော်စင်တစ်ခုဆောက်ပြီး... ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်။ မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်ရဲ့။ ။ မောင်သိန်းဇော်

One-way and Two-way Slab

Image
တချို့က 1Way နဲ့ 2Ways Slab ဆိုတာ L/B ratio နဲ့ခွဲရမှန်းသိတယ် . . ဒါပေမယ့် L/B ရဲ့တကယ့်ဆိုလိုရင်းကို မသိကြဘူး တကယ်တော့ L/B ratio ဆိုတာ Slab ရဲ့ Shape က Rectangle လား Square လား သေချာသွားအောင်ခွဲခြားလိုက်တာပါ သချာင်္မှာက Geometry အရ . . L = B ဖြစ်မှ Square လို့သတ်မှတ်ပါတယ် ဒါပေမယ့် Structure မှာတော့ အလျားနဲ့အနံ မတူလဲ Square ဖြစ်တယ်လို့ယူဆပါတယ် ကဲ . . ဥပမာလေးနဲ့ကြည့်ရအောင်! L = 12, B = 10 ဆိုပါတော့ L/B = 1.2 1.2 < 2 ဖြစ်တဲ့အတွက် ဒီပုံကို Square လို့ပဲ ယူဆပါတယ် . . ဆိုလိုတာ အလျားက အနံထက် သိပ်မကြီး သိပ်မရှည်သွားသေးဘူးပေါ့ . . ဒါဆို သင်္ချာအရ 12'x10' ဆိုတာ Rectangle ဆိုပေမယ့် Structure အရတော့ Square တစ်ခုပါပဲ L = 10, B = 10, L/B = 1 < 2 (Square) ကိုတော့ ရှင်းပြစရာမလိုဘူးထင်ပါတယ် အဲ့ဒီတော့ L/B ratio ဆိုတာရဲ့ဆိုလိုရင်းက Square လား Rectangle လားလို့ခွဲတာပါပဲ Square ဖြစ်နေသရွေ့ 2-Ways slab Rectangle စဖြစ်ရင်တော့ 1-Way slab ပေါ့ ဒီမှာထပ်ပြောစရာရှိတာက တချို့က 1-Way slab နဲ့ 2-Ways slab ကိုသိတယ် သူတို့နှစ်ခုရဲ့နာမည်အရင်းကို မသိကြဘူး 1Way = 1-direct...

Electoral College ဆိုတာ

အမေရိကန် သမ္မတကို ပြည်သူကနေ တိုက်ရိုက်ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တယ်လို့ အချို့က ယူဆနေကြပါတယ်။ ဒါကြောင့် 2004 November လထုတ် American Mosaic Magazine မှာ Electoral College အကြောင်း ရေးထာတာကို ဖော်ပြလိုက်ပါတယ်။ - Electoral College သမ္မတရွေးချယ်ရေးအဖွဲ့ When Americans vote for president and vice president, their votes will not go to the candidates. အမေရိကန် သမ္မတနှင့် ဒုသမ္မတတွေကို ရွေးချယ်ရာမှာ တိုက်ရိုက် ဆန္ဒမဲပေးပြီး မရွေးချယ်ရပါဘူး။ Instead, Americans vote for electors to represent them in what is known as the Electoral College. အဲဒီအစား သမ္မတရွေးချယ်ရေးအဖွဲ့ (Electoral College) လို့ လူသိများတဲ့  တစ်ဆင့်ခံရွေးချယ်သူများကို သူတို့ကို ကိုယ်စားပြုရန် မဲဆန္ဒပေး ရွေးချယ်ပါတယ်။ The founders of the nation thought appointed representatives should make the choice. သမ္မတကို ရွေးချယ်ရန် တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်များမှ တစ်ဆင့် ရွေးချယ်တင်မြှောက်သင့်တယ်လို့ နိုင်ငံကို စတင်တည်ထောင်သူများက ယူဆခဲ့ကြတယ်။ They saw this as a compromise between having Congress elect a president a...

အမှား မှ အင်အားသို့

Image
ကျနော်တို့တတွေဟာ တစ်ခါတစ်ရံမှာ လမ်းပျောက်တတ်ကြတယ် ။ အမှားတွေ လုပ်တတ်ကြတယ် ။ ဦးတည်ချက်တွေ မှားယွင်း တတ်ကြတယ် ။ ကိုယ့်အမှားတွေကို မသိယောင်ဆောင် ကိုယ်ကိုတိုင်ဘဲ လိမ်ညာတတ်ကြတယ် ။ ဒါတင်မက တခြားသူတွေကိုလည်း လိမ်ညာတတ်ကြတယ် ။ ကျနော်တို့အားလုံး အမှားတွေလုပ်ဖူးကြတယ် ။ ဘ၀ရဲ့ ဖြစ်တည်မှုမှာ အမှားတွေဟာ အကြောင်းပြချက် တတစ်ခု ဖြစ်လာတယ် ။ ဒီတော့ အမှားတွေကို ဘယ်လိုပြင်ဆင်ကြမလဲ ။ အမှားတွေကို ပြင်ဆင်လို့မရပါဘူး ။ အဲ့ဒီအမှားတွေကနေ အားဖြစ်အောင်သာ ပြောင်းလဲလို့ ရပါတယ် ။ ကျနော်တို့ လျှောက်နေတဲ့လမ်းတွေ ပျောက်ဆုံးသွားတာ ၊ အမှားတွေ လုပ်မိတာဟာ ဘ၀ရဲ့ ဆုံးရှုံးခြင်းဆိုတဲ့  အဓိပ္ပါယ် မဟုတ်ပါဘူး ။ကျနော်တို့ လုပ်လိုက်တဲ့ အကြောင်းအရာတစ်ခုပေါ်မှာ တုံ့ပြန်တဲ့ တုံ့ပြန်မှု တစ်ခုသာ ဖြစ်ပါတယ် ။ ကျနော်တို့ဟာ ရှင်သန်စဉ်ကာလတစ်ခုရဲ့ တစ်နေရာရာမှာ အမှားတွေနဲ့ ကြုံခဲ့ဖူးကြတယ် ။ ထိတွေ့ဖူးကြတယ် ။ တချို့အမှားတွေဟာ ပြင်ဆင်လို့ မရဘူး ဆိုပြီး စိတ်ပျက်အားလျော့ဖူးကြတယ် ။ ဒါဟာ ကျနော်တို့ ရွေးချယ်မိတဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ် ။ မှားယွင်း မှု တစ်ခု မဟုတ်ပါဘူး ။ ဥပမာ - လူတစ်ယောက် တရားရင်ဆိုင်ရတဲ့အခါ သူ့လုပ်ရပ်အတွက် သူပဲ တာ၀န်ခံရတ...

လူမှုရေး ပဋိညာဉ် ( Social Contract )

Image
အစိုးရတွေ နဲ့ နိုင်ငံရေး အကြောင်းကို နက်နက်နဲနဲမလေ့လာခင် အရေးကြီးပြီး အခြေခံကျတဲ့ မေးခွန်းတစ်ခု မေးစရာရှိပါတယ်။ မေးခွန်းကတော့ ကျွန်တော်တို့တတွေ အစိုးရလိုအပ်ပါသလား ။ လိုအပ်တယ်ဆိုရင် ဘာကြောင့် အုပ်ချုပ်သူအစိုးရ လိုအပ်တာလဲ။ ဒီစာကို ဖတ်နေတယ်ဆိုရင် ခဏနားပြီး ရှေ့ကမေးခွန်းကို ကိုယ့်ဘာသာ ပြန်ဖြေကြည့်ပါ။  စာဖတ်သူအနေနဲ့ အစိုးရလိုအပ်တယ်လို့ ယူဆပါသလား။ ဘာကြောင့်ပါလဲ။ ဒါမှမဟုတ် မလိုအပ်ဘူးလို့ ယူဆိုပါသလား။ ဘာကြောင့်ပါလဲ။ ဆိုတော့ ဒီမေးခွန်းရဲ့ အဖြေကို အစိုးရတွေရှိခြင်း၊မရှိခြင်းရဲ့ အကောင်းနဲ့အဆိုး ကို အခြေခံပြီး စဉ်းစားကြည့်ရအောင်ပါ။ ပထမဆုံးအနေနဲ့ အစိုးရမရှိတဲ့ ကမ္ဘာမှာ ကျွန်တော်တို့ နေထိုင်တယ်လို့ ယူဆကြည့်ရအောင်ပါ။ ကျွန်တော်အပါအဝင်ပေါ့။ အစိုးရမရှိဘူးလို့ ကြားရတာနဲ့တင် သဘောကျစရာကောင်းသလိုပါပဲ။ အဲ့ဒီမှာ ကျွန်တော့်အတွက် အဆုံးမရှိတဲ့ အခွင့်အရေး ရပိုင်ခွင့်တွေရှိမယ်။ ကျွန်တော့် ရပိုင်ခွင့်တွေကို ဖယ်ရှားမယ့်သူတွေမရှိဘူး ။ ထိန်းချုပ်ကန့်သတ်မယ့်သူတွေမရှိဘူး။ ကိုယ်ပြောချင်တာကို ကိုယ်ပြောနိုင်တယ်။ ကိုယ်ကြိုက်တာကို ကိုယ်အလွတ်လပ်ဆုံးပြောနိုင်တယ်။ မလိုက်နာနိုင်လို့ ချိုးဖောက်ရမယ့် ဥပဒေတွေမရှိဘူး။ က...

Types of Foundation

Foundation ကို တွက်တဲ့အခါ မှာ ယေဘူယျအားဖြင့် 1.Dead Load 2.Live load 3.Wind load 4.Earthquake load 5.Uplift force တွေနဲ့ design လုပ်ရပါတယ်။ 🏗Foundation အမျိုးအစား အများကြီးထဲကမှ 1.Isolated or Single Footing 2.Combine Footing 3.Strip Footing 4.Mat Foundation 5.Pile Cap Foundation တို့က အသုံးများတဲ့Foundationတွေဖြစ်ပါတယ်။ ဘယ်Foundation ကိုသုံးသင့် လဲဆိုတာကတော့ Soil နဲ့ Loading ပေါ် မူတည်ပါတယ်။ 🏗Foundation Area ကိုတော့ Superstructure Loading နှင့် Soil Bearing Capacity ကိုယူပြီးတော့ တွက်ရပါတယ်။ Footing Depth ကိုတွက်တဲ့အခါမှာတော့ Two Way Punching Shear and One Way or Beam Shear ဆိုပြီးနှစ်မျိုးကိုစဉ်းစားပေးရပါတယ်။ Two Way Punching Shear ကတော့ Column Face ကနေ d/2 အကွားအဝေးမှာ Shear Stress ဖြစ်ပြီး၊ One Way or Beam Shear ကတော့ Column Face ကနေ d အကွာအဝေးတွေမှာ ကိုယ်သုံးထားတဲ့ Footing Depth က အဲ့ဒီအကွာအဝေးတွေမှာ ဖြစ်တဲ့ Shear ကို ခံနိုင်အောင် တွက်ပေးရပါတယ်။ #Selection_of_foundation_for_building ---------‐------------------------- 🏗တည်ဆောက်မယ့် အဆောက်အအုံအတွက် သင့်တော်တဲ့ ...

အာဏာကို လေ့လာခြင်း ရက်သတ္တပတ်

(ခရစ်ရှနာမူရတီ- ဘဝစာအုပ်) ဇန်နဝါရီလ ၁၅ ရက်နေ့ - ဖြိုခွဲရန် တည်ဆောက်ခြင်း လွတ်မြောက်ဖို့ အာဏာကို ဆန်းစစ်ရမယ်။ အာဏာရဲ့ ကြိုးဆွဲရာတွေကို တစ်ချောင်းစီ ဆွဲထုတ်နိုင် ရမယ်။ ဒီ ညစ်ညမ်းမှုကြီးကို တစ်စစီ ဆွဲဖြဲပစ်ရလိမ့်မယ်။ ဆိုတော့.. ဒါဟာ စွမ်းအင် လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အား လိုအပ်သလို စိတ်ပိုင်း ဆိုင်ရာ ခွန်အားလည်း လိုအပ်ပါတယ်။ သို့သော် စွမ်းအင် (ဝါ) ခွန်အားဟာ ဖျက်ဆီးခံထားရတယ်။ ဦးနှောက်တွင်း ပဋိပက္ခတွေမှာ အသုံးချခံ နေရ တယ်။ ဒီတော့ ပဋိပက္ခကို ထပ်နားလည် ရတော့မယ်။ ပဋိပက္ခနဲ့ ဝိဝါဒတွေကို သေချာ နားလည် လာတဲ့အခါ ကျမှ မသင့်မြတ်မှုတွေ ကျဆုံးလိမ့်မယ်။ ဒီတော့မှ အသုံးချခံထားရတဲ့ စွမ်းအင်တွေ နေရာ ရလာမယ်။ ဒီကနေ ရှေ့ထပ်ဆက်ရလိမ့်မယ်။ ရာစုနဲ့ ချီနေအောင် ကိုယ်တိုင် ခက်ခက်ခဲခဲ တည်ဆောက် လာခဲ့တဲ့ ဘာတစ်ခုမှ အဓိပ္ပာယ် မရှိသော အိမ်ခြံကို အင်နဲ့ အားနဲ့ စတင် ရိုက်ချိုးရလိမ့်မယ်။ အဲ့ဒါသည် ဖြိုခွဲဖို့ တည်ဆောက်ရခြင်း ဖြစ်တယ်။ ဟုတ်ပါတယ်။ ကျုပ်တို့ဟာ အိမ်ကို ဖြိုချရလိမ့်မယ်။ အိမ်ခြံဆိုတာမှာ အဆောက်အအုံ ပြောတာ မဟုတ်။ လူမှုဆက်ဆံရေးတွေကို ပြောနေတာ မဟုတ်။ စီးပွားရေး ယန္တယားကို ပြောနေတာမဟုတ်။ ဒီ အိမ်ခြံဟာ န...

မြန်မာ eBook များ

ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန် ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i Mr brain,facebook page စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/arnJ0mCBfQXPq ပါရဂူ https://yadi.sk/d/KP57Yo1FfQXPu ပီမိုးနင်း https://yadi.sk/d/0vl8nWw9fQXav ပုံပြင် စာအုပ်များ https://yadi.sk/d/fOBZgOdGfQXax ဖားအောက်တောရဆရာတော်တရားစာအုပ်များ https://yadi.sk/d/8K3-VrINiEvoW ဖိုးကျော့ https://yadi...

နားလည်မိသော သံသရာ

Image
တလောက ကံအကြောင်းကို ဇောက်ထိုး ဖြစ်အောင် ပြောပြီးပြီဆိုတော့ ခုတစ်ခါ အလှည့်ကျတာက သံသရာ။ သံသရာ ဆိုတာသည် ကျွန်တော့်အတွက်တော့ စက်ဝန်းတစ်ခုပဲ။ ဘယ်တုန်းကမှ အဖြောင့်အတိုင်း ဆွဲလာတဲ့ မျဉ်းကြောင်း တစ်ခု မဟုတ်ဘူး။ လူတွေက သံသရာကို စက်ဝန်းအားဖြင့် ပေါ့ပေါ့လေးပဲ နားလည်ထားကြပြီး မျဉ်းကြောင်းကဲ့သို့ အလေးအနက် ယူဆထားကြတယ်။ ဒီလိုမျိုး လူတွေ အနေနဲ့ မျဉ်းကြောင်းလို့ ယူဆထားတဲ့ အကြောင်း ဘယ်မှာ သိသာသလဲ ဆိုရင် သံသရာ အစကို လိုက်ရှာ လိုက်မေးနေကြတဲ့ လူတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ဟုတ်တယ် မှတ်လား။ ဆိုတော့ ဘယ်တုန်းကမှ သံသရာသည် မျဉ်းဖြောင့် တစ်ကြောင်းလို လက်ဆင့်ကမ်းလာတဲ့ သဘော မရှိဘူး။ သို့သော် ခြင်းလုံး ဆိုတဲ့ ကံလေးကို လူ တစ်ယောက်ကနေ တစ်ယောက် ခတ်ပြီး အပေးအယူ လုပ်နေတဲ့ ခြင်းဝိုင်း တစ်ဝိုင်းကဲ့သို့ သဘော သဘာဝ ရှိတယ်။ ဒါ မိမိ နားလည်တဲ့ သံသရာ။ ရှင်းရှင်းလေး ချိတ်ဆက်ပြရရင်.. အပင်ကနေ အောက်စီဂျင်ကို ထုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူရတာသည် မိမိရဲ့ ရှုထောင့်အရ အတိတ်ကံကြောင့် ဖြစ်လာရတဲ့ ရှင်သန်မှု ဖြစ်တယ်။ အခြားတစ်ဖက်မှာ လူကနေ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ပြန်ထုတ်ပေးရတာသည်လည...

လွတ်မြောက်ခြင်းရဲ့ ဟိုဖက်မှာ ဘာရှိသလဲ

အကြောက်တရားတွေကနေ လွတ်မြောက်သွားတဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ဟာ ဘာဖြစ်သွားသလဲ။ လွတ်မြောက်ခြင်းရဲ့ ဟိုဖက်မှာ ဘာရှိသလဲ။ ဒါမျိုး တွေးကြည့်ဖူးလား။ တွေးကြည့်ဖူး... စဉ်းစားဖူးရင် ဒီစာစုက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ဒီစုစည်းမှုက ခရစ်ရှနာမူရတီ ဟောခဲ့တဲ့ အကြောင်းအရာတွေကို စုပေါင်းပြီး သူ လုံးဝ မဟောခဲ့တဲ့ ခေါင်းစဉ်တစ်ခုကို ဖော်ထုတ်ပေးခြင်းသာ ဖြစ်ပါတယ်။ ခရစ်ရှနာမူရတီရဲ့ အလိုအရ ဆိုရင် ဘာသာရေး အသင်းအဖွဲ့တွေဟာ ဘာသာရေး သမားတွေ မဟုတ်။ တစ်နည်း ငြိမ်းချမ်းရေး သမား မဟုတ်။ သူ့အဆိုအရ ငြိမ်းချမ်းရေး သမား ဖြစ်ဖို့ အချက် ငါးချက် လိုအပ်တယ်။ intelligence ရယ် love ရယ် humility ရယ် diligence နဲ့ austerity ဆိုပြီးတော့ ဖြစ်ပါတယ်။ အောက်မှာ တစ်ချက်စီ အကြောင်းကို သူ့ဟောပြောချက် အကျယ် ဖြစ်ပါတယ်။ (intelligence - နိဂုံးချုပ်တတ်သည့် လူ့သဘာဝ ချုပ်ငြိမ်းသွားခြင်း) ဉာဏ်ရည်ဟာ 'ဘာဖြစ်တယ်' လို့ နိဂုံးချုပ်လိုက်တဲ့ တဒင်္ဂဟာ ဉာဏ်ရည်ရှိ လူသား တစ်ယောက်ရဲ့ နိဂုံးချုပ်ချိန် ဖြစ်တယ်။ နားလည်ထားရမှာသည် ဉာဏ်ရည် ဉာဏ်သွေး သမားဟာ ဘယ်တော့မှ နိဂုံး မချုပ်တတ်ဘူး။ အမြဲတစေ သင်ကြားနေတယ်။ အဓိပ္ပာယ် တစ်ခုအပေါ်မှာ ရောင့်ရဲ...

အင်ယာ အယူအဆများ ( ၂ )

Image
Floor plan drawings တွေ ဆွဲတာမှာ column grid lines တွေ ဆွဲကြပါ။ တစ်ချို့ drawings တွေမှာ မပါတာကို တွေ့ရပါတယ်။ Column grid lines တွေ ဆွဲရတဲ့ ရည်ရွယ်ချက်က structural အစိပ်အပိုင်းတွေ ဥပမာအားဖြင့် column beam slab တွေကို ရည်ညွန်းချင်တဲ့အချိန်မှာ identify လုပ်ချင်လို့ပါ။ Revit မှာ column grid lines တွေက auto ပါပါတယ်။ AutoCAD Architecture မှာ column grid lines ဆွဲတဲ့ command ပါပါတယ်။ AutoCAD မှာ မပါတာပါ။ အဲဒီအတွက် lisp file တွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီအတိုင်း ဆွဲလို့လဲ ရပါတယ်။ မခက်ပါဘူး။ ပိုပြီး customized တောင် ဖြစ်ပါသေးတယ်။ Column grid lines တွေကို ရိုးရိုး line နှင့်ပဲ ဆွဲပါ။ ဆွဲမယ့် အဆောက်အအုံထက် ပိုဆွဲရပါမယ်။ လိုအပ်သလို offset လုပ်ပါ။ grid lines တွေကို linetype နှင့် linetype scale ပြောင်းပါ။ linetype က center linetype ဖြစ်ပြီး linetype scale ကိုတော့ ပုံအရွယ်အစားအလိုက် ချိန်ပါ။ ပြီးရင် grid labels တွေ တပ်ပါ။ vertical ဒေါင်လိုက် အောက်ကနေ အပေါ်ကို A-Z ဖြစ်ပြီး horizontal အလျားလိုက် ဘယ်ကနေညာကို 1 2 3 4 … ဖြစ်ပါမယ်။ AutoCAD Menu > Express > Text > Enclose Text with Obj...

သံသယရှိလိုက်ပါ

ပွင့်လင်းရာသီရောက်ပြီဆိုတော့ … အိမ်တွေဆောက်ကြပြီ ... မိုးတွင်းတုန်းက လုံးချင်း ၂ ထပ် - ၃ ထပ်လေးတွေ လုပ်ပေးဖြစ်တယ် .. ကိုယ့်အဖွဲ့တွေလုပ်ပေးထားတဲ့ Design လေးတွေ  မြေပြင်မှာ အကောင်အထည်ဖော်ပြီ .. ပုံမှန်က ၃ ထပ်ကျော်မှ Design တွက်ရတာ မဟုတ်ဘူးလားလို့ သံသယမရှိပါနဲ့ ... ၃ ထပ်ကျော်မှ Design လုပ်ရတာ၊  စည်ပင်တင်ဖို့ Design လုပ်ရတာ မဟုတ်ကြောင်း ရှင်းပြ ပေးပါ .. မလိုအပ်တဲ့နေရာမှာ ပိုမကုန်ချင်ရင် .. Design တွက်ကို တွက်ရလိ့မ်မယ် .. (ကြီးရင်ခိုင်တဲ့ ကြီးခိုင်ဒီဇိ်ုင်း မဟုတ်) ဥပမာ - Project တစ်ခုမှာ Square Column တွေချည်းသုံးထားပြီဆိုရင် Design မတွက်ထားဘူးလို့ သံသယရှိလိုက်ပါ C12’’x12’’ (144 in2) နဲ့ C10’’x14’’ (140 in2) ဟာ Area ချင်းသိပ်မကွာပါဘူး။ Concrete , Formwork, Rebar အတွက် ကုန်ကျစရိတ်မကွာသွားဘူးလို့ ယူဆပါမယ်။ ဒါပေမယ့် shape မတူတဲ့ Square Column နဲ့ Rectangular Column ရဲ့ shape မတူလို့ Structure Performance ချင်းကွာပါတယ်။ ဘယ်လိုအနေအထားမှာ ဘယ် shape သုံးသင့်သလဲ .. လို့ မေးရင် .. အိမ်ရှင်များအနေနဲ့ ခန်းဖွဲ့ Span ၂ ခုကို နှိုင်းယှဉ်ကြည့်ပါ .. L = B ဖြစ်ခဲ့ရ...

အမိုးဧရိယာ တွက်နည်း

အမိုး အေရိယာ တွက်ချက်နည်း မသိသေးသည့် သူတွေအတွက် ေ့့လလာပါ။ အခြားသူ လေ့လာလို့ ရအောင် Shares ထားနော်။။ နောက်ထပ် Engineering Knowledges အမျာြး့ကီး ထပ်သင်မာမို့ ဒီ page ကို likes ထားနော် အမိုး အေရိယာ တွက်ချက်နည်း နဲ့ ပတ်သက် ပြီးမနေ့က commons တစ်ခုမှာတွေ့လို့ ပြန်မျှဝေပေးလိုက်သည်။ ပညာသင်ယူဆဲ အညီအကို များအတွက်တော့ ခုလေ့လာခုရမယ်တော့မဟုတ်ပါ ။ ကိုယ်က တစ်ခေါက်ဖက်ရုံနဲံ့ နာမလည်သေးရင် နှစ်ခေါက်သုံးခေါက်လောက်ပြန်ဖက်ပေးပါ။ အမိုး အေရိယာ တွက်ချက်ခြင်း Estimate တွေ စတွက် ခါစက ခေါင် မိုးဧရိယာ ကို ခက်ခက် ခဲခဲ စဉ်စားခဲ့ဖူးပါတယ်။ ခေါင်မိုး သိမှ မိုးမယ့် ဧရိယာအမိုးပြာ အရေအတွက် အမိုးရိုက်သံ လက်သမား အလုပ်သမား စတာတွေ ကို တွက်ချက်သိရှိနိုင်မှာဖြစ်ပါတယ်။ AutoCAD မှာ ခေါင်မိုး ကို 3D ဆွဲပြီး တကယ့်ကို inclined area ကို AREA command နှင့် တွက် ကြည့်ခဲ့ဖူး တယ် ။ အမှန်က အဲလောက်မလိုပါဘူး။ trigonometry နားလည်ရင် အမိုးမိုးမယ့် ဧရိယာ ကိုလွယ်လွယ် ကူကူ တွက်လို့ ရပါတယ်။ အဓိက ကတော့ ခေါင်မိုး ရဲ့ projection area ပါပဲ။ projection area ဆိုတာ က အမိုးအနား တွေ ရေးဆွဲထားတဲ့ မြေကြီး ပေါ်က အတိုင်း အတာဧရိယာပါ။ ရေပြင်ညီ ဧရိယာ ပေ...

Basement Construction

Basement Construction ဆိုတာနဲ့ Deep excavation ဆိုတာ တခါထဲ ထည့်စဉ်းစားဖို့ လိုပါတယ်။ Basement Construction အတွက်စဉ်းစားရမှာက ငါးမျိုးရှိပါတယ်။ အဲဒါတွေက (၁) Type of Basement (၂) Level of Basement (၃) Stratigraphy and Ground water table (၄) Earth Retaining System (၅) Ground Water Control (၁) Type of Basement သူက သုံးမျိုးရှိပါတယ်။ Drained Type,Tanked Type and Hybrid Type Drained Type ဆိုတာက Basement ထဲကို မြေအောက်ရေတွေကို စီးခွင့်ပြုတယ်။အဲဒါတွေကို Vertical Strip Drain တွေကနေတဆင့် perimeter drain တွေထဲကို ဝင်ရောက်စေပြီး pump နဲ့စုပ်ထုတ်ပါတယ်။ ဒီအတွက် စွန့်ပစ်မယ့်ရေကို ရေမြောင်းတွေထဲကနေတဆင့် မြစ်ထဲကို မစွန့်မီမှာ treatment လုပ်ပေးဖို့လိုအပ်ပါတယ်။ အဲဒီ treatment cost က basement floor area ပေါ်မူတည်ပြီးနှစ်စဉ်ကုန်ကျစရိတ်အလွန်များပါတယ်။ ဒီအတွက် client ကို အကုန်ခံနိုင်ရဲ့လား မေးရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ မြေအောက်ရေမျက်နှာပြင်ဟာ basement floor အောက် အလွန်နိမ့်တဲ့နေရာမှာရှိပြီး seasonal fluctuation ကြောင့်တက်လာမယ့်ရေဟာလည်း floor အောက်ခြေမှာပဲ ရှိနေမယ်ဆိုရင် drained des...

Civil တစ်ယောက် တတ်ထားရမည့် software များ

အဆင့် ** (အလွန့်အလွန်အင်မတန်အရေးကြီး ) ၁) microsoft excel ၂) autocad 2D အဆင့် ** (အရေးကြီး) ၁) microsoft word ၂) powerpoint ၃) google sketchup ၄) photoshop basic ၅) pagemaker အဆင့် **(အရေးမကြီးတကြီး) ၁) etabs & safe ၂) revit ၃) tekla ၄) ကွန်ပြူတာ window တင်၊ virus သတ်၊ သန့်ရှင်းရေးလုပ် စက်မလေးအောင်ထိန်းသိမ်း excel ကဘာလို့အရေးကြီးဆုံးလည်းဆိုရင် အလုပ်ဝင်ဝင်ချင်း ကျောင်းဆင်းစတစ်ယောက်အနေနဲ့ မင်းနေပူထဲသွားရင်သွား မသွားရင် ရုံးခန်းထဲဝင်ပြီး ကုန်ကျစရိတ်တွက်ပဲ ကျောင်းမှာ ဘာ grade တွေရခဲ့လည်း ငါတို့ စိတ်မဝင်စားဘူး တကယ်တော့ software သင်တယ်ဆိုတာ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ လိုက်လျောညီထွေဖြစ်နေမှ သင်သင့်ပါတယ် လူတိုင်းကတော့ ဟိုဟာလည်း လုပ်တတ်ချင် ဒီဟာလည်း လုပ်တတ်ချင် ဖြစ်နေတာ သဘာဝပါ ဒါပေမဲ့ ကိုယ်ကဘာလုပ်နေလည်းဆိုတာ မေ့လို့မရဘူး ကျတော်ကတော့ theory မဖတ်ဘဲ etabs တွေ လျောက်ကိုင်နေတာကို သဘောမကျဘူး revit ခေတ်စားနေတာမှန်တယ် တကယ်လည်း ပိုင်နိုင်တယ်ဆိုရင် တော်တော်လေး အလုပ်တွင်ပါတယ် ဒါပေမဲ့ တကယ်တန်းလက်တွေ့ကျတော့ တချို့နေရာလေးတွေမှာ modeling software တွေဟာ autocad 2D လို drawing သီ...

CIVIL တစ်ယောက်ကွန်ပြူတာတစ်လုံး ဘယ်လိုရွေး၀ယ်မလဲ

အကြောင်းရာ ၂ ပိုင်းခွဲပြီးပြောပါမယ်။ ပထမတစ်ပိုင်းက ဘာကြောင့် CIVIL တွေ ကွန်ပြူတာလိုရတာလည်းဆိုတာရယ် ဒုတိယတစ်ပိုင်းက ကွန်ပြူတာရွေးချယ်စရာအမျိုးစားတွေအကြောင်းပါ။ WHY CIVIL NEED COMPUTER ? ပထမဆုံးက စာစီဖို့ပါ။ ဟုတ်ပါတယ် ။ ကျတော်စာရေးရင် ဘယ်တုန်းကမှ ဖုန်းနဲ့မရိုက်ပါဘူး။ ကွန်ပြူတာနဲ့ပဲ စာရိုက်ပါတယ်။ TABLET နဲ့ရိုက်တယ်ပြောပြော တကယ်တန်း ကွန်ပြူတာနဲ့စာရိုက်တာလောက် ဘယ်ဟာမှအဆင်မပြေပါ။ ကျတော်က စာရေးနေတဲ့သူမို့လို့လိုမှာဘဲ ငါတို့ကျတော့မလိုဘူး လို့မတွေးပါနဲ့။ CIVIL ကျောင်းသားတွေဆိုရင် စတုထ္ထနှစ်မှာ Project လုပ်ရပါတယ်။ ဒီအတွက်စာစီရပါတယ်။ သူငယ်ချင်းတွေက ကွန်ပြူတာရှိအုံးတော့ ။ ကိုယ့်ဟာကိုယ်မဟုတ်ရင်အဆင်မပြေပါ။ ပထမနှစ်ကနေ တတိယနှစ်ထိက ဘာကွန်ပြူတာမှမလိုပါဘူး။ ဘာ autocad သင်တန်းမှလည်းတက်စရာမလိုဘူး။ ဒါပေမဲ့ 4 year ရောက်ပြီဆိုရင်တော့ စာစီစာရိုက်ဖို့အတွက် presentation လုပ်ဖို့အတွက် microsoft office တွေ ကျွမ်းကျင်ရပါတော့မယ်။ ဒါက ကျောင်းသားဘ၀ကနေစလိုက်တဲ့အခြေခံပါ။ အလုပ်ခွင်ထဲရောက်ပြီဆိုရင်လည်း သေချာပေါက် တောက်လျှောက်ကို ကွန်ပြူတာသုံးပြီးစာစီရပါပြီ။ Estimate တွက်တဲ့နေရာမှာပါပဲ excel သုံးပြီး sheet တွေအများ...